ရှမ်းပြည်နယ် ဇူလိုင်လ ၁၂ ရက် မှ ဇူလိုင်လ ၁၈ ရက်အထိ မိုးလေဝသအခြေအနေ
- အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ကုန်းတွင်းမှ လေဖိအားနည်းရပ်ဝန်းသည်အားလျော့သွားပြီး အနောက်ဘက်သို ဆက်လက်ရွေ့လျားလျှက်ရှိပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ အနောက်တောင်မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေဆဲဖြစ်ပြီး၊ တိုင်ဖွန်းမုန်တိုင်း DANAS ၏ မုန်တိုင်းအကြွင်းအကျန်မိုးတိမ်များရွေ့လျားဝင်ရောက်ခြင်းကြောင့် မြန်မာနိုင်ငံတစ်ခုလုံးမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ဆက်လက်ရွာနေပါဦးမယ်။ - နေ့စဉ်ရရှိနိုင်မည့် မိုးရေချိန်အခြေအနေ - ဇူလိုင် ၁၂ မှ ၁၅ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတွေမှာ မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာ - ၁.၂ လက်မနှင့်အထက်)ရွာနိုင်ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာ(၀.၈ လက်မ)အောက်ရွာသွန်းနိုင်ပြီး မိုးနည်းနေနိုင်ပါမယ်။ ဇူလိုင် ၁၆ ရက် မှ ဇူလိုင် ၁၈ ရက်အထိ ရှမ်းပြည်နယ်တစ်ခုလုံးမှာ မိုးရွာသွန်းနိုင်တဲ့အခြေအနေပြန်များလာနိုင်ပြီး၊ ရရှိနိုင်မည့်မိုးရေချိန် ၂၄ နာရီအတွင်း ၁ လက်မ ခန့် ရရှိနိုင်ပါမယ်။ - ၇ ရက်အတွင်း(ဇူလိုင် ၁၂ ရက် မှ ၁၈ ရက်အထိ)ရရှိနိုင်မည့် မိုးရေချိန်အခြေအနေ - ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင်း ၇ ရက်မိုးရေချိန် ၅ လက်မ အထိ ရွာသွန်းရရှိနိုင်ပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြိုနယ်အတွင်းမှာ ၇ ရက် မိုးရေချိန် ၃ လက်မ ခန့်၊ ကျိုင်းတောင်းမြို့နယ်အတွင်းမှာ ၇ ရက်မိုးရေချိန် ၄.၄၅ လက်မခန့် ရွာသွန်းရရှိနိုင်ပါမယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ ၇ ရက်မိုးရေချိန် ၆.၂၈ လက်မအထိရရှိနိုင်ပါမယ်။ - ၇ ရက်အတွင်း လေတိုက်နှုန်း၊ အပူချိန်၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ၊ တောင်-အနောက်တောင်ဘက်မှ ပုံမှန်အားဖြင့်လေတိုက်နှုန်း တနာရီ ၇ မိုင်ခန့် ရှိနိုင်ပြီး၊ အမြင့်ဆုံးလေတိုက်နှုန်း(GUST)က တနာရီ ၁၈ မိုင်ခန့်အထိရှိနိုင်ပါမယ်။ - · အမြင့်ဆုံးနေ့အပူချိန်များအနေနဲ့ - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၆°C ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၂၉°C နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၆°C ရှိနိုင်ပြီး၊ - အနိမ့်ဆုံး ည အပူချိန်များအနေနဲ့ - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၂°C ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၂၄°C နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၂°C ရှိနိုင်ပါတယ်။ - · နေ့စဉ်မိုးရွာသွန်းမှုအခြေအနေနဲ့ အပူချိန်အခြေအနေတွေပေါ်မူတည်ပြီး၊ ရှမ်းပြည်နယ်တခုလုံးရဲ ပျမ်းမျှလေထုစိုထိုင်းဆ ၇၀% မှ ၁၀၀% ကြားမှာ ပြောင်းလဲနေနိုင်ကာ၊ ခံစားရသည့်အပူချိန်အမြင့်ဆုံး ၃၅°C အထိရှိနိုင်ပါမယ်။ - ရှမ်းပြည်နယ်ရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) “၃၀” အောက်မှာဆက်လက်တည်ရှိနေပြီး အန္တရာယ်မရှိပါ။ ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှုပမဏက ဟဲဟိုးမြို့နယ်၊ လားရှိုးမြို့နယ်နှင့် တာချီလိတ်မြို့နယ်တွေမှာ ည ၇ နာရီနောက်ပိုင်းမှ ည သန်းခေါင်ကျော်အချိန်အတွင်း၊ 350 ppbv မှ 520 ppbv အထိ မြင့်တက်နေတာကြောင့် CO ပါဝင်မှုအခြေအနေကတော့ဖြင့် အန္တရာယ်ရှိတဲ့အဆင့်မှာ ရှိနေပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ရှမ်းပြည်နယ်အတွင်း ခရမ်းချဥ်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - ရှမ်းပြည်နယ်အတွင်း ခရမ်းချဥ်စိုက်တောင်သူများ ကြုံတွေ့နေရသောရောဂါမှာ ခရမ်းချဥ် ဘက်တီးရီးယားပင်ညှိုးရောဂါဖြစ်ပါသည်။ တောင်သူအခေါ်ဖြင့် “အစိမ်းညှိုး” ဟုခေါ်သော ခရမ်းချဉ်ဘက်တီးရီးယားပင်ညှိုးရောဂါမှာ အရွက်နုမှ စတင်ညှိုးပြီး နှစ်ရက်-သုံးရက်အတွင်း ညှိုးလိုက်/ပြန်လန်းလာလိုက်ဖြစ်စေကာ နောက်ဆုံးတွင် တစ်ပင်လုံးညှိုး၍ သေသွားတတ်ပါသည်။ ညှိုးနေသောအပင်အား ဖြတ်တောက်၍ ရေဖန်ခွက်ထဲတွင် နှစ်ကြည့်ပါက နို့နှစ်ရောင် ဘက်တီးရီးယားစိမ့်ထွက်ရည်များအား တွေ့ရှိရမည်ဖြစ်ပါသည်။ ဘက်တီးရီးယားပင်ညှိုးရောဂါဟာ လျင်မြန်စွာ ကူးစက်တတ်သောကြောင့် ကုသရန်ထက် ကြိုတင်ကာကွယ်ပေးရန်လိုအပ်ပါသည်။ - ကြိုတင်ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- - ရောဂါကင်းသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။
- မျိုးရင်းဝင်မတူညီသော သီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။
- ရောဂါရသောအပင်ကိုနုတ်ပြီး မီးရှို့ဖျက်ဆီးပစ်ပါ။
- ဓာတုဆေးအနေဖြင့် Bismerthiazol ၊ နှင့် Tri-basic Copper sulphate ဆေးများကို ကြိုတင်ပက်ဖျန်းအသုံးပြုပေးနိုင်ပါသည်။
 - မိုးရာသီ ငါးမွေးကန်ရေနောက်ကျိရခြင်း - · ငါးမွေးကန်ရှိကန်ရေများ နောက်ကျိရခြင်းသည် ရေထဲတွင် အမှုန်အမွှားကလေးများ များပြားခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် ရွှံ့ နှုန်းမြေများကို မိုးရေတိုက်စားပြီး ကန်အတွင်းကျရောက်သဖြင့် ရေနောက်ကျိခြင်းကို ပိုမိုများပြားစေပါသည်။ ကန်ရေနောက်ကျိနေခြင်းကြောင့် နေအပူချိန် နှင့်အလင်းရောင်သည် ကန်မျက်နှာပြင်မှ အောက်သို့ထိုးဖောက်ဝင်ရောက်မှု နည်းပါးပြီး အလင်းမှီစု အစာချက်လုပ်ခြင်း ဓာတုဖြစ်စဉ် ပြုလုပ်ရခြင်းနည်းပါးသဖြင့် အပင်မျှောလှေးနှင့် အကောင်မျှောလှေး ပေါက်ဖွားခြင်းကို လျှော့နည်းစေသည့်အပြင် ကန်အတွင်း အောက်စီဂျင်ပျော်ဝင်မှု ဖြစ်စဉ်လည်း ကျ ဆင်းလာသည်ကို တွေ့ရှိရပါသည်။ - · ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ - --------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
