စပါးနှင့် ငါးတွဲဖက်မွေးမြူခြင်းလုပ်ငန်းအကြောင်း
- မြန်မာနိုင်ငံတွင် စပါးနှင့်ငါးတွဲဖက်ဆောင်ရွက်ခြင်းလုပ်ငန်းကို ၁၉၉၀ခုနှစ်ကစပြီးစမ်းသပ် ဆောင် ရွက်ခဲ့ပါသည်။ ဧရာဝတီတိုင်း ပဲခူတိုင်းနှင့် ရန်ကုန်တိုင်းဒေသအချို့တွင် ရေနက်ကွင်းနှင့် ရေနက်ကွင်းလယ် မြေများများစွာရှိပါသည်။ အချို့သောရေနက်ကွင်းများသည် မိုးကာလ တွင် ရေများသဖြင့်လယ်စိုက်ပျိုခြင်း မပြုနိုင်ကြပါ ၊နွေစပါးကိုသာစိုက်ပျိုးနေကြရပါသည်။ အဆိုပါလယ်မြေများတွင် စပါးနှင့်ငါး တွဲဖက်ဆောင် ရွက်ပါက ဝင်ငွေပိုမိုရရှိစေနိုင်ပါသည်။ ယခုအချိန်တွင် ထိုင်းနှင့်ဗီယက်နမ် နိုင်ငံများရှိလယ်သမားများသည် စငါးနှင့် ငါး အပြင် စပါးနှင့်ပုစွန်ပါ တွဲဖက်မွေးမြူအောင်မြင်နေကြပါသည်။ - ငါးစပါးဆောင်ရွက်ရာတွင် မိမိ၏လယ်မြေကို ဘေးပတ်ပတ်လည် အကျယ်(၆)ပေနှင့် အနက်(၃) ပေတူးဖော်ပြီး၊ တူးဖော်ထားသောမြေများဖြင့် ပတ်လည် တွင်မြေဖို့ပေးပါ။ (၆)ပေအကျယ် ပတ်မြောင်း အတွင်း စပါးစိုက်ပျိုနိုင်ပြီး ၊ (၆)ပေအကျယ် မြောင်းအတွင်း ငါး/ ပုစွန်မွေးမြူခြင်းကို ဆောင်ရွက်ပါ။ (၆) ပေအကျယ် အပြင်ဘက်မြောင်းဘောင်းကို ရေမကျော်စေရန် မြေဖို့မြင့်ထားပြီး ၊ ရေသွင်း ပေါက်တပေါက် နှင့် ရေထုတ်ပေါက် တပေါက်ကို မျက်နှာချင်းဆိုင် လယ်မြေကွက်၏တဖက်တချက်တွင် ဆောင်ရွက်ပေးထား ရပါမည်။ လယ်မြေကန်အတွင်း လိုအပ်သောရေကို ရေသွင်း/ရေထုတ်ပေါက်မှ လိုအပ်သလိုစီမံနိုင်ပါသည်။ - စပါးစိုက်မည့်မြေကွက်တွင် မိမိနှစ်သက်ရာစပါးမျိုးကို စိုက်ခင်းအဖြစ်ဆောင်ရွက်နိုင်ပါသည်။ စပါး စိုက်ပြီး (၇)ရက်မှ (၁၀)ရက်ခန့်အကြာတွင် ငါးထည့်ခြင်းကို ဆောင်ရွက်ရပါမည်။ မွေးမြူမည့် ငါးမျိုးစိတ် သည် ကာလတိုအတွင်း ကြီးထွားမြန်သော ငါးမျိုးကိုရွေးချယ်ရပါမည်။ ဉပမာ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း နှင့်တီလားပီးယား ငါးမျိုးတို့ဖြစ်ပါသည်။ ငါးသားပေါက်ထည့်သွင်းရာတွင်လည်း အနည်းဆုံး (၃)လက်မ အထက် အရွယ်ကိုသာထည့်သွင်းရပါမည်။ ငါးအရွယ် (၆)လက်မ (၈)လက်မဆိုလျှင် ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။မွေးမြူသောကာလသည် အနည်းဆုံး(၄)လမှ (၆)လ ထားရှိရပြီး၊ စပါးရိတ်သိမ်းလိုပါက အတွင်းလယ်မြေသားပေါ်အောင် ရေထုတ်ပြီး စပါးရိတ်သိမ်းပါ။ ငါးများသည် မြောင်းများအတွင်းနေထိုင် နိုင်သဖြင့် ဆက်လက်မွေးမည် ဆိုပါကမွးမြူနိုင်ပါသည်။ တဧက ငါးစပါးကွက်တွင် ငါးအကောင်ရေ အနည်း ဆုံး (၅၀၀)မှ (၁၀၀၀)အထိထည့်သွင်းနိုင်ပါသည်။ လက်တွေ့စမ်းသပ်ချက်အရ တဧကလျှင်အကောင်(၅၀၀) ထည့်မွေးမြူခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ - စပါးကောင်းမွန်စေရန်အတွက် ပုလဲ တီစူပါ မြေဩဇာနှင့် အခြားသောမြေဩဇာများ ထည့်သွင်း နိုင်ပါသည်။ စပါးနှင့် ငါးလုပ်ငန်းမဆောင်ရွက်မှီ ပတ်မြောင်း အတွင်းနှင့် လယ်မြေပေါ်တွင် ထုံးပက်ခြင်း လုပ် ငန်းကိုဆောင်ရွက်ပါကပိုမိုကောင်းမွန်ပါသည်။ ထုံးပက်လိုပါကတဧကလျှင် ပိဿာ (၆၀)အထိသုံးစွဲနိုင်ပါ သည်။ ငါးအတွက် အစာမကြွေးလည်း နေနိုင်ပါသည်။ သို့သော် အစာကြွေးပါကလည်း ဖွဲနု ပဲဖတ် များကို ကြွေးနိုင်ပါသည် ။ နေ့စဉ်ကြွေးရန် မလိုအပ်ပါ တပတ်လျှင် (၃-၄)ရက်ကြွေးမည်ဆိုပါက အဆင်ပြေနိုင်ပါ သည်။ ထူးခြားမှုမှာ စပါးပင်သည် ဘောင်နှင့် (၆)ပေဝေးကွာခြင်း ၊ အတွင်းတွင် ငါးများရှိနေခြင်းကြောင့် စပါး ပိုးကျခြင်း နှင့်ကင်းဝေးနိုင်ပါသည်။ - ဦးဆန်းအောင် - ထွက်တိုး - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
