မကွေးတိုင်း ဇူလိုင် ၁၆ ရက် မှ ဇူလိုင် ၂၂ ရက်အထိ မိုးလေဝသအခြေအနေ
- အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကုန်းတွင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံမြောက်ပိုင်းသို့ ဆက်လက်ရွေ့လျားပြီးနောက်၊ ဇူလိုင် ၁၉ ရက်နေ့တွင် အားပျော့ပျက်ပြယ်သွားနိုင်ပါသည်။ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းအား ဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာမည့် လေဖိအားနည်းရပ်ဝန်းသည် တောင်တရုတ်ပင်လယ်အတွင်း ပိုမိုအားကောင်းလာပြီး တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ကာ အနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။ ဇူလိုင်လ ၂၀ ရက်နေ့မှာပင် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၌ အမြင့်ပေ ၅၀၀၀ အထက်၌ လေပွေလှိုင်းတခုဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။ ဤထူးခြားမိုးလေဝသအခြေအနေကြောင့် ဇူလိုင် ၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင်မိုးများနိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ မိုးအသင့်အတင့်ရွာစေနိုင်သည့် သက်ရောက်မှုရှိလာနိုင်ပါတယ်။ - မကွေးတိုင်းအတွင်း ဇူလိုင် ၁၆ ရက် မှ ၂၂ ရက်အထိ ၇ ရက်အတွင်း မိုးရေချိန်ရရှိနိုင်မည့်အခြေအနေမှာ - - · မကွေးတိုင်းမြောက်ပိုင်းတွင် ၇ ရက်အတွင်း၊ ပျမ်းမျှမိုးရေချိန် ၄ လက်မခွဲ ခန့်နှင့် - · မကွေးတိုင်းတောင်ပိုင်းတွင် ၇ ရက်ပျမ်းမျှမိုးရေချိန် ၂ လက်မခွဲခန့်ရွာသွန်းရရှိနိုင်ပြီး၊ - · မကွေးတိုင်းအလယ်ပိုင်းတွင် ၇ ရက် ပျမ်းမျှမိုးရေချိန် ၂ လက်မအောက်သာ ရွာသွန်းရရှိနိုင်မည်၊ - · မကွေးတိုင်းတခုလုံးတွင် ၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၅ လက်မ ခန့်သာ ရှိနိုင်ပါမယ်။ - ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း တောင်-အရှေ့တောင်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ မိုင် ၂၀ အထိရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပါမယ်။ - လေထုစိုထိုင်းဆ ၇၀% မှ ၉၀% ရှိနိုင်ပြီး လေငြိမ်သည့်အချိန်များအတွင်း မင်းဘူးနှင့်ရေနံချာင်းမြို့များတွင် ခံစားရသည့်အပူချိန် Temperature Feels Like ၄၀°C အထိရှိနိုင်ပါသည်။ - လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) 35 ရှိနိုင်ပြီး၊ လေထုအတွင်း ကာဗွန်မိုနောက်ဆိုဒ် CO ပါဝင်မှုအမြင့်ဆုံး ၂၃၀ ppbv ရှိသဖြင့် လေထုညစ်ညမ်းမှုအန္တရာယ်ကို စိုးရိမ်ရန်မရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးကန်တွင် ပျော်ဝင်အောက်ဆီဂျင် မြင့်မားလာစေရန်ပြုလုပ်ခြင်း - ငါးမွေးကန်တွင် အောက်ဆီဂျင်နည်းပါးလျက်ရှိပါက အောက်ဆီဂျင် ပျော်ဝင်မှု မြင့်မားလာစေရန် အောက်ပါ အ တိုင်းပြုလုပ်ရမည်။ - • အစာလျော့ကျွေးခြင်း (သို့) အစာကျွေးခြင်းကို ဖြတ်ထားခြင်းခြင်းဖြင့် ကန်ရေတွင် ဩဇာဓါတ်များ ပိုမိုဖြစ် လာခြင်းကို ထိန်းသိမ်းပါ။ ငါးနှင့်ရောမွေးထားသော တိရစ္ဆာန်များကို အစာလိုအပ်သရွေ့သာကျွေးပါ၊ - • ရေတွင်အောက်ဆီဂျင် ပိုမိုပျော်ဝင်စေရန် ရေမျက်နှာပြင်ကိုလှုပ်ရှားပေးခြင်း (လှေလှော်ခြင်း၊ ရေပန့် ဖြင့် ရေလှည့်ပေးခြင်း) ကိုအထူးသဖြင့် နံနက်နေမထွက်မီပြုလုပ်ပါ။ ထိုသို့လုပ်ရာတွင် ကန်အောက် ခြေ မှ ရွှံ့အနည်များ ကြောင့်ရေနောက်မှုမရှိရန် ဂရုစိုက်ရမည်။ - • နေ့စဉ်အစာကျွေးခြင်းသည် ၁၀၀ ကီလိုဂရမ် (၆၂.၅ ပိဿာ) အထက်များလျှင် လေပေးစက်၊ ရေလှည့် ဒ လက်၊ ရေပန့်ဖြင့် ရေလှည့်ပေးခြင်း၊ ရေဖြန်းပေးခြင်း စသည့်နည်းလမ်းများဖြင့်ရေကိုလှုပ်ရှားပေးရမည်။ ဤတွင် နေ့စဉ်အစာကို ၁ ဟက်တာ (၂.၅ ဧက)လျှင် ၁၀ ကီလို (၆.၂၅ ပိသာ) နှုန်းခန့်ကျွေးလျှင် စရိတ် သက်သာစေရန် မြင်းကောင်ရေ ၁ ကောင်အား အင်ဂျင်အသုံးပြုသော “Venturi Aeration လေပေးရေ လှည့် ကိရိယာ” ဖြင့် ရေထုလှုပ်ရှားမှုရှိစေရန် ပြုလုပ်ပေးသင့်ပါသည်။ - • ကန်အောက်ခြေတွင်စုဝေးလျက်ရှိသော ဩဂဲနစ်အညစ်အကြေးများလျော့နည်းစေရန် ဖြစ်နိုင်ပါက ကန် အောက်ခြေရေကိုထုတ်ပြီးအရည်အသွေးကောင်းသောရေဖြင့် ကန်ရေကိုပြန်ဖြည့်ပါ။ - --------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
