cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ကြူကုတ် စျေးတက် ပြီး ရှမ်းကြက်သွန်ဖြူများ စျေး ပြန်ကျလာ

. Market News
တရုတ်ကြူကုတ် ကြက်သွန်ဖြူများ စျေးတက်လာပြီး ရှမ်း ကြက်သွန်များ စျေးကျလာကြောင်း ကုန်သည်များ ထံမှ သိရပါသည်။ ဇူလိုင်လ အစဖြင့် ယှဉ်ပါက ရှမ်းကြက်သွန်များမှာ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့် ကျဆင်းသွားပြီး ကြူကုတ်ကြက်သွန်များမှာ တစ်ပိဿာလျှင် ၆၀၀၀ နီးပါး ပြန်တက်လာကြောင်း သိရပါသည်။
  • “နောက်နှစ်ကြက်သွန်ဖြူ စျေး အခြေနေမကောင်းဘူးလို့ ခန့်မှန်းထားတာ အခုကတည်းက ကြက်သွန်ဖြူ စျေးပြုတ်ကျသွားတယ်။ “ ဟု ရှမ်းပြည်နယ် အောင်ပန်းမြို့ မှ ကုန်သည်တစ်ဦးက ပြောသည်။ 

    ရှမ်းပြည်နယ် အောင်ပန်းမြို့ တွင် ကြုကုတ် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ် ဖြစ်ပြီး ထူး -၁ တစ်ပိဿာလျှင် ၄၀၀၀ကျပ် ၊ အောင်ပန်း ထူး-၂ တစ်ပိဿာလျှင် ၅၀၀၀ကျပ် နှင့် အောင်ပန်း ထူး - ၃ တစ်ပိဿာ လျှင် ၆၀၀၀ ကျပ် ၊ နှင့် အောင်ပန်း ထူး- ၄ တစ်ပိဿာ လျှင် ၇၀၀၀ ကျပ် ၊ ထူး-၅ တစ်ပိဿာ လျှင် ၇၅၀၀ အထိ အသီးသီးပေါက်စျေးရှိကြောင်း သိရသည်။

    စျေးကွက် စောင့်ကြည့်သူများ အနေဖြင့်လည်း ကြက်သွန်ဖြူများကို အခုလာမည့် ၉လပိုင်း စက်တင်ဘာလ နောက်ဆုံးထားပြီး တက်တက်ကျကျ ရောင်းပစ်ရန် တောင်သူများ အတွက် အကြံပြုထားခြင်းလည်း ရှိသည်။

    “ရှမ်းမြောက် ပိတ်ထားရင် ကြူကုတ် အဝင်နည်းသွားမှာပဲ။ အဝင်နည်းပြီး အခုက အဝယ်သွက်နေရင်း ကြူကုတ်က စျေးတက်မှာပဲ။“ ဟု exporter တစ်ဦးက ပြောသည်။ 

     ပြည်တွင်း နယ်စပ်အခြေအနေ များကြောင့် တရုတ်နိုင်ငံမှ တရားမဝင် ကြက်သွန်ဖြူဝင်ရောက်မှုနည်း တာကြောင့် ကြူကုတ်ကြက်သွန်ဖြူများ စျေးတက်နေခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။

     လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿာလျှင် ၁၀၀၀၀မှ ၁၀၅၀၀ ကျပ် အထိ ပေါက်စျေးရှိပြီး အောင်ပန်း ထူး-၂တစ်ပိဿာလျှင် ၄၃၀၀ကျပ် နှင့် အောင်ပန်း ထူး ၃ တစ်ပိဿာလျှင် ၅၇၀၀ကျပ် ၊ နှင့် အောင်ပန်း ထူး -၄ တစ်ပိဿာလျှင် ၆၃၀၀ကျပ်၊ အောင်ပန်း ထူး- ၅ တစ်ပိဿာ လျှင် ၆၅၀၀အထိ အသီးသီးပေါက်စျေးရှိကြောင်း သိရသည်။

    ကြက်သွန်ဖြူကို ပြည်တွင်း ၌ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ စတင်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရပါသည်။

    ကြက်သွန်ဖြူအသစ်များ မှာ ဖေဖော်ဝါရီလလယ် မှစ၍ မေ လ အထိ စျေးကွက်တွင်း ဝင်လေ့ရှိကြောင်း သိရသည်။

    ကြက်သွန်ဖြူအား ရှမ်းပြည်နယ် အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြို့တို့မှာ အဓိကထား စိုက်ပျိုးကြပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကြက်သွန်ဖြူပိဿာချိန် သိန်း ၅၀ ခန့် စားသုံးကြကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
2646