cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်း ဇူလိုင်လ ၉ ရက် မှ ဇူလိုင်လ ၁၅ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
အရှေ့ဘက်မှလေပွေလှိုင်း/မိုးတိမ်များရွေ့လျားဝင်ရောက်လာမှ မိုးရတတ်သည့် အလယ်ပိုင်းမိုးနည်းရေရှားဒေသများအနက်မှ မကွေးတိုင်းတွင်ရရှိနိုင်မည့် မိုးရေချိန်သည် ကြိုတင်ခန့်မှန်းထားသည်ထက်လျော့နည်းနိုင်ပြီး မိုးရွာနိုင်မည့်ရက်လည်း ရက်အနည်းငယ်မျှနောက်ဆုတ်နိုင်ပါတယ်။
  • ဇူလိုင် ၉ ရက် နံနက်ပိုင်းမှစတင်၍ အားပိုကောင်းလာနိုင်သည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့်မြောက်ပိုင်းတွင်အနောက်တောင်မုတ်သုံလေဆက်လက်အားကောင်းနေပြီး အရှေ့ဘက်မှ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်မိုးတိမ်များ 

    အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားဝင်ရောက်မှုကို နှေးကွေးသွားစေနိုင်တာကြောင့် - တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းများဖြစ်ပေါ်ပြီး အရှေ့ဘက်မှလေပွေလှိုင်း/မိုးတိမ်များရွေ့လျားဝင်ရောက်လာမှ မိုးရတတ်သည့် အလယ်ပိုင်းမိုးနည်းရေရှားဒေသများအနက်မှ မကွေးတိုင်းတွင်ရရှိနိုင်မည့် မိုးရေချိန်သည် ကြိုတင်ခန့်မှန်းထားသည်ထက်လျော့နည်းနိုင်ပြီး မိုးရွာနိုင်မည့်ရက်လည်း ရက်အနည်းငယ်မျှနောက်ဆုတ်နိုင်ပါတယ်။ 

    ဇူလိုင် ၉ ရက် မှ ၁၅ ရက်အတွင်း - 

    ·          မကွေးတိုင်းအလယ်ပိုင်းဒေသများမှာ မိုးရွာသွန်းမှုနည်းနေနိုင်ပြီး၊ မြောက်ဘက်ပိုင်း ဆော၊ ပေါက်၊ မြိုင်နှင့် ဂန့်ဂေါဒေသများ၊ အရှေ့တောင်ဘက်မှ သရက်မြို့၊ တောင်တွင်းကြီးဒေသများ၊ မကွေးတိုင်းအနောက်ဘက်၊ ရခိုင်ရိုးမတောင်ခြေမှ မင်းတုန်း၊ ငဖဲနှင့် စေတုတ္တရာဒေသများတွင် မိုးရွာသွန်းမှုပိုမိုနိုင်ပါမယ်။ 

    ·          ရခိုင်ရိုးမတောင်ခြေဒေသအချို့မှာ လေတိုက်နှုန်း တစ်နာရီ ၇ မိုင်မှ တစ်နာရီ မိုင် ၃၀ ခန့်အထိတိုက်ခတ်နိုင်ပြီး၊ မကွေးတိုင်း၏ ပျမ်းမျှလေထုဖိအား ၁၀၀၃ hPa ရှိနိုင်ပါမယ်။ 

    ·          အမြင့်ဆုံးနေ့အပူချိန် ၂၇°C မှ ၃၅°C အထိရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၃°C မှ ၂၇°C ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းအတွင်း ပူပြင်းခြောက်သွေ့မှုရှိနေဆဲဖြစ်တာကြောင့် နေ့စဉ်လေထုစိုထိုင်းဆဖြစ်ပေါ်ကွာခြားမှုသည် ဒေသအလိုက် ၅၀% မှ ၁၀၀% အထိရှိနိုင်ပြီး ခံစားရသည့်အပူချိန် ၄၀°C အထိရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်း၏ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) ပျမ်းမျှခြင်းအားဖြင့် ၂၀ ဝန်းကျင်ခန့်ရှိပြီး CO (ကာဗွန်မိုနောက်ဆိုဒ် မီးခိုးငွေ့ဖြစ်ပေါ်မှုအခြေအနေ အန္တရာယ်ရှိသောအဆင့်အထိ မရောက်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ပျိုးရာတွင် အထွက်နှုန်းသိသိသာသာ ထိခိုက်စေသော နှမ်းဖိုရောဂါကိုသတိပြုရပါမည်။ နှမ်းဖိုရောဂါလက္ခဏာမှာ နှမ်းပင်၏ပန်းဖြိုင်ဖြိုင်စပွင့်ချိန်တွင် တွေ့ရှိရသော်လည်း စတင်ကျရောက်တိုက်ခိုက်သည့်အချိန်မှာ နှမ်းပင် ၁၅ - ၂၀ ရက်သားဖြစ် သောကြောင့် နှမ်းဖိုရောဂါကြိုတင်ကာကွယ်ရန်အတွက် နှမ်းစိုက်ပြီး ၂ ပတ်မှစ၍ ပိုးသတ်ဆေး ပက်ဖျန်းပေးရန်လိုအပ်ပါသည်။ အကောင်ငယ်နှင့်အကောင်ကြီးများပါ အရွက်များ၏ အောက်မျက်နှာ ပြင်တွင်နေ၍ စုပ်စားဖျက်ဆီးကြသည်။ ဗိုင်းရက်စ်ရောဂါဖြစ်သည့်အတွက် လက္ခဏာပေါ်မှ ဆေးဖျန်းပါက နှမ်းဖိုရောဂါကိုမနှိမ်နင်းနိုင်ပါ။ 

    ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများမှာ- 

    • စောစောစိုက်ခြင်းကို ရှောင်ကြဥ်ပါ။ 
    • အခြားသီးနှံများဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။ 
    • အပင်ငယ်စဥ်အချိန်တွင် ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးများဖြစ်သော လန်ဒါဆိုင်ဟေလိုသရင် +အဆီတာပီပရစ်၊ ပိုင်မီထရိုဇင်း+ နိုင်တမ် ပိုင်ရမ် ၊ သိုင်ရာမီသိုဇမ်၊ ဖီနိုဗျူကပ်+ဆိုက်ပါမီသရင် များအားအသုံးပြုနှိမ်နင်းနိုင်ပါသည်။ 

    ငါး၊ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက် 

    ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။ 

    ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။ 

    အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။ 

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
3778