cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. Market Analysis
အခုတစ်ပတ်မှာတော့ မတ်ပဲက စျေးပြန်တက်လာပြီး တစ်တန်ကို သိန်း ၃၀ ကျော်အထိရှိလာပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကိုအရင်အပတ်က ၉၈၀၀၀ ကျပ်နီးပါးရှိလာပါတယ်။
  • (၃၀. ၆.၂၀၂၅ မှ ၄.၇. ၂၀၂၅)

    ပြောင်း နဲ့နှမ်းက ရိပ်ပြလာ။ စားတော်ပဲစျေးထပ်တက်လာသလို  မတ်ပဲနဲ့ ပဲစင်းငုံ စျေးပြန်တက်လာ။

    မတ်ပဲ

    အခုတစ်ပတ်မှာတော့ မတ်ပဲက စျေးပြန်တက်လာပြီး တစ်တန်ကို သိန်း ၃၀ ကျော်အထိရှိလာပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကိုအရင်အပတ်က ၉၈၀၀၀ ကျပ်နီးပါးရှိလာပါတယ်။ မတ်ပဲက စျေးတက်လာပေမယ့် အရောင်းအဝယ်အေးနေတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာအတွင်း  မတ်ပဲ FAQ တစ်တန်ကို ၂၉၈၇၀၀၀ ကျပ်မှ ၃၀၂၀၀၀၀ ကျပ်ရှိပြီး ရှိပါတယ်။ အရင်အပတ်ကတော့ မတ်ပဲ FAQ တစ်တန်ကို ၂၉၈၁၀၀၀ မှ ၃၀၁၀၀၀၀ ကျပ်အထိသာရှိခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ၆၀၀၀ မှ ၁၀၀၀၀ ကျပ်‌ ဈေးတက်လာတာဖြစ် ပါတယ်။

    ပဲစင်းငုံ

     ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးပြန်တက်လာပါတယ်။ ပဲလိုအပ်ချက်အရ ဝယ်လိုအားရှိလာလို့ စျေးတက်လာပေမယ့် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။

     ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၇၈၀၀၀ မှ ၂၈၄၅၀၀၀ ကျပ်အထိရှိလာပါတယ်။ အရင်တစ်ပတ်တုန်းက တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၇၄၂၀၀၀ ကျပ်မှ ၂၇၉၂၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်တန်ကို ၃၀၀၀၀ ကျော်မှ ၅၀၀၀၀ ကျော်အထိ တက်လာပါတယ်။

    ပြောင်း

    ပြောင်းကတော့ ပြည်တွင်းစျေးကွက်မှာ စျေးအနည်းငယ် ပြန်ကျဆင်းလာပါတယ်။ ကမ္ဘာ့ပြောင်းစျေးကွက်ကျဆင်းတာကြောင့် ပြည်တွင်းပြောင်းစျေးလည်းလိုက်ကျလာတာဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းမှာက ပြောင်းလက်ကျန်နည်းနေပြီး အရောင်း အဝယ်အေးနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းတစ်ပိဿာကို ၁၇၃၀ မှ ၁၇၅၀ ကျပ်သာရှိပါတယ်။ အရင်အပတ်ကထက် တစ်ပိဿာ ၂၀ ကျပ်နှုန်းကျဆင်းလာနေတာဖြစ်ပါတယ်။

    မန္တလေးမှာ ပြောင်း (ဗမာ) ၈၇၀၀၀ မှ ၈၈၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၉၀၀၀၀ မှ ၉၁၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၉၀၀၀၀ မှ ၉၀၀၀၀ ကျပ်ရှိပါတယ်။

    နှမ်း

    နှမ်းက ယခုဇူလိုင်လဆန်းပိုင်းမှာ အရောင်းအဝယ်သွက်လာပေမယ့် စျေးအနည်းငယ်ပြန်ကျတာ တွေ့ရပါတယ်။ နှမ်းနက်စမုန်နဲ့ နှမ်းဖြူဗမာက စျေးကျပြီး နှမ်းဖြူဂျပန်နဲ့ နှမ်းညိုက အရင်တစ်ပတ်က စျေးနဲ့ငြိမ်နေပါတယ်။ နှမ်းက အက်ဆစ်လွတ်ပြီး အရည်အသွေးကောင်းတဲ့နှမ်းတွေက ပိုပြီးအရောင်းအဝယ်ဖြစ်နေတာပါ။

    မန္တလေး ကုန်စည်ဒိုင် ဈေးကွက်မှာ နှမ်း နက် စမုန် ၄၅ပိဿာ တစ်အိတ်ကို ၇၂၅၀၀၀ မှ ၈၁၀၀၀၀ ကျပ် ရှိပြီး အရင်အပတ်ကထက် ၂၅၀၀၀ ကျပ်အကျပြပါတယ်။ နှမ်းဖြူဗမာက ၃၀၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၁၀၀၀၀ မှ ၃၀၀၀၀ ကျပ်ကျပါတယ်။ နှမ်းဖြူဂျပန်က ၃၇၅၀၀၀ မှ ၃၉၀၀၀၀ ကျပ် နဲ့ နှမ်းညို က ၃၀၅၀၀၀ မှ ၃၂၀၀၀၀ ကျပ်နဲ့ငြိမ်နေပါတယ်။

    စားတော်ပဲ

    စားတော်ပဲကတော့ အခုတစ်ပတ်မှာ စားတော်ပဲ (ကနေဒါ) ရောစားတော်ပဲ (ကျွန်း)ပါ စျေးတက်လာပါတယ်။စားတော်ပဲ(ကနေဒါ) နဲ့ စားတော်ပဲ (ကျွန်း ) အဝင်နည်းသလို စားတော်ပဲ (ကျွန်း) က စျေးကွက်ထဲ ဝင်ရောက်မှုနည်းပြီး   လက်လီသမား အဝယ်များခြင်း၊ လုပ်ငန်းသုံးသမားအဝယ်ရှိခြင်းကြောင့်  စျေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၄၁၀၀၀၀ ကျပ်မှ ၄၂၀၀၀၀ ကျပ်ရှိပြီး အရင်အပတ်ကထက် ၂၀၀၀၀ မှ ၃၀၀၀၀ ကျပ်တက်လာပါတယ်။ စားတော်ပဲ (ကျွန်း) က ၅၀၀၀၀၀ ကျပ်မှ ၅၂၅၀၀၀ ကျပ်ရှိလာပြီး အရင်တပတ်ကထက် ၁၅၀၀၀ ကျပ်တက်လာပါတယ်။

    (AMIA)

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
1
views
2994