မကွေးတိုင်း ဇူလိုင်လ ၉ ရက် မှ ဇူလိုင်လ ၁၅ ရက်အထိ မိုးလေဝသအခြေအနေ
ဇူလိုင် ၉ ရက် နံနက်ပိုင်းမှစတင်၍ အားပိုကောင်းလာနိုင်သည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့်မြောက်ပိုင်းတွင်အနောက်တောင်မုတ်သုံလေဆက်လက်အားကောင်းနေပြီး အရှေ့ဘက်မှ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်မိုးတိမ်များ
အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားဝင်ရောက်မှုကို နှေးကွေးသွားစေနိုင်တာကြောင့် - တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းများဖြစ်ပေါ်ပြီး အရှေ့ဘက်မှလေပွေလှိုင်း/မိုးတိမ်များရွေ့လျားဝင်ရောက်လာမှ မိုးရတတ်သည့် အလယ်ပိုင်းမိုးနည်းရေရှားဒေသများအနက်မှ မကွေးတိုင်းတွင်ရရှိနိုင်မည့် မိုးရေချိန်သည် ကြိုတင်ခန့်မှန်းထားသည်ထက်လျော့နည်းနိုင်ပြီး မိုးရွာနိုင်မည့်ရက်လည်း ရက်အနည်းငယ်မျှနောက်ဆုတ်နိုင်ပါတယ်။
ဇူလိုင် ၉ ရက် မှ ၁၅ ရက်အတွင်း -
· မကွေးတိုင်းအလယ်ပိုင်းဒေသများမှာ မိုးရွာသွန်းမှုနည်းနေနိုင်ပြီး၊ မြောက်ဘက်ပိုင်း ဆော၊ ပေါက်၊ မြိုင်နှင့် ဂန့်ဂေါဒေသများ၊ အရှေ့တောင်ဘက်မှ သရက်မြို့၊ တောင်တွင်းကြီးဒေသများ၊ မကွေးတိုင်းအနောက်ဘက်၊ ရခိုင်ရိုးမတောင်ခြေမှ မင်းတုန်း၊ ငဖဲနှင့် စေတုတ္တရာဒေသများတွင် မိုးရွာသွန်းမှုပိုမိုနိုင်ပါမယ်။
· ရခိုင်ရိုးမတောင်ခြေဒေသအချို့မှာ လေတိုက်နှုန်း တစ်နာရီ ၇ မိုင်မှ တစ်နာရီ မိုင် ၃၀ ခန့်အထိတိုက်ခတ်နိုင်ပြီး၊ မကွေးတိုင်း၏ ပျမ်းမျှလေထုဖိအား ၁၀၀၃ hPa ရှိနိုင်ပါမယ်။
· အမြင့်ဆုံးနေ့အပူချိန် ၂၇°C မှ ၃၅°C အထိရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၃°C မှ ၂၇°C ရှိနိုင်ပါမယ်။
· မကွေးတိုင်းအတွင်း ပူပြင်းခြောက်သွေ့မှုရှိနေဆဲဖြစ်တာကြောင့် နေ့စဉ်လေထုစိုထိုင်းဆဖြစ်ပေါ်ကွာခြားမှုသည် ဒေသအလိုက် ၅၀% မှ ၁၀၀% အထိရှိနိုင်ပြီး ခံစားရသည့်အပူချိန် ၄၀°C အထိရှိနိုင်ပါမယ်။
· မကွေးတိုင်း၏ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) ပျမ်းမျှခြင်းအားဖြင့် ၂၀ ဝန်းကျင်ခန့်ရှိပြီး CO (ကာဗွန်မိုနောက်ဆိုဒ် မီးခိုးငွေ့ဖြစ်ပေါ်မှုအခြေအနေ အန္တရာယ်ရှိသောအဆင့်အထိ မရောက်ပါ။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါး၊ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက်
ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။
ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။
အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။
ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။
------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price