မြန်မာ့ဆန် ပြည်ပဈေးကွက်ရဲ့ ထက်ဝက်ခန့် တရုတ်ရယူထား
- မြန်မာနိုင်ငံမှ ပြည်ပသို့ ၃လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၆သိန်းကျော် တင်ပို့ရောင်းချခဲ့ရာတွင် တရုတ်နိုင်ငံမှ ၅၀ ရာခိုင်နှုန်းခန့် ဈေးကွက်ဝေစု ရယူထားပါတယ်။ - လစဉ်ထုတ်ပြန်သည့် မြန်မာနိုင်ငံဆန်စပါးသင်းချုပ် (MRF)၏ နိုင်ငံတကာဆန်ရောင်းချမှု စာရင်းတွင် ယခုဘဏ္ဍာနှစ် ၃လအတွင်း တရုတ်နိုင်ငံက ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃သိန်းနီးပါး ဝယ်ယူထားသည်ကို တွေ့ရပါတယ်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို အင်ဒိုနီးရှားနိုင်ငံမှ အများဆုံးဝယ်ယူခဲ့ပါတယ်။ - ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၃၂၀,၀၀၀ ကျော်၊ ဆန်ကွဲတန်ချိန် ၂၈၅,၀၀၀ ကျော် တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂၉၇,၀၀၀ ကျော် တင်ပို့ရောင်းချခဲ့ပါတယ်။ - မြန်မာနိုင်ငံသည်နှစ်စဉ် ဆန်တန်ချိန် ၁၄သန်းကျော်စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုက တန်ချိန် ၁၀ သန်း ကျော်သာရှိခြင်းကြောင့် ပိုလျှံဆန်များကို ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်း ချနေပါတယ်။ - ယခုဘဏ္ဍာနှစ်တွင်လည်း ပြည်ပသို့ဆန်တန်ချိန် ၃သန်း တင်ပို့နိုင်ရန် ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောထားပါတယ်။ - လက်ရှိ နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများက အကျဘက်မှာသာရှိနေသော်လည်း မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ် ပထမ ၃လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်သည့် ပမာဏက ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူထက် ၄၀ ရာခိုင်နှုန်းကျော် တိုးတက်လာပါတယ်။ - ပြီးခဲ့သည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပထမ ၃လတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၃၄၅,၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့ပါတယ်။ - AMIA - ----------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
