၁၉ ဇူလိုင် တို့မမေ့နိုင်
အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ မေ့မရဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသွားကြသည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သတ်မှတ်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၈ ကြိမ်မြှောက် အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော
အာဇာနည် ခေါင်းဆောင်ကြီးများနှင့်တကွ ခေတ်အဆက်ဆက် မြန်မာပြည် လွတ်လပ်ရေးအတွက် အသက်ချွေးသွေး ပေးဆပ်ခဲ့ကြသော အာဇာနည် သူရဲကောင်းအပေါင်းတို့အား လှိုက်လှဲဝမ်းနည်းခြင်းများစွာဖြင့် ဦးညွှတ် ဂါရဝပြုအပ်ပါသည်ခင်ဗျာ။
#အာဇာနည်နေ့
# ၁၉ဇူလိုင်မမေ့နိုင်
#HtwetToe


NewsFeed
Communities
Explore
Inbox
Me
Market Price