စျေးကြီးပေးဝယ်စားနေရသော ပိန္နဲသီးခြောက်ကို ကိုယ်တိုင်လုပ်စားကြည့်ရအောင်
- ပိန္နဲသီးတွင် မြန်မာအခေါ်အရ အမာသီးနှင့် အပျော့သီးဟူ၍ နှစ်မျိုးရှိသည့်အနက် ပိန္နဲသီးခြောက် ပြုလုပ်ရာတွင် အမာသီးအား အသုံးပြုရပါမည်။ - လိုအပ်သောပစ္စည်းများ - ပိန္နဲသီး - ၁ ကီလို
- ကွမ်းစားထုံး - ၁ ဇွန်း (ထမင်းစားဇွန်း)
- သကြား - ၂၅ ကျပ်သား
- ဆား - အနည်းငယ်
 - ပြုလုပ်နည်း - ပိန္နဲသီးစိမ်ရန် ထုံးရည်ပြင်ဆင်ရာတွင် ကွမ်းစားထုံး စားပွဲတင်ဇွန်း ၁ ဇွန်းအား ပိန္နဲသီးမြုပ်သည်ထိရေပမာဏနှင့်ဖျော်ထားပါ။
- ခပ်မာမာ အနေအထားရှိသော ပိန္နဲသီးများကို ထုံးရည်ထဲတွင် ၂-၃ နာရီကြာစိမ်ပေးပါ။ အချိန်ပြည့်ပါက ရေသန့် တွင် ၃-၄ ကြိမ်ခန့် ဆေးကြောပေးပါ။
- ပိန္နဲသီး၏ အချိုပေါ်မူတည်၍ သကြားကို လိုအပ်သလို ထည့်နိုင်သည်။
- သကြား၊ ဆားနှင့် ရေနည်းနည်းအားဆူလာသည်ထိတည်ပါ။
- ထုံးရည်စိမ်ထားသော ပိန္နဲသီးများအားထည့်၍ ပျော့လာသည်အထိ ညင်သာစွာ မွှေပေးပါ။ (ခဏခဏမမွှေပေးရပါ။)
- ပိန္နဲသီး အသားအရောင်ပြောင်းလာပါက မီးပိတ်၍ အအေးခံပါ။
- အေးသွားပါက ဇကာပေါ်တင်၍ နေပူထဲတွင် ၂ရက် - ၃ရက် ကြာသည်အထိ နေလှန်းပေးပါ။
- မိမိကြိုက်နှစ်သက်သော အနေအထားရရှိပါက လေအလုံဘူးထဲသို့ထည့်၍ သိမ်းဆည်းကာ ကြွပ်ရွချိုမွှေးသော ပိန္နဲသီးခြောက်အား သုံးဆောင်နိုင်ပြီဖြစ်ပါသည်။
 - ကဲ .....အိမ်မှာ အလွယ်တကူ လိုက်လုပ်စားကြည့်ကြပါဦးနော်...................... - ရတနာ မှ ပြန်လည်မျှဝေသည်။ - -------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
