ပဲခူးမြစ်ရေအခြေအနေ⚠️⚠️
- ⚠️ ပဲခူးမြစ်အထက်ပိုင်းနှင့်အောက်ပိုင်းဒေသတွေအတွက် - - ဇူလိုင် ၅/၆/၇/၈ နဲ့ ဇူလိုင် ၁၂/၁၅/၁၆/၁၇ ရက်တွေမှာမိုးရေချိန် ၂၄ နာရီအတွင်းလက်မဝက်အထက်မှ ၁ လက်မအထက်ဆက်လက်ရွာနေနိုင်ပြီး၊ မြစ်အထက်ပိုင်းမှ ရေစီးအဝင်များလာကာ၊ မြစ်အောက်ပိုင်းမှာရေတောင့်နေနိုင်ပါမယ်။ - ပဲခူးမြစ်အောက်ဘက် သနပ်ပင်/တာဝ မြို့တွေမှာ - - ⚠️ ဇူလိုင် ၅ ရက် ၃နာရီ ၃၀ မှ ဇူလိုင် ၈ ရက် ၃ နာရီ ၃၀ အထိ ၇၂ နာရီအတွင်း မိုးရေချိန် ၃.၆၈ လက်မ ရွာနိုင်တာကိုကြိုတင်ခန့်မှန်းတွေမှာ တွေ့ရတဲ့အတွက်၊ - လက်ရှိအချိန်မှာရေဝင်နေတဲ့ အနိမ့်ပိုင်းရပ်ကွက်များမှ ရေပြန်မကျနိုင်သေးပဲ ဆက်တိုးလာနိုင်ပါဦးမယ်။ - ⚠️ မိုး/ဇလက တင်ပေးနေတဲ့ ပဲခူးမြစ်ရေအခြေအနေက ဆက်တိုးနေ/တက်နေပြီး စိုးရိမ်ရေမှတ်ရောက်ရန်အတော်နီးကပ်နေပြီဖြစ်တာကြောင့် နောက်လာမဲ့ ၂၄ နာရီမှ ၄၈ နာရီအတွင်း ပဲခူးမြို့မှ ရေမဝင်သေးတဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာလဲ ရေစဝင်လာနိုင်/ရေတက်လာနိုင်ပါတယ်။ - Added: မိုး/ဇလ မြစ်ရေအခြေအနေ update link: https://www.facebook.com/dmhmoezalanaypyitaw/posts/pfbid02FQwPMGfrePdV6sxYM2GQYEg128mJK8dnTv2LJNzRuiDyvncfSapqhK8UkZK6AMA3l - (ဇူလိုင် ၅ ရက် နေ့လည် ၂ နာရီ) - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
