cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မုန်တိုင်းတွေတွေ့ပြီး မြန်မာပြည်ဘက်ကို လာမှာလား? မေးနေကြသူများ ဖတ်စေလို

. Weather News
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေ၊ မြန်မာ့ကမ်းရိုးတန်းတွေ(ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်က ဒေသတွေမှာ မိုးသည်းထန်တာ၊ ၂၄ နာရီအတွင်းရွာသွန်းရရှိနိုင်မည့်မိုးရေချိန်များတာတွေ ဇူလိုင်လ လလယ်ပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နေပါဦးမယ်။
  • ၂၀၂၅ ခုနှစ်ရဲ့၊ မိုးဦးကာလနဲ့ မိုးလယ်ကာလအတွင်းမှာ -

    အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းက ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နဲ့အာရေဗျပင်လယ်တွေမှာ မုန်တိုင်းတလုံးမှ မဖြစ်သေးသော်လည်း၊ ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းက တောင်တရုတ်ပင်လယ်၊ ဖိလစ်ပိုင်ပင်လယ်နဲ့ ဂျပန်ပင်လယ်တွေဘက်မှာ မုန်တိုင်းတွေ စောစောစီးစီး အစီအရီဖြစ်လာတာတွေ့ရပါတယ်။ ပထမဆုံး အားကောင်းတဲ့အပူပိုင်းမုန်တိုင်း WUTIP ကြောင့် တရုတ်ပြည်မ(GUANGZHOU)မှာ ဆိုးရွားတဲ့ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။

    🔸 အနောက်တောင်မုတ်သုံလေရုတ်တရက်အားကောင်းလာပြီး၊ မုတ်သုံအဝင် ၉ ရက်ခန့်စောတဲ့ "MONSOON SURGE ဖြစ်စဉ်"က ဒီနှစ်ရဲ့ ထူးခြားတဲ့ရာသီဥတုဖြစ်စဉ်တခုအနေနဲ့ မှတ်သားရပါတယ်။

    မုန်တိုင်းတွေကိုတွေ့ပြီး မြန်မာပြည်ဘက်ကို လာမှာလား? လို့ မေးနေကြသူများအတွက်(မေးကြဦးမှာကိုကြိုသိနေလို့ပါ) မြေပုံထည့်ပေးထားပါတယ်။

    🔸 ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာမှ မုန်တိုင်းမဖြစ်သေးရင် မြန်မာပြည်ဘက်ကိုဦးတည်ရွေ့လျားပြီးဝင်နိုင်တဲ့ မုန်တိုင်းလဲ ၁ လုံးမှရှိမှာမဟုတ်ပါ။

    အဲ့ဒီအစား ဇူလိုင် ၆ ရက်နေ့မှာ တောင်တရုတ်ပင်လယ်က ဒီနှစ်ရဲ့ ပထမဆုံးတိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်တဲ့ DANAS သက်ရောက်မှုက အနောက်တောင်မုတ်သုံလေအားဆက်လက်ကောင်းနေစေမှာဖြစ်ပြီး -

    💦 ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေ၊ မြန်မာ့ကမ်းရိုးတန်းတွေ(ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်က ဒေသတွေမှာ မိုးသည်းထန်တာ၊ ၂၄ နာရီအတွင်းရွာသွန်းရရှိနိုင်မည့်မိုးရေချိန်များတာတွေ ဇူလိုင်လ လလယ်ပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နေပါဦးမယ်။

    ၄ ရက် ကြိုတင်ခန့်မှန်းချက်တွေကိုကြည့်ကြပါ - https://www.mmweather.org/divisional-cities-weather

    (ဇူလိုင်လ ၅ ရက် နေ့လည် ၁၂၀၀ နာရီ)

    reference post link: https://www.facebook.com/uwinnaing/posts/pfbid0QnohBn9fMbTHvXD78EfxWhkfm6DK47bjGdWBuyUj7fej7ydBqNwXaEJX2UiqEtFUl

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    ------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
9
comments
0
views
2140