တိုင်ဖွန်းမုန်တိုင်း DANAS ရဲ့ သက်ရောက်မှု ကြိုတင်ခန့်မှန်းချက်
- Special Weather Situation - ==== - ၂၀၂၄ ခုနှစ်တုန်းက တိုင်ဖွန်းမုန်တိုင်း YAGI အကြွင်းအကျန်တွေကြောင့် မိုးအလွန်များခဲ့ပြီး ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း၊ နေပြည်တော်ထဲက ဒေသတွေမှာ ရေကြီးရေလျှံတာတွေ ဆိုးဆိုးရွားရွား Severe Flash Flood Situation ဖြစ်ကုန်တယ်။ - အခုရော? - 🔸 တိုင်ဖွန်းမုန်တိုင်း DANAS က ၂၀၂၄ ခုနှစ်က တိုင်ဖွန်း YAGI လောက်မကြီးဘူး။ YAGI တုန်းက မိုးနှောင်းကာလထဲမှာဖြစ်တယ်၊ DANAS က မိုးလယ်ကာလထဲမှာဖြစ်လာတယ်၊ - 🔸 YAGI က Violent Typhoon လို့ခေါ်တဲ့ အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းဖြစ်ခဲ့ပြီး သူ့ရဲ့အား - - Peak intensity 195 km/h (120 mph) (10-min); 915 hPa (mbar) ရှိပြီး - အခုလက်ရှိဖြစ်ပေါ်နေဆဲ - 🔸 တိုင်ဖွန်းမုန်တိုင်း DANAS ရဲ့အား - Highest winds 175 km/h (110 mph), 954 hPa (mbar) ရှိတယ်။ အရွယ်အစားလဲ YAGI လောက် မကြီးဘူး။ - ဆက်ပြီးရွေ့လျားနိုင်တဲ့ လမ်းကြောင်းကြိုတင်ခန့်မှန်းချက်က - 🔸 ၂၀၂၄ ခုနှစ်က YAGI အကြွင်းအကျန်တွေရွေ့လျားတဲ့ လမ်းကြောင်းနဲ့ထပ်တူနီးပါးတော့ ဖြစ်တယ်၊ YAGI လောက် မကြီးဘူး/အားမကောင်းဘူး၊ ဒါ့အပြင် အနောက်တောင်မုတ်သုံလေအားကောင်းနေတဲ့ မိုးလယ်ကာလအတွင်းမှာလဲ ဖြစ်တာကြောင့် YAGI တုန်းကလောက် မိုးများမနိုင်ဘူးလို့တော့ ကြိုတင်ခန့်မှန်း MODEL တွေရဲ့ အချက်အလက်တွေအရ ခန့်မှန်းပါတယ်။ - လက်ရှိနောက်ဆုံးရထားတဲ့ ECMWF MOdel ကြိုတင်ခန့်မှန်းချက်များအရ - - 🔸 ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာ ဇူလိုင် ၁၁ ရက် နံနက် ၁၁ နာရီမှ ဇူလိုင် ၁၂ ရက် နံနက် ၁၁ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၄.၄၂ လက်မ မှ အများဆုံးမိုးရေချိန် ၉.၇၆ လက်မအထိရွာနိုင်တဲ့အခြေအနေတွေ့ရပါမယ်(ပုံ - ၅ မှာကြည့်ပါ)။ (edited) - 🔸 ဒီအခြေအနေက နောက်လာမဲ့ ၃ ရက် မှ ၄ ရက်အတွင်း ပြောင်းလဲနိုင်ပါသေးတယ်။ ဆက်ပြီးစောင့်ကြည့်ကြရင်း မိုးများနိုင်မည့်ဒေသတွေမှာတော့ လိုအပ်တဲ့ ကြိုတင်ပြင်မှုတွေ လုပ်ကြစေချင်ပါတယ်။ - ၄ ရက် ကြိုတင်ခန့်မှန်း widget တွေကို ကြည့်ကြရမဲ့ အချိန်ပါဘဲ - ကြည့်နည်းနမူနာပုံပါ ထည့်ပေးထားပါမယ်။ - https://www.mmweather.org/divisional-cities-weather - (ဇူလိုင် ၈ ရက် နံနက် ၁၁:၃၀ နာရီ) - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ----------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
