cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မြေပဲ ဥများများအုပြီး အထွက်တိုးစေရန် လိုက်နာရမည့်အရာများ

. Cultural Practices
မြေပဲတောင့် စတင်ကြီးထွားဖို့အတွက် အမှောင်ထုနဲ့ ကယ်လ်စီယမ်ဓာတ် လိုအပ်ပါတယ်။ ဒါ့ကြောင့် မြေပဲစိုက်ခင်း မြေပြင်တော့မယ်ဆိုရင် မစိုက်မီ တစ်လအလို မဖောက်ထုံး တစ်ဧက ပေါင် (၂၀၀-၃၀၀) ထည့်ပြီး ထယ်တိုး မြေပြင်ပြီး နှပ်ထားဖို့ လိုပါတယ်။
  • မြေပဲစိုက်ပျိုးတဲ့ နေရာတွေမှာ မြေပဲဥဆင်းနဲခြင်း၊ မြေပဲအပင်တွေ ကောင်းပြီး ဥအုတာ နည်းသောကြောင့် အထွက်နည်းခြင်းစတဲ့ ပြဿနာတွေကို တောင်သူတွေကြုံတွေ့နေရပါတယ်။ မြေပဲအထွက်ကောင်းစေရန် အသင့်တော်ဆုံးမြေအမျိုးအစားမှာ နုန်းမြေနဲ့နုန်းဆန်တဲ့မြေစေး ဖြစ်ပါ တယ်။ မိုးရေချိန် ၃၀၀-၄၀၀ မီလီမီတာ ရွာသွန်းတဲ့ ဒေသဆိုရင် အထွက်ပိုကောင်းတယ်။ မြေပဲမြစ်ဟာ မြေအစိုဓာတ်နည်းရင် မြေထဲကို နက်နက် ဆင်းလေ့ရှိတယ်။ ပင်ပြန့်မြေပဲဟာ အနက် ၂၈၀ စင်တီမီတာဆင်းနိုင်ပြီး ပင်ထောင် မြေပဲဟာ ၁၇၀ စင်တီမီတာ ဆင်းနိုင်ပါတယ်။  

    ပန်း ပွင့်ချိန်၊ အပင်ပိုင်း ကြီးထွားချိန်၊ အစေ့တည်ချိန်တို့မှာ မြေတွင်း အစိုဓာတ်ပြတ်ရင် ပန်းပွင့်မှု နည်းပြီး အထွက်ကျစေတယ်။ မြေပဲဟာ သာမန် အားဖြင့် ကြည့်ရင် အမြစ်က အုတယ်လို့ ထင်ရတယ်။ တကယ် တမ်းကြတော့ မြေပေါ်မှာ မြေပဲကိုင်း၊ ပင်စည် အဆစ်တွေကနေ ပန်းပွင့်တယ်။ ပန်းပွင့်ပြီး ဝတ်မှုန်ကူး သန္ဓေအောင်တယ်။ နောက်ပန်းပွင့်ရဲ့ ပွင့်တန်ထိပ်က ပန်းပွင့်ကြွေသွားတဲ့ ပွင့်တန်ထိပ် လေးဟာ အတန်လေးသဖွယ် ထိပ်ကလေးချွန်ပြီး မြေပဲစွယ်ဖြစ်လာတယ်။ အဲဒီစွယ်ဟာ နာရီပိုင်း အတွင်း အောက်စိုက်ပြီး မြေကြီးထဲကို တိုးဝင်တယ်။ မြေကြီးထဲကို ၁ ဒသမ ၅ စင်တီမီတာ တိုးဝင်ပြီး ပါက မြေပဲတောင့်စဖြစ်တယ်။ မြေပဲစွယ်ကလေး မြေကြီးထဲ လွယ်လွယ်တိုးဝင်နိုင်ဖို့မြေမွနေပြီး ထယ်ရေးကောင်းရမယ်။ မြေမာပြီး ထယ်ရေးမကောင်းရင် စွယ်လေးဟာ တိုးမဝင်နိုင်ဘဲ ကန်းသွားပြီး မြေပဲကောင်း မဖြစ်လာတော့ဘူး။ မြေပဲစွယ်ကနေ မြေပဲကောင်းဖြစ်ဖို့ အမှောင်ထုလိုအပ်တယ်။ မြေအစိုဓာတ် လုံလောက်စွာ ရဖို့လည်း လိုတယ်။ လိုအပ်တဲ့ အာဟာရလည်း ပြည့်စုံဖို့လိုတယ်။  

    မြေပဲသည် ၂၅-၃၀ ရက် သားတွင် ပန်းစပွင့်ပါတယ်။ ၆-၁၁ ပတ်အတွင်း အများဆုံး ပွင့်ပါတယ်။ မြေပဲပန်းဝတ်မှုန်များဟာ နံနက် ၃ နာရီမှ စတင်နိုး ကြားပြီး နံနက် ၅ နာရီမှ ၇ နာရီအတွင်း ဝတ်မှုန် ကူးတယ်။ သန္ဓေအောင်ပြီး မြေပဲစွယ် ဖြစ်တယ်။ မြေပဲ ပွင့်သမျှ အပွင့်များအနက် ၅၀-၇၀ ရာခိုင်နှုန်း သာ စွယ်ဖြစ်လာပါတယ်။ ပင်ပြန့်မြေပဲမှာ ၆၀-၈၀ ရာခိုင်နှုန်းသာ စွယ်ဖြစ်တယ်။ ဖြစ်လာသော စွယ်များထဲမှ ၇-၁၄ ရာခိုင်နှုန်းသာ မြေပဲတောင့်ဖြစ်လာတယ်။ ဖြစ်လာတဲ့ မြေပဲတောင့်များအနက် ၆၆% သာအတောင့်ဖြစ်တာ တွေ့ရတယ်။ ဒါ့ကြောင့် မြေပဲဟာ သူ့သဘာဝကိုက မြေပဲအတောင့်ရဖို့ အခွင့် အလမ်းနည်းတာကို တွေ့ရတယ်။ ဒါကြောင့် မြေပဲ အတောင့်များများရရှိစေဖို့ အခြေအနေတွေ ကို လူတို့က ဖန်တီးလုပ်ဆောင်စီမံပေးဖို့ လိုပါတယ်။  

    မြေပဲကို အစိုဓာတ်ရဖို့ ကနဦး စိုက်ချိန်မှန် အောင် ဂရုစိုက်ပြီး စိုက်ပျိုးရမယ်။ မြေပဲစိုက်ဖို့ ထယ်ရေးပြုပြင် တဲ့အခါမှာ ထယ်ရေးကို ညက်နေအောင် ပြုပြင်ဖို့လိုပါတယ်။ ထယ်ရေးမကောင်းရင် မြေပဲစွယ်များဟာ မြေတွင်းသို့ လွယ်လွယ်ထိုးဖောက်ပြီး မဆင်းနိုင်လျင် မြေပဲ မဥနိုင်ပါဘူး။ မြေပဲမျိုး ရွေးချယ်တဲ့အခါ ဥဆင်းအားကောင်းပြီး အတောင့်များတဲ့ အပင်ပေါက် ၈၅% ရာခိုင်နှုန်း မြေပဲမျိုး ရွေးချယ်သင့်တယ်။ မြေပဲစိုက်ပျိုးတဲ့ အခါမှာလည်း ပင်ကြားတန်းကြား မှန်ဖို့လိုတယ်။ ပင်ကြား တန်းကြား မမှန်ရင် မြေပဲ စွယ်ဆင်းမှုကို ထိခိုက်စေမယ်။ ပေါင်းမြက်ပြောင်အောင် ရှင်းပေးရမယ်။ ပေါင်းမြက် ထူနေရင် အပင်ကြပ်ပြီး စွယ်ဆင်းဖို့ အနှောင့်အယှက် ဖြစ်မယ်။  

    မြေပဲစိုက်ပျိုးရင် ဘောင်တင်ပေးခြင်းဟာ အရေးပါတယ်။ မြေပဲစွယ်မဆင်းမီ တစ်ပတ်အလိုမှာ ပေါင်းမြက်ရှင်းရင်း မြေပဲပင်ခြေကို မြေပဲ စွယ် အတွက် ဘောင်တင်ပေးဖို့လိုပါတယ်။ ထိုမှသာ မြေမွနေပြီး မြေတွင်း ကောင်းကောင်း ထိုးဆင်းနိုင်မှာ ဖြစ်ပါတယ်။ ဘောင်တင်တဲ့အခါ နောက်ထွက်တဲ့ အစွယ်တွေ အောင်မြင်ဖို့ ရည်ရွယ်ပြီး ဘောင်တင်ရင် ရှေ့က ထိုးဆင်းပြီးသား မြေစွယ်ထိခိုက်နိုင်တဲ့ အတွက် နောက်ကျဘောင်တင်တာကို ရှောင်သင့်ပါတယ်။ မြေပဲစွယ်ဟာ မြေတွင်းထိုးဝင်ပြီး လိုအပ်တဲ့ အနက်ရောက်ရင် ထိုးဝင်မှု ရပ်ဆိုင်းသွားပါတယ်။ စွယ်ထိပ်မှာ မြေပဲတောင့် စတင်ဖြစ်ပေါ်ပါတယ်။  

    မြေပဲတောင့် စတင်ကြီးထွားဖို့အတွက် အမှောင်ထုနဲ့ ကယ်လ်စီယမ်ဓာတ် လိုအပ်ပါတယ်။ ဒါ့ကြောင့် မြေပဲစိုက်ခင်း မြေပြင်တော့မယ်ဆိုရင် မစိုက်မီ တစ်လအလို မဖောက်ထုံး တစ်ဧက ပေါင် (၂၀၀-၃၀၀) ထည့်ပြီး ထယ်တိုး မြေပြင်ပြီး နှပ်ထားဖို့ လိုပါတယ်။ ထုံးဟာ အပင်ငယ်ကို လောင်တတ်လို့ မစိုက်မီ တစ်လအလို ကြိုတင်ထည့်ရပါမယ်။ စိုက်ပျိုးဖို့ မြေပြင်ချိန်မှာ ဂျစ်ပဆန် ကျောက်မှုန့် တစ်ဧက ပေါင် (၂၀၀) ထည့်ပေးဖို့ လိုပါတယ်။  

    အဓိကကတော့ မြေပဲစွယ်ဆင်းချိန်မှာ မြေတွင်းအစိုဓာတ် အလုံအလောက်ရှိဖို့ပါဘဲ။ မြေပဲစွယ်မချခင် တန်းကြားအတွင်း ပေါင်းမြက်ရှင်းတဲ့အချိန် ဂျစ်ကဆန် ကျောက်မှုန့်ကို တပါတည်း ထည့်ပေးရင် ပိုပြီး ထိရောက်တယ်လို့ ဆိုပါတယ်။ ဥအုနည်းနေတဲ့ မြေပဲခင်းကို ဥများများအုပြီး အထွက်တိုးစေရန် ဘယ်လိုဆောင်ရွက်ရမလဲ သိပြီလို့ ထင်ပါတယ်ဗျာ။  

    အောင်ဆန်း (စိုက်ပျိုးရေး) မှ ကိုးကားဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
21
comments
2
views
5029