cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

လေဖိအားနည်းရပ်ဝန်းတခု ထပ်မံဖြစ်ပေါ်နိုင်ကြောင်း နှင့် စိုက်/မွေးအကြံပြုချက်

. Weather News
ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၀) ရာခိုင်နှုန်း မှ (၉၁) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၁၆၊ ၁၇၊ ၁၈၊ ၂၀ ရက် နေ့ များတွင် မိုးရွာရန် ရာခိုင်နှုန်း ၉၀ နှင့် ၉၁ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။
  • ၂ဝ၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက် မှ ဇူလိုင်လ ၂၂ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်         

    ရန်ကုန်တိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၀) ရာခိုင်နှုန်း မှ (၉၁) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၁၆၊ ၁၇၊ ၁၈၊ ၂၀ ရက် နေ့ များတွင် မိုးရွာရန် ရာခိုင်နှုန်း ၉၀ နှင့် ၉၁ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။   ကျန်ရက်တွေမှာတော့ မိုးရွာရန် ၇၀ - ၇၈ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။    

      မန္တလေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၀) ရာခိုင်နှုန်း မှ (၉၂) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၁၆ ရက်နေ့ မှာတော့ မိုးရွာရန် ၉၂ ရာခိုင်နှုန်း ရှိနိုင်ပြီး ၁၉၊ ၂၀ ရက်နေ့တွေမှာတော့ မိုးရွာရန် ၂၀-၂၅ ရာခိုင်နှုန်းသာရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၅၅-၈၄ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၆°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။          

    နေပြည်တော် အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၈၃) ရာခိုင်နှုန်း မှ (၉၄) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ဇူလိုင်လ ၁၆၊ ၁၇၊ ၁၈၊ ၂၀ ရက်နေ့တွေမှာ မိုးရွာရန် ၉၁ ရာနှုန်းနှင့်အထက်မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးရွာရန် ၈၃-၈၅ ရာခိုင်နှုန်း မှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။          

      တောင်ကြီး အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၇၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၁၇၊၂၂ ရက်နေ့မှာ မိုးရွာရန် ရာခိုင်နှုန်း ၇၂-၇၆ထိ ရှိနိုင်ပြီး ၁၈၊၁၉၊၂၀ ရက်နေ့မှာတော့ မိုးရွာရန် ၄၀-၄၁ ရာခိုင်နှုန်းသာ ရှိ နိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၆၅-၆၆ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၇°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပါတယ် ခင်ဗျာ။         

      မကွေးတိုင်း အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၇) ရာခိုင်နှုန်း မှ (၉၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၁၆၊ ၁၈ ရက်နေ့တွေမှာ မိုးရွာရန်ရာနှုန်း ၉၀ ရှိနိုင်ပြီး ၁၉ ရက်နေ့မှာတော့ မိုးရွာရန် ၅၇ ရာခိုင်နှုန်း သာ ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၇၄-၈၃ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။          

      ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၀) ရာခိုင်နှုန်း မှ (၉၅) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ ဇူလိုင်လ ၂၁၊ ၂၂ ရက် နေ့တွေမှာ မိုးရွာရန် ရာနှုန်း မှာ ၇၀-၈၀ ရှိနိုင်ပြီး ကျန် ရက်တွေမှာ မိုးရွာရန် ၉၀-၉၅ ရာခိုင်နှုန်းမှာ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။          

    လေဖိအားနည်းရပ်ဝန်းတခု ထပ်မံဖြစ်ပေါ်နိုင်ကြောင်း    

    အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဘင်္ဂလားဒေ့နယ်စပ်အနီးက ကိုလ်ကတ္တားမြို့အနီးမှာ - - ဇူလိုင် ၁၃ ရက်နေ့မှာ စ တင်ဖြစ်ပေါ်ခဲ့တဲ့ အထက်လေပွေလှိုင်းက လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(DEPRESSION) ဖြစ်လာနိုင်ကြောင်း၊  

    - လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး၊ မိုးများလာနိုင်ပါတယ်။  

    - အနောက်တောင်မုတ်သုံလေက ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အားကောင်း/အားအလွန်ကောင်းနေပြီးဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အားအသင့်အတင့်သာ ရှိနိုင်ပါတယ်။  

    - အခုလိုပင်လယ်ပြင်အခြေအနေပြောင်းလဲမှုများကြောင့် ဇူလိုင် ၂၀ ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတခု ထပ်မံဖြစ်ပေါ်နိုင်ကြောင်းတွေ့ရပါတယ်။ 

    - ဇူလိုင် ၂၀ ရက်မှ ၂၈ ရက်အတွင်း မြန်မာနိုင်ငံအနှံ့အပြား မိုးအသင့်အတင့် ဆက်လက်ရွာသွန်းနိုင်ပါဦးမယ်။ မိုးရေချိန်ပမာဏ များနိုင်မည့်ဒေသများကို ဇူလိုင် ၂၀ ရက်နောက်ပိုင်းဖြစ်ပေါ်လာနိုင်ဦးမည့် ပြောင်းလဲမှုများအရ ဆက်လက်တင်ပြပေးသွားပါမယ်။ (ဇူလိုင် ၁၄ ရက် ၊ ညနေ ၁၆၄၅ နာရီ) 

      မိုးစပါးစိုက်တောင်သူများထံသို့ လက်ရှိကျရောက်နေသော စပါးဂျပိုးနက်နှင့် ရွှေခရုနှင့်ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းဆိုင်ရာအကြံပြုချက် 

    မိုးများပြီးရေထုတ်ရန်ခက်ခဲသည့်စပါးခင်းများတွင် စပါးဂျပိုးနက်ကျရောက်ဖျက်ဆီးမှုများ တွေ့လာရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 

    အကောင်ကြီး ၊ အကောင်ငယ်အဆင့်နှစ်မျိုးလုံးသည် စပါးပင်ရည်ကို စုပ်ယူဖျက်ဆီးသောကြောင့် အပင်ပုခြင်း၊ စပါးပင်များ အဝါရောင်မှ သံချေးရောင်ပြောင်းသွားခြင်း၊ အကွက်လိုက်ခြောက်သွားခြင်းတို့ကိုတွေ့ရတတ်သည်။ 

    စပါးခင်းကို ၂-၃ ရက် ရေထုတ်ပေးပါ။ စိုက်ခင်းပတ်ဝန်းကျင် ပေါင်းမြက်များရှင်းလင်းပေးပါ။ 

    ရေထုတ်ပြီးမှ Acephate (သို့မဟုတ်) Profenofos ကို အသုံးပြုပေးပါ။ 

    စိုက်ခင်းပတ်ဝန်းကျင် ပေါင်းမြက်များရှင်းလင်းပေးပါ။ 

    ရွှေခရုကျရောက်နေပါက ရေထုတ်ခြင်း၊ ရေထုတ်ပေါက်တွင် ဇကာပိုက်တပ်ခြင်း၊ ဥမြုံများကိုကြိတ်ချေဖျက်ဆီးခြင်းကို မဖြစ်မနေလုပ်ဆောင်ပါ။ 

    ပြီးမှ ဆန်ကွဲ ၂ပြည်ကျိုချက်ပြီး + Niclosamide 150 ဂရမ်နဲ့ရောပြီး မနက်ခင်းပိုင်းမှာ ပက်ပေးပါ။ 

      ငါးအစာ ကျွေးချိန်နှင့် အကြိမ်ရေအတွက် အကြံပြုချက် 

    ✅ငါးများကို ငါးကျပ်သားခန့် အရွယ်အထိ တစ်နေ့ သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်လျှင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့နှစ်ကြိမ် အစာကျွေးသင့်ပါသည်။  

    ✅ငါးကန်ရေ၏ ပျော်ဝင်အောက်ဆီဂျင် လျော့ကျတတ်သည့် မိုးအုံ့သော ရက်များတွင် ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၇၀% အောက် လျော့ချကျွေးသင့်သည်။ (အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင် ပမာဏ သည် (5ppm) အထက်ရှိရန် ဖြစ်သည်။)  

    ✅ငါးကန်ရေ၏ အပူချိန် အတက်အကျသည်လည်း အစာစားနှုန်းကို လျော့ကျစေသည်။ ( အကောင်းဆုံးအပူချိန် အတိုင်းအတာ ၂၅°C - ၃၂°C) ။ 

    ✅မနက်ပိုင်း နေထွက်ပြီး နှစ်နာရီခန့်အကြာတွင် နေ့စဉ်ကျွေးရမည့် ပမာဏ၏ ၆၀- ၆၅ % (တစ်နေ့လုံးကျွေးရမည့် အစာ၏ တစ်ဝက်ကျော်) ကို ကျွေး၍ ညနေနေမဝင်မီ နှစ်နာရီခန့် အလိုတွင် ကျန် ၃၅-၄၀ % ကို ကျွေးသင့်သည်။  

    ✅ငါးကန်ရေ၏ အရည်အသွေးသည် မိုးဆက်တိုက်ရွာသည့် နေ့များတွင် အပြောင်းအလဲ မြန်သဖြင့် ငါးများအစာစားနှုန်း လျော့ကျလေ့ရှိသည်။ 

    ကိုးကား။ ဆရာဦးဝင်းနိုင်၊ Accweather  

    ----------------         

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12           

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို          

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.          

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437          


likes
9
comments
0
views
4172