cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်း ဇူလိုင် ၁၅ ရက် မှ ဇူလိုင် ၂၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး၊ မိုးများလာနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အားကောင်း/အားအလွန်ကောင်းနေပြီးဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အားအသင့်အတင့်သာ ရှိနိုင်ပါတယ်။
  • အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဘင်္ဂလားဒေ့နယ်စပ်အနီးက ကိုလ်ကတ္တားမြို့အနီးမှာ ဇူလိုင် ၁၃ ရက်နေ့မှာ စ တင်ဖြစ်ပေါ်ခဲ့တဲ့ အထက်လေပွေလှိုင်းက လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(DEPRESSION)ဖြစ်လာနိုင်ကြောင်း၊ နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ကြောင်း၊ အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ကြေညာပါတယ်။  

    လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး၊ မိုးများလာနိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အားကောင်း/အားအလွန်ကောင်းနေပြီးဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အားအသင့်အတင့်သာ ရှိနိုင်ပါတယ်။ 

    ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်း ၂ ဘက်စလုံးမှာ ဇူလိုင် ၁၇ ရက်နေ့က စ ပြီး ဇူလိုင် ၂၈ ရက်အထိ မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၁ လက်မ ခန့်)ရွာသွန်းနိုင်ပြီး ဇူလိုင် ၂၁ ရက် နောက်ပိုင်းမှာမှ နေရာကွက်၍မိုးများတာရှိလာပါမယ်။ ပဲခူးတိုင်းအနောက်ခြမ်းမှာ မိုးရွာသွန်းမှုပမာဏ(မိုးရေချိန်)အနည်းငယ်လျော့နည်းနိုင်ပါတယ်။ 

    ယခုတပါတ်အတွင်း တောင်-အရှေ့တောင်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ ၂၂ မိုင်အထိရှိနိုင်ကာ၊ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး ခံစားရတဲ့အပူချိန်(T-Feels-Like) ၃၈°C အထိရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆ ၇၀% မှ ၁၀၀% အထိရှိနိုင်ပါမယ်။ 

    ပဲခူးတိုင်းအနောက်ခြမ်းပြည်မြို့နယ်အတွင်းမှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI “50” ရှိနိုင်ပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှာ AQI “35” အမြင့်ဆုံး ရှိနိုင်/ အန္တရာယ်မရှိနိုင်ပါ။ လေထုအတွင်း ကျန်းမာရေးကိုထိခိုက်စေတဲ့ CO ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှုပမာဧသည် ၄၀၀ ppbv အောက်မှာရှိတာကြောင့် စိုးရိမ်ရသည့်အခြေအနေမရှိပါ။ 

    ⚠️ စစ်တောင်းမြစ်ရေမြင့်တက်လာနိုင်မည့်အခြေအနေကို သတိပြုစောင့်ကြည့်ရပါမည်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးအစာ ကျွေးချိန်နှင့် အကြိမ်ရေအတွက် အကြံပြုချက် 

    ✅ငါး ငါးကျပ်သားခန့် အရွယ်အထိ တစ်နေ့ သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်လျှင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့နှစ်ကြိမ် ကျွေးနိုင်သည်။  

    ✅ငါးကန်ရေ၏ ပျော်ဝင်အောက်ဆီဂျင် လျော့ကျတတ်သည့် မိုးအုံ့သော ရက်များတွင် ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၇၀% အောက် လျော့ချကျွေးသင့်သည်။ (အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင် ပမာဏ သည် ၅-၇ မီလီဂရမ်/၁လီတာ ဖြစ်သည်။)  

    ✅ငါးကန်ရေ၏ အပူချိန် အတက်အကျသည်လည်း အစာစားနှုန်းကို လျော့ကျစေသည်။ ( အကောင်းဆုံးအပူချိန် အတိုင်းအတာ ၂၅°C - ၃၂°C )။ အကယ်၍ ရေ၏ အပူချိန်သည် ၂၀°C- ၂၄°C ၊ ၁၆°C -၁၉°C နှင့် ၃၃°C -၃၈°C အတွင်း တည်ရှိပါက ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၈၀%၊ ၆၀% အထိလျော့ပြီး ကျွေးသင့်သည်။  

    ✅မနက်ပိုင်း နေထွက်ပြီး နှစ်နာရီခန့်အကြာတွင် နေ့စဉ်ကျွေးရမည့် ပမာဏ၏ ၆၀- ၆၅ % (တစ်နေ့လုံးကျွေးရမည့် အစာ၏ တစ်ဝက်ကျော်) ကို ကျွေး၍ ညနေနေမဝင်မီ နှစ်နာရီခန့် အလိုတွင် ကျန် ၃၅-၄၀ % ကို ကျွေးသင့်သည်။  

    ✅ငါးကန်ရေ၏ အရည်အသွေးသည် မိုးဆက်တိုက်ရွာသည့် နေ့များတွင် အပြောင်းအလဲ မြန်သဖြင့် ငါးများအစာစားနှုန်း လျော့ကျလေ့ရှိသည်။ 

    -----------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
2
comments
0
views
2432