cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဇူလိုင် ၁၁ ရက် မှ ဇူလိုင် ၁၇ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
တောင်တရုတ်ပင်လယ်ဘက်က တိုင်ဖွန်းမုန်တိုင်း DANAS က ကုန်းတွင်းမှာ အားပျော့ပျက်ပြယ်သွားပြီး မုန်တိုင်းအကြွင်းအကျန်မိုးတိမ်များက ဇူလိုင် ၁၀ ရက်နေ့ညနဲ့ ၁၁ ရက်နေ့နံနက်ပိုင်းတွေမှာ မြန်မာနိုင်ငံအတွင်းဝင်ရောက်လာမှာဖြစ်ပါတယ်။
  • ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း အိန္ဒိယနိုင်ငံကုန်းတွင်းက လေဖိအားနည်းရပ်ဝန်းက အနောက်/အနောက်မြောက်ဘက်ကိုရွေ့သွားပြီးတဲ့နောက်၊ အဲ့ဒီဒေသမှာပဲ အထက်လေပွေလှိုင်းအသစ်တခု ထပ်ဖြစ်လာဦးမှာမို့ အနော်တောင်မုတ်သုံလေအားဆက်ပြီးကောင်းနေဦးမှာပါ။ တောင်တရုတ်ပင်လယ်ဘက်က တိုင်ဖွန်းမုန်တိုင်း DANAS က ကုန်းတွင်းမှာ အားပျော့ပျက်ပြယ်သွားပြီး မုန်တိုင်းအကြွင်းအကျန်မိုးတိမ်များက ဇူလိုင် ၁၀ ရက်နေ့ညနဲ့ ၁၁ ရက်နေ့နံနက်ပိုင်းတွေမှာ မြန်မာနိုင်ငံအတွင်းဝင်ရောက်လာမှာဖြစ်ပါတယ်။ 

    တောင်တရုတ်ပင်လယ်ဘက်က မုန်တိုင်းအကြွင်းအကျန်များနဲ့ လေပွေလှိုင်းများဝင်ရောက်မှ အလယ်ပိုင်းဒေသများမှာ မိုးရွာတတ်/မိုးရေချိန်ရတတ်ပါတယ်။ 

    နေ့စဉ် ပျမ်းမျှမိုးရေချိန်ရရှိနိုင်ချေ ကြိုတင်ခန့်မှန်း 

    မန္တလေးတိုင်းတောင်ဘက်- ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာ၊ သဲတော-ဝမ်းတွင်း၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်ငယ်၊ တံတားဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူးနှင့်မန္တလေးတိုင်းမြောက်ဘက်- တကောင်းဒေသတွင် နေ့စဉ်ပျမ်းမျှ မိုးရေချိန် ၀.၅ လက်မအောက် 

    မန္တလေးတိုင်းအနောက်ဘက်- မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ငါ့သရောက်၊ ပုဂံ၊ ညောင်ဦး ဒေသများတွင် နေ့စဉ်ပျမ်းမျှ မိုးရေချိန် ၀.၅ လက်မအောက်။ 

    ၇ ရက်အတွင်းမိုးရေချိန်ရရှိနိုင်ချေ ကြိုတင်ခန့်မှန်း 

    မန္တလေးတိုင်းတောင်ဘက်- ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာ၊ သဲတော-ဝမ်းတွင်း၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်ငယ်၊ တံတားဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူးနှင့်မန္တလေးတိုင်းမြောက်ဘက်- တကောင်းဒေသတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက်/၅ လက်မအောက် 

    မန္တလေးတိုင်းအနောက်ဘက်- မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ငါ့သရောက်၊ ပုဂံ၊ ညောင်ဦး ဒေသများတွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မအောက်။  

    မန္တလေးတိုင်းအတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ကာ လေထုစိုထိုင်းဆ ၆၀% မှ ၉၀% အထိ ရှိနိုင်ပါတယ်။ ငွေ့ရည်ဖွဲ့အမှတ်အပူချိန်(Dew Point)က ၂၆°C ရှိနေမှာဖြစ်တာကြောင့် ညနေဘက်/ညဘက်အပူချိန်များကျဆင်းလာတဲ့အချိန် မိုးတိမ်များဝင်ရောက်လာတဲ့အခါ မိုးရွာနိုင်ပါမယ်။ 

    တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ ၁၅ မိုင်အထိရှိနိုင်ပြီး မန္တလေး၊ မတ္တရာနဲ့ ပြင်ဦးလွင်ဘက်မှ ကာဗွန်မိုနောက်ဆိုဒ်(CO)ပါဝင်မှုပမာဏ 300ppbv ရှိတာကြောင့် ညနေပိုင်းအချိန်တွေမှာ CO ပါဝင်မှုက မြင့်နေတာ တွေ့ရပါတယ်။ 

    CO concentration: Carbon monoxide is a colorless, odorless, and tasteless gas that is slightly less dense than air. The level of CO concentration in the troposphere is measured by a system called Parts Per Billion by Volume (PPBV). 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးရောဂါဖြစ်ပေါ်ရခြင်း အကြောင်းရင်း အကြံပြုချက်  

     ငါးများ ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ငါးကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် (သို့မဟုတ်) ငါးရောဂါများကို ဖြစ်ပေါ် ပျံ့ပွားစေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။ ရေအရည်အသွေး၊ စားသုံးနေရသည့် အစာ(ဖြည့်စွက်စာ) အရည်အသွေး နှင့် ရာသီဥတု အခြေအနေများကြောင့် ငါးများတွင် ဖိစီးမှု ဖြစ်ပေါ်နေခြင်းနှင့် အင်အားချိနဲ့ပြီး ခုခံစွမ်းအင်လျော့နည်းမှု ဖြစ်ပေါ်စေပါသည်။ ထိုအချိန် ငါးများတွင် ရောဂါဝင်ရောက်မှု လွယ်ကူစေပါသည်။  

    ရောဂါဖြစ်စေသည့် အကြောင်းရင်း (၃) ချက်မှာ-  

    (၁) ရောဂါပိုး  

    (၂) လက်ခံကောင် (အဓိက ငါး၏ ခုခံမှု)၊ ရောဂါကို သယ်ဆောင်လာသော အကောင်  

    (၃) ပတ်ဝန်းကျင်အခြေအနေ (ငါးကန်အတွင်း ကန်ရေအရည်အသွေးကျဆင်းနေခြင်း) သည် ရောဂါပိုးပျံနှံ့ စေရန်အတွက် ဖန်တီးပေးပါသည်။  

    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။  

    ------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
4
comments
0
views
2996