cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်း ဇူလိုင်လ ၁၄ ရက် မှ ဇူလိုင်လ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ရန်ကုန်တိုင်းတစ်ခုလုံးမှာ ဇူလိုင် ၁၇ ရက်အထိ မိုးအားလျော့နည်းနေနိုင်ပြီး ဇူလိုင် ၁၅/၁၆/၁၇ ရက်တွေမှာ နေသာနိုင်တဲ့ မြို့နယ်တွေများပါမယ်။ ဇူလိုင် ၁၈/၁၉နဲ့ ၂၀ ရက်တွေမှသာ ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မနှင့်အထက် မိုးအနည်းငယ်ပြန်ရွာနိုင်ပြီး ၇ ရက်အတွင်း ပျမ်းမျှမိုးရေချိန် ၄.၅ လက်မခန့် ရရှိနိုင်ပါမယ်။ ရန်ကုန်အရှေ့ပိုင်းက မြို့နယ်တွေမှာ မိုးရေချိန်ရရှိမှု အနည်းငယ်ပိုများနိုင်ပါမယ်။
  • ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဩရိဿပြည်နယ်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ ပင်လယ်ရေပြင်ညီအထက်အမြင့်ပေ ၅၀၀၀ မှ ၇၀၀၀ အတွင်း လေပွေလှိုင်း(Upper Air Cyclonic Cir Culation – UACC)တခုဖြစ်ပေါ်နေပြီး နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တောင်တရုတ်ပင်လယ်ဘက်မှ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များ ဝင်ရောက်လာခြင်းလည်း ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် အနောက်တောင်မုတ်သုံမိုး ပုံမှန်ရွာသွန်းနိုင်ခြင်းသာ ကျန်ရှိပါမယ်။ 

    ရန်ကုန်တိုင်းတစ်ခုလုံးမှာ ဇူလိုင် ၁၇ ရက်အထိ မိုးအားလျော့နည်းနေနိုင်ပြီး ဇူလိုင် ၁၅/၁၆/၁၇ ရက်တွေမှာ နေသာနိုင်တဲ့ မြို့နယ်တွေများပါမယ်။ 

    ဇူလိုင် ၁၈/၁၉နဲ့ ၂၀ ရက်တွေမှသာ ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မနှင့်အထက် မိုးအနည်းငယ်ပြန်ရွာနိုင်ပြီး ၇ ရက်အတွင်း ပျမ်းမျှမိုးရေချိန် ၄.၅ လက်မခန့် ရရှိနိုင်ပါမယ်။ ရန်ကုန်အရှေ့ပိုင်းက မြို့နယ်တွေမှာ မိုးရေချိန်ရရှိမှု အနည်းငယ်ပိုများနိုင်ပါမယ်။ 

    ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း ရန်ကုန်တိုင်းအတွင်း လေတိုက်နှုန်း ၁ နာရီ ၅ မိုင် မှ ၁၀ မိုင်ခန့် ရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆ ပျမ်းမျှ ၉၀% ရှိနေပြီး လေထုစိုထိုင်းဆများနေတာကြောင့် မွန်းလွဲ/ညနေပိုင်းတွေမှာ လေငြိမ်တဲ့အချိန်အတွင်း ခံစားရတဲ့အပူချိန် ၃၇°C အထိ ရှိနိုင်ပါတယ်။ 

    ရန်ကုန်တိုင်းတစ်ခုလုံးမှာ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)က “၄၀” ရှိနိုင်ပြီး၊ နေ့စဉ် နံနက် ၉ နာရီ နှင့် ၁၀ နာရီကြားအချိန်တွေမှာ လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့(CO)ပါဝင်မှု 600ppbv ရှိနေတာကြောင့် ယခု CO ပါဝင်သည့်ပမာဏသည် အန္တရာယ်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးသားပေါက် ရွေးချယ်ထည့်သွင်းခြင်းအတွက် အကြံပြုချက် 

    ငါးကန်ကြီးထဲသို့ (၁)လက်မ (၁)လက်မခွဲ ငါးသားပေါက်များထည့်သွင်းပါက ရှင်သန်နှုန်းသည် (၇၅)ရာခိုင်နှုန်းသာရရှိ ကြပါသည်။ ကန်အတွင်းရှိ ရေအရည်အသွေး၊ အခြားသောငါးရိုင်းနှင့် သားစားငါးများအန္တရာယ်သည် ခံနိုင်ရည် နည်းပါးပြီး၊ အသေအပျောက်များနိုင်ပါသည်။ ထို့ကြောင့် ငါးသားပေါက်ထည့်သွင်းရာတွင် အနည်းဆုံး (၃)လက်မ မှ (၆)လက်မအထိထည့်သွင်းပါက ရှင်သန်နှုန်းကောင်းမွန်ပြီး ၊ ငါရိုင်းနှင့်သားစားငါးများအန္တရာယ်လည်း ရှောင်ရှားနိုင်ပါသည်။ 

    မိမိကန်အတွင်းသို့ ငါးသားပေါက်များမထည့်မှီ ငါးသားပေါက်များ၏ ကျန်းမာရေးကောင်း၊ မကောင်းကို အောက်ပါအတိုင်း စစ်ဆေးသင့်ပါသည်။  

    (၁)ငါး၏ ခန္ဓာပုံမှန်၊ မမှန် နှင့် ကိုယ်ခန္ဓာ အရောင်အဆင်းတောက်ပနေရမည်။  

    (၂)အကြေးခွံကျွတ်ခြင်း နှင့် ဆူးတောင်များပဲ့ခြင်း မဖြစ်စေရ။ 

    (၃)ငါးများထည့်ထားသော ရေပုံးတွင် လက်ဖြင့်ရေစီးကြောင်းဖန်တီးပေးပါက ငါးသန်များသည် ရေစီးကြောင်းနှင့်ဆန့်ကျင်ဖက်သို့‌ ရွေ့လျားကူးခတ်နေပါမည်။  

    ငါး၏ ကျန်းမာရေးကို ကြည့်ရှုပြီးနောက် အဆိုပါ ငါးများကို ကန်အတွင်း တိုက်ရိုက်ထည့်ခြင်းထက် ဆားဖျော်ရည် (သို့မဟုတ်) ပိုတက်စီယမ်ပါမင်းဂနိတ် ဆေးဖျော်ရည်တွင် အနည်းငယ်စိမ်ပြီးလွှတ်ပါက ငါးတွင် ကပ်ပါလာသော ပိုးမွှားများကို ရှင်းလင်းနိုင်ပါသည်။ 

    --------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
2446