cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်း ဇူလိုင် ၁၇ ရက် မှ ဇူလိုင် ၂၃ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
ဧရာဝတီတိုင်းတွင် တောင်တရုတ်ပင်လယ်မှဝင်ရောက်လာဖွယ်ရှိသော မုန်တိုင်းအကြွင်းအကျန်များကြောင့် မိုးများနိုင်မည့်အခြေအနေနည်းပြီး အနောက်တောင်မုတ်သုံလေကြောင့် မိုးဆက်လက်ရွာသွန်းနိုင်ခြင်း၊ နေရာကွက်၍မိုးများနိုင်ခြင်းသာ ဖြစ်နိုင်ပါတယ်။ မိုးများပြီးရေထုတ်ရန်ခက်ခဲသည့်စပါးခင်းများတွင် စပါးဂျပိုးနက်ကျရောက်ဖျက်ဆီးမှုများ တွေ့လာရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
  • အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း ၂ ခုက အနောက်-အနောက်မြောက်ဘက်အရပ်တွေကိုဆက်လက်ရွေ့လျားပြီးဆက်လည်တည်ရှိနေပါတယ်။ အနောက်တောင်မုတ်သုံလေအားဆက်လက်ကောင်းနေမှာဖြစ်ပြီး၊ တောင်တရုတ်ပင်လယ်မှ ရွှေ့လျားဝင်ရောက်လာနိုင်သည့် မုန်တိုင်းအကြွင်းအကျန်များနှင့် လေပွေလှိုင်းကြောင့် မိုးအလွများနိုင်/မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးနိုင်မည့်အခြေအနေကို သတိထားစောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

    ကြိုတင်ခန့်မှန်းချက်များအရ - ဧရာဝတီတိုင်းတွင် တောင်တရုတ်ပင်လယ်မှဝင်ရောက်လာဖွယ်ရှိသော မုန်တိုင်းအကြွင်းအကျန်များကြောင့် မိုးများနိုင်မည့်အခြေအနေနည်းပြီး အနောက်တောင်မုတ်သုံလေကြောင့် မိုးဆက်လက်ရွာသွန်းနိုင်ခြင်း၊ နေရာကွက်၍မိုးများနိုင်ခြင်းသာ ဖြစ်နိုင်ပါတယ်။ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ဟင်္သာတမြို့အထက်ဘက်ဒေသများတွင်မူ အရှေ့ဘက်မှ မိုးတိမ်များကြောင့် မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ ဧရာဝတီတိုင်းတခုလုံးအနေဖြင့် ၇ ရက်တာကာလမှာ ၂၄ နာရီအတွင်း နေ့စဉ်ပျမ်းမျှ မိုးရေချိန် ၁ လက်မ အောက်သာလျှင် ရွာသွန်းနိုင်ပြီးနေရာကွက်၍ မိုးများနိုင်ပါတယ်။

    သတိပြုရမည့် မိုးလေဝသအခြေအနေများ

    ·     တောင်ဘက်/အနောက်တောင်ဘက်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၅ မိုင်ခန့် တိုက်နိုင်ပြီး ယခုရက်သတ္တပါတ်၏ နောက်ဆုံးရက်(ဇူလိုင် ၂၃ ရက်နှင့် ၂၄/၂၅ ရက်များ)တွင် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများ၌လေတိုက်နှုန်း တနာရီ မိုင် ၄၀ အထက်၊ မိုင် ၅၀ ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။

    ·     ဧရာဝတီကမ်းရိုးတန်းပင်လယ်ပြင်တွင် ဇူလိုင် ၂၁ ရက်မှ စ တင်၍ လှိုင်းထန်လာနိုင်ပြီး ဇူလိုင် ၂၃ ရက် ည တွင် လှိုင်းအမြင့် ၁၀ ပေခန့်အထိ ရှိလာနိုင်သည်ကို သတိပြုကြရန်လိုပါမယ်။

    ·     ဤအခြေအနေများအတွက် နေ့စဉ်တင်ပြပေးနေသော မိုးလေဝသအခြေအနေ update သတင်းများကို စောင့်ကြည့်ပါရန် အကြံပြုချင်ပါတယ်။

    ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံး ည အပူချိန် ၂၆°C ရှိနိုင်ပြီး လေထုစိုထိုင်းဆ ၉၀% မှ ၁၀၀% ရှိနေနိုင်ပါမယ်။

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    မိုးစပါးစိုက်တောင်သူများထံသို့ လက်ရှိကျရောက်နေသော စပါးဂျပိုးနက်နှင့် ရွှေခရုနှင့်ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းဆိုင်ရာအကြံပြုချက်

    မိုးများပြီးရေထုတ်ရန်ခက်ခဲသည့်စပါးခင်းများတွင် စပါးဂျပိုးနက်ကျရောက်ဖျက်ဆီးမှုများ တွေ့လာရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။

    အကောင်ကြီး ၊ အကောင်ငယ်အဆင့်နှစ်မျိုးလုံးသည် စပါးပင်ရည်ကို စုပ်ယူဖျက်ဆီးသောကြောင့် အပင်ပုခြင်း၊ စပါးပင်များ အဝါရောင်မှ သံချေးရောင်ပြောင်းသွားခြင်း၊ အကွက်လိုက်ခြောက်သွားခြင်းတို့ကိုတွေ့ရတတ်သည်။

    စပါးခင်းကို ၂-၃ ရက် ရေထုတ်ပေးပါ။ စိုက်ခင်းပတ်ဝန်းကျင် ပေါင်းမြက်များရှင်းလင်းပေးပါ။

    ရေထုတ်ပြီးမှ Acephate (သို့မဟုတ်) Profenofos ကို အသုံးပြုပေးပါ။

    စိုက်ခင်းပတ်ဝန်းကျင် ပေါင်းမြက်များရှင်းလင်းပေးပါ။

    ရွှေခရုကျရောက်နေပါက ရေထုတ်ခြင်း၊ ရေထုတ်ပေါက်တွင် ဇကာပိုက်တပ်ခြင်း၊ ဥမြုံများကိုကြိတ်ချေဖျက်ဆီးခြင်းကို မဖြစ်မနေလုပ်ဆောင်ပါ။

    ပြီးမှ ဆန်ကွဲ ၂ပြည်ကျိုချက်ပြီး + Niclosamide 150 ဂရမ်နဲ့ရောပြီး မနက်ခင်းပိုင်းမှာ ပက်ပေးပါ။

    ငါးသားပေါက် ရွေးချယ်ထည့်သွင်းခြင်းအတွက် အကြံပြုချက် 

    ငါးကန်ကြီးထဲသို့ (၁)လက်မ (၁)လက်မခွဲ ငါးသားပေါက်များထည့်သွင်းပါက ရှင်သန်နှုန်းသည် (၇၅)ရာခိုင်နှုန်းသာရရှိ ကြပါသည်။ ကန်အတွင်းရှိ ရေအရည်အသွေး၊ အခြားသောငါးရိုင်းနှင့် သားစားငါးများအန္တရာယ်သည် ခံနိုင်ရည် နည်းပါးပြီး၊ အသေအပျောက်များနိုင်ပါသည်။ ထို့ကြောင့် ငါးသားပေါက်ထည့်သွင်းရာတွင် အနည်းဆုံး (၃)လက်မ မှ (၆)လက်မအထိထည့်သွင်းပါက ရှင်သန်နှုန်းကောင်းမွန်ပြီး ၊ ငါရိုင်းနှင့်သားစားငါးများအန္တရာယ်လည်း ရှောင်ရှားနိုင်ပါသည်။ 

    မိမိကန်အတွင်းသို့ ငါးသားပေါက်များမထည့်မှီ ငါးသားပေါက်များ၏ ကျန်းမာရေးကောင်း၊ မကောင်းကို အောက်ပါအတိုင်း စစ်ဆေးသင့်ပါသည်။  

    (၁)ငါး၏ ခန္ဓာပုံမှန်၊ မမှန် နှင့် ကိုယ်ခန္ဓာ အရောင်အဆင်းတောက်ပနေရမည်။  

    (၂)အကြေးခွံကျွတ်ခြင်း နှင့် ဆူးတောင်များပဲ့ခြင်း မဖြစ်စေရ။ 

    (၃)ငါးများထည့်ထားသော ရေပုံးတွင် လက်ဖြင့်ရေစီးကြောင်းဖန်တီးပေးပါက ငါးသန်များသည် ရေစီးကြောင်းနှင့်ဆန့်ကျင်ဖက်သို့‌ ရွေ့လျားကူးခတ်နေပါမည်။  

    ငါး၏ ကျန်းမာရေးကို ကြည့်ရှုပြီးနောက် အဆိုပါ ငါးများကို ကန်အတွင်း တိုက်ရိုက်ထည့်ခြင်းထက် ဆားဖျော်ရည် (သို့မဟုတ်) ပိုတက်စီယမ်ပါမင်းဂနိတ် ဆေးဖျော်ရည်တွင် အနည်းငယ်စိမ်ပြီးလွှတ်ပါက ငါးတွင် ကပ်ပါလာသော ပိုးမွှားများကို ရှင်းလင်းနိုင်ပါသည်။ 

    --------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
9
comments
0
views
3967