cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. Market Analysis
စားတော်ပဲကတော့ စျေးဆက်တိုက် ထပ်တက်လာပါတယ်။ ပြည်တွင်းစားသုံးမှုရှိနေပြီး ဝယ်လိုအားကောင်းခြင်း ၊ ပဲအဝင်နည်းခြင်းအခြေအနေတွေကြောင့် စျေးဆက်တိုက်မြင့်လာတာ ဖြစ်ပါတယ်။
  • ( ၇. ၇.၂၀၂၅ မှ ၁၁.၇. ၂၀၂၅)

    စားတော်ပဲစျေးထပ်တက်လာပေမယ့်  မတ်ပဲနဲ့ ပဲစဥ်းငုံ ၊ ပြောင်း ၊ ကုလားပဲ စျေးတွေကျလာပါတယ်။

    မတ်ပဲ 

    ယခုတစ်ပတ်မှာ မတ်ပဲက စျေးပြန်ကျပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို အရင်အပတ်က ၉၆၀၀၀ ကျပ်သာရှိပါတယ်။ မတ်ပဲက လောလောဆယ် အရောင်းအဝယ်အေးနေတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနဲ့ အင်္ဂါနေ့မှာ မတ်ပဲ FAQ တစ်တန်ကို ၃၀၀၂၀၀၀ မှ ၃၀၀၉၀၀၀ ကျပ်ရှိပြီး ကြာသပတေးနဲ့ သောကြာမှာ ၂၉၈၉၀၀၀ မှ ၂၉၉၈၀၀၀ ကျပ်သာရှိပါတယ်။

     အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို မတ်ပဲ FAQ တစ်တန်ကို ၂၉၈၇၀၀၀ ကျပ်မှ ၃၀၂၀၀၀၀ ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာ‌တော့ တစ်တန်ကို ၁၀၀၀၀ ကျော်လောက် အကျပြ ပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကလည်း ခုတစ်ပတ်မှာ စျေးနည်းနည်းပြန်အေးပါတယ်။ အရောင်းအဝယ်လည်း အေးနေပါတယ်။ အိန္ဒိယက ဝယ်လိုအားနည်းပြီး စျေးက အကျဘက်မှာသာ ရှိနေတာဖြစ်ပါတယ်။ 

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၈၁၀၀၀၀ မှ ၂၈၂၇၀၀၀ ကျပ် ရှိပါတယ်။

    အရင်အပတ်တုန်းက တနင်္လာကနေ့မှ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၇၈၀၀၀ မှ ၂၈၄၅၀၀၀ ကျပ်ရှိခဲ့တာကြောင့် ၃၀၀၀၀ ကျော်လောက်ကျလာပါတယ်။ နယ်စျေးကွက်မှာလည်း ပဲစင်ငုံနီ ပိဿာ ၂၀ တစ်တင်းကို ၈၀၀၀၀ ကျပ်ကျော်သာရှိပါတယ်။

     စားတော်ပဲ 

    စားတော်ပဲကတော့ စျေးဆက်တိုက် ထပ်တက်လာပါတယ်။ ပြည်တွင်းစားသုံးမှုရှိနေပြီး ဝယ်လိုအားကောင်းခြင်း ၊ ပဲအဝင်နည်းခြင်းအခြေအနေတွေကြောင့် စျေးဆက်တိုက်မြင့်လာတာ ဖြစ်ပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၄၇၀၀၀၀ ကျပ်မှ ၄၈၀၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၆၀၀၀၀ ကျပ်လောက်ထပ် တက်လာပါတယ်။ စားတော်ပဲ (ကျွန်း) က ၅၂၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်ရှိလာပြီး အရင်အပတ်ကထက် ၂၅၀၀၀ လောက် ထပ်တက်လာပါတယ်။ 

    ပြောင်း

    ပြောင်းကတော့ ယခုတစ်ပတ်မှာလည်း စျေးထပ်ကျလာပါတယ်။ ကမ္ဘာ့ပြောင်းစျေးကွက် ကျဆင်းတာကြောင့် ပြည်တွင်းပြောင်းစျေးကွက် ထပ်ကျလာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ ပြည်တွင်းမှာက ပြောင်းလက်ကျန်နည်းနေပြီး အရောင်းအဝယ်အေးလည်းနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ခုတစ်ပတ် ပြောင်းတစ်ပိဿာကို ၁၇၂၀ မှ ၁၇၄၀ ကျပ်သာရှိပါတယ်။ အရတစ်ပတ်ကထက် တစ်ပိဿာ ၁၀ ကျပ်နှုန်း ထပ်ကျလာတာဖြစ်ပါတယ်။

    မန္တလေးမှာတော့ ပြောင်း (ဗမာ) ၈၇၀၀၀ မှ ၈၈၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၉၀၀၀၀ မှ ၉၁၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၉၀၀၀၀ မှ ၉၁၀၀၀ ကျပ်နဲ့ငြိမ်နေ ပါတယ်။

     ကုလားပဲ

     ကုလားပဲကတော့ အကျ စျေးတန်းမှာပဲ ရှိနေတာတွေ့ရပါတယ်။ ပဲခွဲစက်တွေ ဝယ်ယူမှုအေးခြင်း ၊ လုပ်ငန်းသုံးသမားအဝယ်အေးခြင်း ၊ပြည်တွင်းစားသုံးမှု လျော့လာတဲ့အခြေအနေတွေကြောင့် အရောင်းအဝယ်အေးပြီး စျေးကျလာတာဖြစ်ပါတယ်။ကုလားပဲက ပြည်တွင်း စားသုံးမှုများတဲ့ ပဲဖြစ်လို့ ပြည်တွင်း စားသုံးမှု အနည်းအများ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။

    မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်ကို ၂၆၃၀၀၀ ကျပ်၊ ကုလားပဲ (V7) က ၂၆၅၀၀၀ ကျပ်၊ ကုလားပဲ (929) က ၂၅၃၀၀၀ ကျပ်ရှိပါတယ်။

     AMIA 

    --------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
6
comments
0
views
4145