cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဖလံတောင်ဝှေး နဲ့ ကျန်းမာရေး

. Health Articles
မိုးလေးကျလာပြီဆိုရင် ဖလံတောင်ဝှေးလေးတွေက အစို့လေးတွေထွက်လို့ အပြိုင်အဆိုင် ကြီးထွားလာကြပါပြီ။ မိုးအေးအေးမှ ဖလံတောင်ဝှေးကို ထုပြီး ပုစွန်ခြောက်လေးနဲ့ ဖြစ်ဖြစ် ပုစွန်ဆိတ်လေးနဲ့ဖြစ်ဖြစ် ကြော်စားတာက ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်ပေါ့။
  • ဖလံတောင်ဝှေး ကြော်ကို ထမင်းပူပူနဲ့ တွဲစားရတဲ့ မိုးတွင်းအရသာလေးက စားကောင်းရုံတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးအတွက် ဘယ်လိုများ အထောက်အကူပြုပေးလဲဆိုတာ ပြောပြပေးမယ်နော်။

    ဖလံတောင်ဝှေးဆိုတာ ဘာလဲ……..

    အစိမ်းရောင် အရိုးတံရှည်ရှည်လေးတွေရှိနေတဲ့ တစ်တောင်သာသာလှီးဖြတ်ထားတဲ့ ဖလံတောင်ဝှေးလေးတွေက မြန်မာလူမျိုးတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိပြီးသားဖြစ်မှာပါ။

    ဖလံတောင်ဝှေးက စားကောင်းတဲ့ ဟင်းတစ်ခွက်ဆိုတာထက် ဆေးဖက်ဝင် အပင်တစ်မျိုးဆိုရင် ပိုမှန်ပါမယ်။ ချက်ပြုတ်စားတဲ့ ပင်စည်တင်မကပဲ အမြစ်ကစလို့ ပွင့်လာမယ့် ပန်းအထိ အကုန်လုံးက ဆေးဖက်ဝင်ပါတယ်။

    ဖလံတောင်ဝှေးအမြစ်ကို သဘာဝ သန်ချဆေးအဖြစ် အသုံးပြုပေးလို့ရပါတယ်။ ဖလံတောင်ဝှေး အဆီကို ချောင်းဆိုးတာ၊ပန်းနာရင်ကြပ်နဲ့ လေထိုးလေအောင့်တာကို သက်သာစေနိုင်ပြီး ဝမ်းပျက်ဝမ်းလျှောတာကိုလည်း သက်သာစေနိုင်ပါတယ်။ အစာ​ကြေစေဖို့လည်း အထောက်အကူပြုပေးပါသေးတယ်။

    ဖလံတောင်ဝှေး ကပေးတဲ့ ကျန်းမာရေး

    ဖလံတောင်ဝှေးကို စားသုံးပေးတာက

    အစာခြေစနစ် ပြဿနာ ကင်းတယ်

    ဖလံတောင်ဝှေးမှာ အမျှင်ဓာတ်ပါဝင်တာ​ကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။ လေထိုးလေအောင့်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေအပြင် သန်မထအောင်ပါ အထောက်အပံ့ပေးပါတယ်။

    မှတ်ဉာဏ် ကောင်းစေတယ် 

    ဖလံတောင်ဝှေးကို ပျားရည်နဲ့ ရောစပ်ပြီး တစ်နေ့ကို ၂ ကြိမ်လောက် ပုံမှန် စားသုံးပေးမယ်ဆိုရင် ကာလတိုမှတ်ဉာဏ်ပျောက်တာ၊ ခဏခဏမေ့တာနဲ့ အသက်အရွယ်ကြောင့် ခံစားရနိုင်တဲ့ မှတ်ဉာဏ်ပြဿနာတွေကို ကာကွယ်ပေးနိုင်မှာပါ။ သားသားမီးမီးလေးတွေ ဉာဏ်ကောင်းစေဖို့အတွက်လည်း ကျွေးပေးလို့ရပါတယ်။

    သွေးတွင်းကိုလက်စထရော ကျစေတယ်

    ဖလံတောင်ဝှေးကို ကြက်သွန်ဖြူနဲ့ ရောစပ်ပြီး စားသုံးပေးမယ်ဆိုရင် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး သွေးကြောတွေထဲမှာ အဆီကင်းစေမှပြါ။ သွေးတွင်းအဆီနည်းတာက သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံး ကျန်းမာစေမှာပါ။

    ခံတွင်းအနံ့ဆိုး သက်သာစေတယ် 

    ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး သွားနဲ့ သွားဖုံး ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဘက်တီးရီးယား ကင်းတာ​ကြောင့် သွားနဲ့ ခံတွင်း ပြဿနာကင်းပြီး ခံတွင်းအနံ့ဆိုး ဖြစ်ပေါ်မှု ကင်းစေမှာပါ။

    နှာခေါင်းပိတ်တာ သက်သာစေတယ်

    အအေးမိတာ​ကြောင့် နှာစေးနှာပိတ်မယ်ဆိုရင် အိမ်တွင်းကုထုံး တစ်ရပ် အနေနဲ့ ဖလံတောင်ဝှေးကို အသုံးပြုပေးလို့ရပါတယ်။  ဖလံတောင်ဝှေးကို နှမ်းဆီ၊ ချင်း (ဂျင်း) တို့နဲ့ရောစပ်ပြီး စားပေးမယ်ဆိုရင် နှာစေးနှာပိတ်တာကို သက်သာစေမှာပါ။

    ပန်းနာရင်ကြပ် သက်သာစေတယ်

    ဖလံတောင်ဝှေးကို မီးနွေးနွေးလေးနဲ့ ပြုတ်ပြီးရလာတဲ့ ပြုတ်ရည်ကို သောက်သုံးပေးတာက ပန်းနာရင်ကြပ် ဖြစ်တာနဲ့ လေပြွန်ရောင်တာတွေကို သက်သာစေနိုင်ပါတယ်။

    အရေပြား ကျန်းမာစေတယ်

    ဖလံတောင်ဝှေးကို အခြောက်ခံပြီး ရေနဲ့ ခပ်ပျစ်ပျစ်လေး ဖျော်လို့ အရေပြားကို ပေါင်းတင်ပေးမယ်ဆိုရင် အသားအရေကို ကျန်းမာစေပြီး အသားအရောင် မညီတာ၊ ဝက်ခြံ နဲ့ နေလောင်ကွက်တွေကို သက်သာစေနိုင်ပါတယ်။

    -----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
8
comments
1
views
2169