cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သည်းခြေကျောက်အတွက် ကင်မလင်းရွက်

. Health Articles
ယခုလို ရာသီအချိန်အခါမှာ တောတောင်တွေနဲ့ အလှမ်းမဝေးတဲ့ ကျေးလက်တောရွာတွေမှာ နေထိုင်ကြတဲ့သူတွေအဖို့ ရှာဖွေစားသောက်လေ့ရှိတဲ့အပင်တွေကို ပြောပြပါဆိုရင် ကင်မလင်းရွက်လို့ လူသိများတဲ့ အချဉ်ရွက်တစ်မျိုးလည်း ပါလာမှာ မလွဲပါဘူး။
  • ကင်မလင်းရွက်/ ကပြင်းရွက်

    မြန်မာအမည် - ကင်မလင်း/ကင်ပလင်း

    အင်္ဂလိပ်အမည် - Bignay, Bignai

    သိပ္ပံအမည် - Antidesma bunius (L.) Spreng.

    မျိုးရင်း - Phyllanthaceae

    ယခုလို ရာသီအချိန်အခါမှာ တောတောင်တွေနဲ့ အလှမ်းမဝေးတဲ့ ကျေးလက်တောရွာတွေမှာ နေထိုင်ကြတဲ့သူတွေအဖို့ ရှာဖွေစားသောက်လေ့ရှိတဲ့အပင်တွေကို ပြောပြပါဆိုရင် ကင်မလင်းရွက်လို့ လူသိများတဲ့ အချဉ်ရွက်တမျိုးလည်း ပါလာမှာ မလွဲပါဘူး။

    ဆရာမတို့နယ်မှာတော့ ကင်မလင်းရွက်ကို ချဥ်ရည်ဟင်းချက်စားတာနဲ့ ပြုတ်ပြီးသုပ်စားလေ့ရှိကြပါတယ်။

    ကင်မလင်းရွက်သည် သည်းခြေမှကျောက်ကို သန့်စင်ပေးနိုင်စွမ်းရှိသည့် ဆေးဖက်၀င် အပင်တမျိုးဖြစ်သည်။

    ကျောက်ကပ်ကျောက်တည်းခြင်းနှင့် ဆီးအိမ်ကျောက်တည်ခြင်းတို့အတွက် သံမနိုင်ကျောက်မနိုင်အရွက်ကို စားသုံးခြင်းဖြင့် ကျောက်များကို ချေပစ်နိုင်သလို ကင်မလင်းရွက်ကို စားသုံးခြင်းဖြင့်လည်း သည်းခြေမှကျောက်ကို ဖယ်ရှားပေးနိုင်ပါသည်။

    ကင်မလင်းပင်ပုံစံ

    ကင်မလင်းရွက်သည် သပြေရွက်နှင့်တူ၍ အရောင်မှာ စိမ်းဝါရောနေသည်။ အစိမ်းရောင် ခပ်ဖျော့ဖျော့နှင့် အဝါရောင်သန်းနေသည်။ အရွက်၏အသားသည် နူးညံ့နေ၍ အရွက်ရင့်များသာလျှင် အနည်းငယ် ကြမ်းသည်။ မင်းကင်း၊ ရေဦး၊ ဒီပဲယင်း၊ ချင်းပြည်နယ်နှင့် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိသည်။

    ဆေးအဖြစ် အသုံးပြုပုံ

    ကင်မလင်းရွက် ခပ်သန့်သန့်ကို ချဉ်ရည်ချက်သောက်ခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ ရေနွေးဖျော၍ တို့စားခြင်း၊ အသား၊ ငါးတို့နှင့်အတူ ချက်စားခြင်း၊ အရွက်နုများကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်သုံးခြင်းများ ပြုလုပ်နိုင်သည်။

    သည်းခြေတွင် ကျောက်တည်နေသူများအပြင် ရောဂါမရှိသူများလည်း ဟင်းအဖြစ် ချက်ပြုတ်စားသုံးပေးပါက သည်းခြေကျောက်သည်ခြင်းမှ ကင်းဝေးစေသည်။

    ကျေးလက်ကသူတွေအတွက် စားစရာဟင်းရွက်သီးနှံတစ်မျိုးဖြစ်သလို ကင်မလင်းရွက်အနုတွေကို တချို့နယ်တွေမှာတော့ ပြုတ်ပြီး သုပ်စားကြပါတယ်။ တချို့လည်း အရွက်အစိမ်းကို ပုဇွန်ငပိနဲ့ ထောင်းစားကြပါတယ်။

    အရွက်နဲ့ အမြစ်တွေကို မြွေကိုက်ရာမှာကုသနိုင်ကြောင်းတွေ့ရှိရပြီး အရွက်ကိုTraumatic ရောဂါအတွက် အသုံးပြုကြောင်း သိရပါတယ်။

    သူ့ရဲ့ အခေါက်မှာ အယ်ကာလွိုက်(Alkaloid) အဆိပ်ဓာတ်ပေါင်းတမျိုး ပါရှိနေကြောင်းတွေ့ရပါတယ်။

    ဘွန်ဆိုင်းအပင်အဖြစ်လည်း စိုက်ပျိုးနိုင်ပါတယ်။ သူ့အခေါက်ကနေထွက်တဲ့ အမျှင်(Fibre) နဲ့ ဆားငံရည်ဒဏ်ခံနိုင်တဲ့ ကြိုး ပြုလုပ်နိုင်ကြောင်း သိရှိရပါတယ်။

    ကင်မလင်းပင်တွေက မြန်မာပြည်အနှံ့မှာ ပေါက်ရောက်နိုင်တာကြောင့် ဒေသအလိုက် အခေါ်အဝေါ်တွေလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ ဆရာမတို့ မင်းကင်းနယ်မှာတော့ ကပြင်းရွက်လို့ခေါ်ကြပါတယ်။ မတူတဲ့အခေါ်အဝေါ်တွေရှိရင် ဗဟုသုတရဖို့ ပြောပေးခဲ့နော်။

    Credit to original uploader

    -------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
3
comments
0
views
1385