cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဇူလိုင်လ ၇ ရက် မှ ဇူလိုင်လ ၁၃ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
လက်ရှိ တိုင်ထောင်ပဲနှင့် သခွားစိုက်တောင်သူများ ပျနှင့်ရွက်ဖောက်ကျိုင်း ဆိုးဆိုးရွားရွားကျရောက်နေသည်ကိုသိရသောကြောင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်နှင့်ဩရိဿပြည်နယ်တို့၏ကမ်းရိုးတန်း-ကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လျှက်ရှိကြောင်း၊ နောက်လာမည့် ၄၈ နာရီ မှ ၇၂ နာရီ(၂ ရက် ၃ ရက်အတွင်း)အနောက်-အနောက်မြောက်ဘက်သိုဆက်လက်ရွေ့လျားနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ဇူလိုင် ၆ ရက် နံနက် ၉ နာရီခွဲမှာထုတ်ပြန်ကြေညာပါတယ်။ 

    ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ နံနက်အစောပိုင်း၊ မွန်းလွဲ/ညနေပိုင်းနဲ့ ညအချိန်တွေ အပူချိန်ကျဆင်းပြီး ငွေ့ရည်ဖွဲ့အမှတ်နဲ့နီးစပ်ကိုက်ညီချိန်များရောက်တိုင်း အနောက်တောင်မုတ်သုံမိုးပုံမှန်ရွာသွန်းနေနိုင်ပြီး နေ့စဉ် ၂၄ နာရီမိုးရေချိန် ၁ လက်မ ခန့်သာရွာနိုင်ပြီး မိုးနည်းနေနိုင်ပါမယ်။ 

    ရန်ကုန်တိုင်းအတွင်း အနောက်-အနောက်တောင်ဘက်မှ လေတိုက်နှုန်း ၁ နာရီ ၅ မိုင်ခန့်မှ မိုင် ၂၀ခန့် ရှိနိုင်ပြီး လေပြင်းကျနိုင်သည့် အခြေအနေမရှိပါ။ 

    အမြင့်ဆုံးနေ့အပူချိန် ၃၄°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိကာ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% ရှိနိုင်တာကြောင့် ခံစားရတဲ့အပူချိန်(temperature feels like)က ညနေပိုင်းအချိန်များအတွင်းလေတိုက်နှုန်းကျဆင်းချိန်မှာ ၃၉°C အထိ ပူအိုက်နေနိုင်ပါမယ်။ 

    ရန်ကုန်တိုင်းရဲ့ အခုတစ်ပါတ်လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)အခြေအနေက နံနက်အရုဏ်တက်အချိန်တွေမှာ 30 ရှိနိုင်ပြီး ကျန်တဲ့အချိန်တွေမှာ 10 to 20 သာရှိနိုင်တာကြောင့် အန္တရာယ်ရှိတဲ့အဆင့်မှာမရှိပါ။ 

    လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ်(CO)ပါဝင်မှုပမာဏက ည ၉ နာရီနောက်ပိုင်းမှ နံနက်အစောပိုင်းအချိန်များအထိ သတိထားသင့်တဲ့ပမာဏ 200 ppbv ထက်ကျော်လွန်ပြီး 500 ppbv အထိရှိနေတာတွေ့ရပါတယ်၊ 

    အန္တရာယ်မြင့်မားတဲ့ ပါဝင်မှု 800 ppbv ထက်ကျော်လွန်ပြီးပါဝင်နေတာတော့ မတွေ့ရပါ။  

    *Concentrations of carbon monoxide are expressed in parts per billion by volume (ppbv). A concentration of 1 ppbv means that for every billion molecules of gas in the measured volume, one of them is a carbon monoxide molecule. 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်ထောင်ပဲနှင့်သခွားစိုက်တောင်သူများထံသို့

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    • လက်ရှိ တိုင်ထောင်ပဲနှင့် သခွားစိုက်တောင်သူများ ပျနှင့်ရွက်ဖောက်ကျိုင်း ဆိုးဆိုးရွားရွားကျရောက်နေသည်ကိုသိရသောကြောင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
    • ရွက်ဖောက်ကျိုင်းကျတဲ့စိုက်ခင်းများအနေဖြင့်ကျရောက်မှုများပါက စိုက်ခင်းပတ်ဝန်းကျင်၊ အပင်ခြေပေါင်းမြက်များကိုရှင်းပေးပါ။
    • ဆေးအနေနဲ့ ကျရောက်မှုမများပါက တမာပိုးသတ်ဆေးကိုရွေးချယ်နိုင်သလို ဓာတုဆေးအနေနဲ့ Cypermethrin, Acetamiprid ကိုရွေးချယ်နိုင်ပါတယ်။
    • ပျကျနေသောစိုက်ခင်းများအနေဖြင့် အရင်ဆုံး ပျအစုလိုက်ကျနေတဲ့ ကိုင်းတွေကိုဖြတ်ပစ်ပြီး မီးရှို့ဖျက်ဆီးပစ်ပါ။
    • အပင်ခြေ အစိုဓာတ်ကိုထိန်းပေးပါ၊ စိုထိုင်းဆများအောင်မလုပ်ပါနဲ့။
    • နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး၊ မြေဩဇာများကို အလွန်အကျွံမသုံးပါနဲ့။
    • ပျအတွက်သုံးနိုင်တဲ့ ဓာတုဆေးများ- Fenoxycarb, Ethiprole, Spirotetramat, Dinotefuran လိုဆေးမျိုးကိုဖျန်းနိုင်ပါတယ်။

    ငါးမွေးမြူရေး အကြံပြုချက် 

    ယခုတစ်ပတ်အတွင်း မိုးရွာသွန်းမှုများတဲ့အတွက် ငါးမွေးတောင်သူကြီးများ အနေဖြင့် မိမိရဲ့ ကန်မှာ ရေလျှံပေါက်များထားပေးဖို့ အဓိကအကြံပြုလိုပါတယ် ခင်ဗျာ။ တစ်ဆက်တည်းမှာဘဲ ဆက်တိုက် မိုးရွာသွန်းသဖြင့် နေရောင်မရဖြစ်ကာ အပင်မျှောလေးများ အစာမချက်နိုင်တဲ့အတွက် ရေဩဇာကျသွားတတ်ပြီး ယင်းအပေါ် မ စိုးရိမ်ကျဖို့ တိုက်တွန်းလိုပါတယ်။ နေရောင်ရသော ရက်များတွင် ရေဩဇာပြန်လည် တက်နိုင်ပါကြောင်း အသိပေးလိုပါတယ်။ 

    နောက်တစ်ခုကတော့ အစားကျွေးခြင်းကို ပုံမှန်ကျွေးနှုန်းထက် ၃ ပုံ တစ်ပုံသာ ကျွေးဖို့ တိုက်တွန်း လိုက်ရပါတယ်။ အပူချိန် ကျဆင်းခြင်း၊ မိုးအုံ့ခြင်း၊ မိုးများခြင်း စတဲ့အခြေအနေများတွင် ငါးများဟာ တက်ကြွ လှုပ်ရှားမှုနည်းပြီး အစာစားနှုန်းလည်း နည်းလာတဲ့အတွက် အဆိုပါအခြေအနေတွင် အစာလျော့ကျွေးဖို့ အကြံပြု တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ 

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
3822