cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တောင်သူ့စိုက်ခင်းထဲက ပြဿနာတွေကို လေ့လာကြမယ် 🪴🐛🪴

. Agriculture Knowledge
ဒီတစ်ပတ်မှာတော့ နယ်ပယ်အသီးသီးက တောင်သူတွေရဲ့ စိုက်ခင်းထဲမှာ အမှန်တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မျှဝေဆွေးနွေးပေးသွားပါမယ်။
  • ယခုဖော်ပြပေးထားတဲ့အကြောင်းအရာများကတော့ တောင်သူဘက်ကမေးထားတဲ့ က

    စိုက်ခင်းတွေမှာ ရောဂါ၊ ပိုးမွှားကျနေတဲ့ ပြဿနာတွေကို ထွက်တိုးစိုက်ပျိုးရေးပညာရှင်များက ပြန်လည်ဖြေကြားပေးထားတာဖြစ်ပါတယ်။

    တောင်သူများလည်း မိမိစိုက်ခင်းမှာ ဖော်ပြပါပုံအတိုင်းကျရောက်မှုရှိမရှိ ကင်းထောက်စစ်ဆေးကြည့်နိုင်ပါတယ်။

    စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ထွက်တိုးစိုက်ပျိုးရေးပညာရှင်များနဲ့ဆွေးနွေးလိုတယ်ဆိုရင်တော့ ထွက်တိုးဆော့ဝဲလ်ရဲ့ အမေးအဖြေကဏ္ဍမှာ စိုက်ခင်းဓာတ်ပုံနှင့်တကွ သိရှိလိုသောအကြောင်းအရာများကို မေးမြန်းနိုင်ပါတယ်။

    ***************

    ၁. အဲဒါဘာရောဂါလဲ၊ ဘယ်လိုနှိမ်နင်းရမလဲထွက်တိုးခင်ဗျာ။

    ပျတွေကျနေတာပါ၊ အရင်ဆုံး ပျအစုလိုက်ကျနေတဲ့ ကိုင်းတွေကိုဖြတ်ပစ်ပြီး မီးရှို့ဖျက်ဆီးပစ်ပါ။ အပင်ခြေ အစိုဓာတ်ကိုထိန်းပေးပါ၊ စိုထိုင်းဆများအောင်မလုပ်ပါနဲ့၊ ကိုင်းတွေကိုဖြတ်ပစ်ပြီးမှ ဖျန်းပါ။ ဓာတုပိုးသတ်ဆေးသုံးချင်ရင်တော့ Fenoxycarb, Dinotefuran, Ethiprole, Spirotetramatလိုဆေးမျိုးကိုဖျန်းနိုင်ပါတယ်။

    ***************

    ၂. နှမ်းကအဖိုတွေများလို့ ဘယ်အချိန်က စပြီး ဆေးဖျန်းမှ မဖိုတာလဲ။

    နှမ်းဖိုရောဂါက အဓိကဖြုတ်ညိုကနေတစ်ဆင့်ကူးစက်ပြန့်နှံ့တဲ့ရောဂါဖြစ်ပါတယ်။ နှမ်းဖိုလက္ခဏာတွေ့မှ ဆေးဖျန်းရင်နောက်ကျပါပြီ၊ ပုံမှန်နှမ်းဖိုလက္ခဏာစပြတာကတော့ နှမ်းပင် ၅၅-၆၀ ရက်သားမှာစပြပါတယ်။ ဒါကြောင့် အပင်ငယ်စဥ်ကတည်းက ဖြုတ်ညိုကျရောက်မှုရှိ၊မရှိ သေချာစစ်ဆေးပြီး ကာကွယ်နှိမ်နင်းခဲ့ဖို့လိုပါတယ်။ ဖြုတ်ညိုတွေ့တာနဲ့ဆေးဖျန်းပါ၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ဆို နှမ်းပင် ၂၀ ရက်သားကနေစပြီး Acetamiprid, Thiacloprid, Pymetrozine+ Nintepyram, Dinotefuran အဆင်ပြေရာကိုရွေးချယ်ဖျန်းနိုင်ပါတယ်။

    ***************

    ၃. စပါးပင် ၁၂ရက်သားရှိပါပြီ။ အခုပုံမှာလိုဖြစ်တာ ဘာလို့ပါလဲခင်ဗျာ။ ရွက်လိပ်ရွက်ကပ်ပိုးကျနေတာဖြစ်ပါတယ်။ ရေထုတ်ပေးပါ၊ နိုက်ထရိုဂျင်ယူရီးယားမြေသြဇာထည့်တာကို မဖြစ်မနေရပ်ထားပါ၊ အဲ့ဒီအစား ပိုတက်ရှ် (K) နဲ့ဆီလီကာ(Si) မြေသြဇာလေးထည့်ပေးပါ။ ရွက်လိပ်ရွက်ကပ်ပိုးက မိုးများပြီးရာသီဥတုအေးတာကိုကြိုက်နှစ်သက်ပါတယ်။ ရေထုတ်ပြီးမှ Cartap hydrochloride (သို့မဟုတ်) Chlorantraniliprole, Monosultap အဆင်ပြေရာကိုရွေးချယ်ဖျန်းပါ။

    ***************

    ၄. ခရမ်းပင် ခုလိုမျိုးတွေ ဖြစ်နေလို့ပါ ပြထားတဲ့ မှိုဆေးဖျန်းလို့ရလားဗျ၊ ဖြေပေးပါနော်၊ ထိရောက်စွာ ကာကွယ်နိုင်လားဗျ။

    ပုံမှာပြထားတဲ့ Copper oxychloride သုံးလို့ရပါတယ်။ ပင်ညှိုးကျနေတဲ့အပင်ကို ကပ်ကြေးနဲ့ညှပ်ပြီး ကျန်းမာတဲ့အပင်မှာ သွားညှပ်တာမျိုးမလုပ်ပါနဲ့၊ ဘက်တီးရီးယားအများစုက ဒဏ်ရာကနေ တစ်ပင်နဲ့တစ်ပင်ကူးစက်တာဖြစ်ပါတယ်။ အဓိက ပင်ခြေကိုရေမဝပ်အောင်လုပ်ပါ၊ မြေအစိုဓာတ်များရင် ပွားများနှုန်းမြန်ပါတယ်၊ လေဝင်လေထွက်ကောင်းအောင် ပေါင်းမြက်တွေရှင်းပေးပါ။ ဆေးဖျန်းပြီး ရောဂါပြန့်ပွားမှုအခြေအနေကိုစောင့်ကြည့်ပါ၊ နောက်တစ်ကြိမ် ဆေးဖျန်းဖို့လိုအပ်ပါက Bismerthiazol သုံးနိုင်ပါတယ်။ နောက်ရာသီမှာ မျိုးရင်းတူ (ခရမ်း၊ ငရုတ်၊ အာလူး စတာမျိုး)တွေမစိုက်ပါနဲ့ ၊ သီးလှည့်စိုက်ပေးဖို့လိုပါတယ်။ နောက်တစ်ခုပိုသေချာအောင် ပင်စည်ကနေ အဖျားထိ အပင်ကိုဒေါင်လိုက်ခွဲပြီးပို့ထားပေးပါ။

    ၅. ရှောက်သီးလေးတွေ ခုလိုဖြစ်ပြီးကြွေကြွေကျနေတာ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ပေးရမလဲ၊ ကူညီပါဦးဗျ။

    ရှောက်သံပုရာ ကင်ကာရောဂါ (Canker) ရောဂါဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဓာတုဆေးသုံးချင်ရင် Copper ပါတဲ့ဆေးတွေဖြစ်တဲ့ Copper oxychloride, Copper tri-basic sulphate လို အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။ အခုကမိုးရာသီဖြစ်တဲ့အတွက် မိုးပြတ်လို့ ဆောင်းကူးတဲ့အချိန် ခြောက်သွေ့တဲ့ရာသီကျရင် ကိုင်းဖြတ်ပေးတာမျိုးကိုလုပ်ပေးပါ။

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes
11
comments
0
views
2461