cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးသက်လေပြင်းများ ကျရောက်နိုင်

. Weather News
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး၊ မိုးများလာနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အားကောင်း/အားအလွန်ကောင်းနေပြီးဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အားအသင့်အတင့်သာ ရှိနိုင်ပါတယ်။
  • Special Weather Condition

    ====

    🔸 မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းရေး model "Meteoblue" မှ ပင်မသင်္ချာပုံစံပြုမော်ဒယ် NEMS နဲ့ Himawari8 ဂြိုဟ်တုဓါတ်ပုံတွေမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်း ၁ ခု ဖြစ်ပေါ်ကြောင်းတွေ့ရပါတယ်။

    🔸 အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဘင်္ဂလားဒေ့နယ်စပ်အနီးက ကိုလ်ကတ္တားမြို့အနီးမှာ ဇူလိုင် ၁၃ ရက်နေ့မှာ စ တင်ဖြစ်ပေါ်ခဲ့တဲ့ အထက်လေပွေလှိုင်းက လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(DEPRESSION)ဖြစ်လာနိုင်ကြောင်း၊ နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ကြောင်း၊ အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ကြေညာပါတယ်။

    🔸 လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး၊ မိုးများလာနိုင်ပါတယ်။

    🔸 အနောက်တောင်မုတ်သုံလေက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အားကောင်း/အားအလွန်ကောင်းနေပြီးဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အားအသင့်အတင့်သာ ရှိနိုင်ပါတယ်။

    🔸 အခုလိုပင်လယ်ပြင်အခြေအနေပြောင်းလဲမှုများကြောင့် ဇူလိုင် ၂၀ ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်နိုင်ကြောင်း တွေ့ရပါတယ်။

    🔸 ဇူလိုင် ၂၀ ရက်မှ ၂၈ ရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြား မိုးအသင့်အတင့် ဆက်လက်ရွာသွန်းနိုင်ပါဦးမယ်။ မိုးရေချိန်ပမာဏ များနိုင်မည့်ဒေသများကို ဇူလိုင် ၂၀ ရက်နောက်ပိုင်းဖြစ်ပေါ်လာနိုင်ဦးမည့် ပြောင်းလဲမှုများအရ ဆက်လက်တင်ပြပေးသွားပါမယ်။ (ဇူလိုင် ၁၄ ရက် ၊ ညနေ ၁၆:၅ နာရီမှာ ခန့်မှန်းချက်)

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
1
views
2968