ရန်ကုန်တိုင်း ဇူလိုင်လ ၁၄ ရက် မှ ဇူလိုင်လ ၂၀ ရက်အထိ မိုးလေဝသအခြေအနေ
- ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဩရိဿပြည်နယ်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ ပင်လယ်ရေပြင်ညီအထက်အမြင့်ပေ ၅၀၀၀ မှ ၇၀၀၀ အတွင်း လေပွေလှိုင်း(Upper Air Cyclonic Cir Culation – UACC)တခုဖြစ်ပေါ်နေပြီး နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တောင်တရုတ်ပင်လယ်ဘက်မှ တိုင်ဖွန်းမုန်တိုင်းအကြွင်းအကျန်များ ဝင်ရောက်လာခြင်းလည်း ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် အနောက်တောင်မုတ်သုံမိုး ပုံမှန်ရွာသွန်းနိုင်ခြင်းသာ ကျန်ရှိပါမယ်။ - ရန်ကုန်တိုင်းတစ်ခုလုံးမှာ ဇူလိုင် ၁၇ ရက်အထိ မိုးအားလျော့နည်းနေနိုင်ပြီး ဇူလိုင် ၁၅/၁၆/၁၇ ရက်တွေမှာ နေသာနိုင်တဲ့ မြို့နယ်တွေများပါမယ်။ - ဇူလိုင် ၁၈/၁၉နဲ့ ၂၀ ရက်တွေမှသာ ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မနှင့်အထက် မိုးအနည်းငယ်ပြန်ရွာနိုင်ပြီး ၇ ရက်အတွင်း ပျမ်းမျှမိုးရေချိန် ၄.၅ လက်မခန့် ရရှိနိုင်ပါမယ်။ ရန်ကုန်အရှေ့ပိုင်းက မြို့နယ်တွေမှာ မိုးရေချိန်ရရှိမှု အနည်းငယ်ပိုများနိုင်ပါမယ်။ - ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း ရန်ကုန်တိုင်းအတွင်း လေတိုက်နှုန်း ၁ နာရီ ၅ မိုင် မှ ၁၀ မိုင်ခန့် ရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆ ပျမ်းမျှ ၉၀% ရှိနေပြီး လေထုစိုထိုင်းဆများနေတာကြောင့် မွန်းလွဲ/ညနေပိုင်းတွေမှာ လေငြိမ်တဲ့အချိန်အတွင်း ခံစားရတဲ့အပူချိန် ၃၇°C အထိ ရှိနိုင်ပါတယ်။ - ရန်ကုန်တိုင်းတစ်ခုလုံးမှာ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)က “၄၀” ရှိနိုင်ပြီး၊ နေ့စဉ် နံနက် ၉ နာရီ နှင့် ၁၀ နာရီကြားအချိန်တွေမှာ လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့(CO)ပါဝင်မှု 600ppbv ရှိနေတာကြောင့် ယခု CO ပါဝင်သည့်ပမာဏသည် အန္တရာယ်ရှိနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်တောင်သူများထံသို့... - စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - လက်ရှိစပါးဆစ်ပိုးကျရောက်မှုနဲ့ပတ်သတ်ပြီး မေးမြန်းလာသောကြောင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- စပါးပင်ငယ်စဥ်မှာဆို အဓိက စပါးပင်စည်အတွင်းထိုးဖောက်စားသောက်ခြင်းကြောင့် အူပုပ်တဲ့လက္ခဏာကိုတွေ့ရပြီး ပင်စည်ကိုခွဲကြည့်ပါက ဆစ်ပိုး၏လောက်ကောင် (သို့မဟုတ်) စားသောက်ပြီး အညစ်အကြေးများကို တွေ့ရတတ်ပါတယ်။
- စပါးနှံစပြူချိန်တွင်ကျရောက်ပါက အနှံသည်အစေ့အဆန်မအောင်မြင်ဘဲ အနှံဖြူသွားသောလက္ခဏာကိုတွေ့ရသည်။
- အရွက်ပေါ်မှာ ဥမြုံတွေကိုလက်နဲ့မဖြစ်မနေကောက်ပေးပါ။
- ဆစ်ပိုးကျတာတွေ့တာနဲ့ ရေထုတ်ပြီးမှ ဆေးဖျန်းပေးပါ။
- ရွေးချယ်နိုင်သောပိုးသတ်ဆေးများ Profenofos+ Lufenuron / Cartap hydrochloride/ Acephate+ Monosultap
- နိုက်ထရိုဂျင်မြေဩဇာ (ပုလဲ) ကိုအကြိမ်ရေခွဲထည့်ပေးပါ။
- ပိုတက်ရှ်မြေဩဇာ (K) ကိုအဓိကထည့်ပေးပါ။
 - ငါးသားပေါက် ရွေးချယ်ထည့်သွင်းခြင်းအတွက် အကြံပြုချက် - ငါးကန်ကြီးထဲသို့ (၁)လက်မ (၁)လက်မခွဲ ငါးသားပေါက်များထည့်သွင်းပါက ရှင်သန်နှုန်းသည် (၇၅)ရာခိုင်နှုန်းသာရရှိ ကြပါသည်။ ကန်အတွင်းရှိ ရေအရည်အသွေး၊ အခြားသောငါးရိုင်းနှင့် သားစားငါးများအန္တရာယ်သည် ခံနိုင်ရည် နည်းပါးပြီး၊ အသေအပျောက်များနိုင်ပါသည်။ ထို့ကြောင့် ငါးသားပေါက်ထည့်သွင်းရာတွင် အနည်းဆုံး (၃)လက်မ မှ (၆)လက်မအထိထည့်သွင်းပါက ရှင်သန်နှုန်းကောင်းမွန်ပြီး ၊ ငါရိုင်းနှင့်သားစားငါးများအန္တရာယ်လည်း ရှောင်ရှားနိုင်ပါသည်။ - မိမိကန်အတွင်းသို့ ငါးသားပေါက်များမထည့်မှီ ငါးသားပေါက်များ၏ ကျန်းမာရေးကောင်း၊ မကောင်းကို အောက်ပါအတိုင်း စစ်ဆေးသင့်ပါသည်။ - (၁)ငါး၏ ခန္ဓာပုံမှန်၊ မမှန် နှင့် ကိုယ်ခန္ဓာ အရောင်အဆင်းတောက်ပနေရမည်။ - (၂)အကြေးခွံကျွတ်ခြင်း နှင့် ဆူးတောင်များပဲ့ခြင်း မဖြစ်စေရ။ - (၃)ငါးများထည့်ထားသော ရေပုံးတွင် လက်ဖြင့်ရေစီးကြောင်းဖန်တီးပေးပါက ငါးသန်များသည် ရေစီးကြောင်းနှင့်ဆန့်ကျင်ဖက်သို့ ရွေ့လျားကူးခတ်နေပါမည်။ - ငါး၏ ကျန်းမာရေးကို ကြည့်ရှုပြီးနောက် အဆိုပါ ငါးများကို ကန်အတွင်း တိုက်ရိုက်ထည့်ခြင်းထက် ဆားဖျော်ရည် (သို့မဟုတ်) ပိုတက်စီယမ်ပါမင်းဂနိတ် ဆေးဖျော်ရည်တွင် အနည်းငယ်စိမ်ပြီးလွှတ်ပါက ငါးတွင် ကပ်ပါလာသော ပိုးမွှားများကို ရှင်းလင်းနိုင်ပါသည်။ - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
