cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း ဇူလိုင် ၁၈ ရက် မှ ဇူလိုင် ၂၄ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
မန္တလေးမြို့၊ တံတားဦး၊ မိတ္ထီလာ၊ သာစည်၊ သဲတော+ဝမ်းတွင်းနှင့် နေပြည်တော်အပါအဝင်မန္တလေးတိုင်းတောင်ပိုင်းက တပ်ကုန်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မြစ်သား၊ စဉ့်ကိုင်၊ ကျောက်ဆည်စတဲ့မြို့နယ်တွေမှာ ၇ ရက်အတွင်းမိုးရေချိန် ၃ လက်မ ခန့်(၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၅ လက်မခန့် - ဇူလိုင် ၂၃ ရက်နေ့မှာ မိုးရေချိန် အများဆုံး ၂.၅ လက်မခန့်)ရွာသွန်းနိုင်ပါမယ်။
  • ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(Depression 09W)သည် ဇူလိုင် ၁၈ ရက်၊ ည ၁၀ နာရီနောက်ပိုင်းမှစတင်ပြီး တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်လာတော့မှာဖြစ်ပါတယ်၊ နောက်ဆုံးရ ကြိုတင်ခန့်မှန်းချက်များအရ ဇူလိုင် ၁၇ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်မှ နောက်လာမည့် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်း(Tropical Storm-TS)အဆင့်ကို ရောက်ရှိလာနိုင်ကြောင်း သိရပါတယ်။ အနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီး တရုတ်ပြည်မ အနောက်တောင်ဘက် ဟိုင်နန်ကျွန်းနဲ့ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေတွေကို ဖြတ်ကျော်ဝင်ရောက်ပြီးတဲ့အခါ မုန်တိုင်းအကြွင်းအကျန်တွေက လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွေအထိ ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံအရှေ့ဘက်ဒေသတွေကို အစောဆုံးဇူလိုင်လ ၂၁ ရက် နဲ့ ၂၂ ရက်နေ့တွေမှာ စတင်ဝင်ရောက်လာနိုင်မှာဖြစ်ကြောင်းတွေ့ရပါတယ်။ 

    မန္တလေးတိုင်းအတွင်းကို ဇူလိုင် ၂၂ ရက်၊ နေ့လည်ပိုင်းမှာ စတင်ရောက်လာနိုင်မည့် မုန်တိုင်းအကြွင်းအကျန်များကြောင့် - 

    မန္တလေးမြို့၊ တံတားဦး၊ မိတ္ထီလာ၊ သာစည်၊ သဲတော+ဝမ်းတွင်းနှင့် နေပြည်တော်အပါအဝင်မန္တလေးတိုင်းတောင်ပိုင်းက တပ်ကုန်း၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မြစ်သား၊ စဉ့်ကိုင်၊ ကျောက်ဆည်စတဲ့မြို့နယ်တွေမှာ ၇ ရက်အတွင်းမိုးရေချိန် ၃ လက်မ ခန့်(၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၅ လက်မခန့် - ဇူလိုင် ၂၃ ရက်နေ့မှာ မိုးရေချိန် အများဆုံး ၂.၅ လက်မခန့်)ရွာသွန်းနိုင်ပါမယ်။ 

    မန္တလေးတိုင်းမြောက်ပိုင်းမှ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ လက်ပံလှ၊ ဆည်တော်ကြီး၊ မတ္တရာနှင့် မန္တလေးတိုင်းအနောက်ဘက် မကွေးတိုင်းနယ်စပ်အနီးက ပုဂံ/ညောင်ဦး၊ ငါ့သရောက် မြို့နယ်တွေမှာ ၇ ရက်-မိုးရေချိန် ၅ လက်မခန့်(၂၄ နာရီ ပျမ်းမျှမိုးရေချိန် ၀.၇ လက်မခန့်)ရွာသွန်းပြီး၊ မိုးအသင့်အတင့်ရရှိနိုင်ပါမယ်။ 

     ယခုတစ်ပါတ်အတွင်း အမြင့်ဆုံးနေ့အပူချိန် ၃၂°C၊ အနိမ့်ဆုံးညအပူချိန် ၂၆°Cနှင့် လေထုစိုထိုင်းဆ ၆၀% မှ ၉၀% ရှိပြီး၊ လေထုစိုထိုင်းဆမြင့်တက်နေချိန် ခံစားရသည့်အပူချိန် ၃၉°C အထိရှိနိုင်ပါမယ်။ 

    မန္တလေးတိုင်းအတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI value) “၄၀” နဲ့ ကာဗွန်မိုနောက်ဆိုဒ်ပါဝင်မှု ၃၅၀ ppbv ရှိတာကြောင့် အန္တရာယ်ရှိနိုင်တဲ့အခြေအနေတော့ မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ဂန္ဓမာပန်းစိုက်ပျိုးရာတွင် ဂန္ဓမာကျောက်ရောဂါ ကိုသတိပြု ကာကွယ်ပါ။ ရောဂါလက္ခဏာမှာ အရွက်ရဲ့ အပေါ်ယံမျက်နှာပြင်မှာ စိမ်းရောင်ဖျော့ဖျော့ မှ အဝါရောင် အစက်အပြောက်လေးများကို ထင်ရှားစွာ တွေ့ပါတယ်။ နောက်ပိုင်းမှာ အညိုရောင် ဆဲလ်သေကွက်များ အဖြစ်ပြောင်းသွားပါမယ်။ အောက်ဖက်မျက်နှာပြင်မှာ အညိုရောင် (သို့မဟုတ်) ပန်းရောင်အဖု လေးတွေကို တွေ့ရပါတယ်။ ဆိုးဝါးစွာ ကျရောက်ခဲ့ရင်တော့ အပင်ကညှိုးခြောက်ပြီးတော့ သေသွား ပါမယ်။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - 

    • ပင်ကြွင်းပင်ကျန်များကို စိုက်ခင်းနှင့် ဝေးရာတွင် မီးရှို့ဖျက်ဆီးပစ်ပါ။ 
    • ရေအလွန်အကျွံသွင်းခြင်း ရှောင်ကြဉ်ပါ။ 
    • ရောဂါပြင်းထန်ပါက ဓာတုဆေးအနေဖြင့် ဆေးအနေနဲ့ကတော့ Azoxystrobin၊ Chlorothalonil၊ Iprodione၊ mancozeb၊ Propiconazole ၊ Thiophanate methyl၊ Hexaconazole ပါဝင်တဲ့ ဆေးအုပ်စုဝင်တွေထဲက တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ 

    ငါးစပါးတွဲဖက်မွေးမြူခြင်းအတွက် အကြံပြုချက် 

    ငါးစပါးဆောင်ရွက်ရာတွင် မိမိလယ်မြေကို ဘေးပတ်ပတ်လည် အကျယ်(၆)ပေနှင့် အနက်(၃) ပေတူးဖော်ပြီး၊ တူးဖော်ထားသောမြေများဖြင့် ပတ်လည်တွင် မြေဖို့ပေးပါ။ (၆)ပေအကျယ် ပတ်မြောင်းအတွင်း စပါးစိုက်ပျိုးနိုင်ပြီး၊ (၆)ပေအကျယ် မြောင်းအတွင်း ငါး/ ပုစွန်မွေးမြူခြင်းကို ဆောင်ရွက်ပါ။ (၆) ပေအကျယ် အပြင်ဘက်မြောင်းဘောင်းကို ရေမကျော်စေရန် မြေဖို့မြင့်ထားပြီး ၊ ရေသွင်းပေါက်တစ်ပေါက် နှင့် ရေထုတ်ပေါက် တစ်ပေါက်ကို မျက်နှာချင်းဆိုင် လယ်မြေကွက်၏ တစ်ဖက်တစ်ချက်တွင် ဆောင်ရွက်ပေးထား ရပါမည်။ လယ်မြေကန်အတွင်း လိုအပ်သောရေကို ရေသွင်း/ရေထုတ်ပေါက်မှ လိုအပ်သလို စီမံနိုင်ပါသည်။ 

    ------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
4
comments
0
views
4262