cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တိုင်ဖွန်းမုန်တိုင်း သက်ရောက်မှုကြောင့် မြန်မာနိုင်ငံ မိုးများနိုင်သည့် ဒေသများ

. Weather News
မြန်မာနိုင်ငံဘက်မှာ တိုင်ဖွန်းမုန်တိုင်း WIPHA သက်ရောက်မှုကြောင့် ဇူလိုင် ၂၃ ရက်မှ ၂၅ ရက်အတွင်း - ရှမ်းပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မအထက် ၈ လက်မအောက်ရွာသွန်းနိုင်၊ မိုးများနိုင်ပါတယ်။ ကျန်ပြည်နယ်/တိုင်းဒေသများအားလုံးမှာ မိုးအသင့်အတင့်ရွာနိုင်ပါမယ်(၂၄ နာရီ မိုးရေချိန် ၂ လက်မခွဲ အောက်ရရှိနိုင်သည်)
  • တောင်တရုတ်ပင်လယ်မှ "09W WIPHA CAT-1 တိုင်ဖွန်းမုန်တိုင်းဖြစ်လာသည်"

    ======

    တောင်တရုတ်ပင်လယ်မှ 09W WIPHA သည် ဇူလိုင် ၂၀ ရက်နေ့တွင် CAT-1 တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာကြောင်း JTWC, ECMWF, CIMSS တို့မှ တဆင့် ဆန်းစစ်အတည်ပြုပြီးဖြစ်ပါတယ်။

    ECMWF Track အရ ဇူလိုင် ၂၄ ရက် မှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးအထိ ကုန်းတွင်းလေပွေလှိုင်းရောက်ရှိနိုင်ကြောင်းခန့်မှန်းချက်တွေ့ရပြီး၊ JTWC မှ လမ်းကြောင်းခန့်မှန်း(WARNING-7)တွင် လာအိုနိုင်ငံပေါ်အထိရောက်နိုင်ကြောင်း တွေ့ရပါတယ်။

    မြန်မာနိုင်ငံဘက်မှာ တိုင်ဖွန်းမုန်တိုင်း WIPHA သက်ရောက်မှုကြောင့် ဇူလိုင် ၂၃ ရက်မှ ၂၅ ရက်အတွင်း -

    ရှမ်းပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ လက်မအထက် ၈ လက်မအောက်ရွာသွန်းနိုင်၊ မိုးများနိုင်ပါတယ်။

    ကျန်ပြည်နယ်/တိုင်းဒေသများအားလုံးမှာ မိုးအသင့်အတင့်ရွာနိုင်ပါမယ်(၂၄ နာရီ မိုးရေချိန် ၂ လက်မခွဲ အောက်ရရှိနိုင်သည်)

    ဇူလိုင်လ ၂၂ ရက်မှ ဇူလိုင်လ ၂၄ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြမ်းပြီး၊ လေတိုက်နှုန်းမြင့်မားနေပါမည်။

    ရခိုင်ကမ်းရိုးတန်းတွင် လေတိုက်နှုန်း တနာရီ မိုင် ၄၀ အထက် ရှိနေနိုင်ပြီး၊ လှိုင်းအမြင့် ၁၀ ပေ မှ ၁၇ ပေခန့်အထိ ရှိနိုင်ပါသည်၊

    မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတွင် လေတိုက်နှုန်း တနာရီ မိုင် ၄၀ အထက်ရှိနေနိုင်ပြီး၊ လှိုင်းအမြင့် ၁၀ ပေ မှ ၁၇ ပေခန့်ရှိနိုင်ပါသည်။

    မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းမှ ဒေါ်ငြိမ်း နှင့် အုန်းပင်ရွာတို့တွင် ဇူလိုင် ၁၉ ရက် မှ ဩဂုတ်လ ၁ ရက်အထိ ၂၄ နာရီ မိုးရေချိန် ၀.၅ လက်မအထက် - ၂.၅ လက်မ အထိ ရွာသွန်းနိုင်ပြီး ဇူလိုင် ၃၀ ရက်နေ့တွင် မိုးအများဆုံးရွာနိုင်ပါသည်။ လေတိုက်နှုန်း တနာရီ မိုင် ၄၀ အထက် ရှိနိုင်ပြီး လှိုင်းအမြင့် ၇ ပေခန့်အထိရှိနိုင်ပါသည်။

    မိမိနေထိုင်ရာဒေသ မိုးလေဝသအခြေအနေ ၄ ရက် ကြိုတင်ခန့်မှန်းချက် Weather Widget များကို ကိုယ်တိုင်ကြည့်ကြပါရန် - https://www.mmweather.org/divisional-cities-weather

    တိုင်ဖွန်းမုန်တိုင်း WIPHA အကြွင်းအကျန်ကြောင့် ဇူလိုင် ၂၃ ရက်နေ့တွင်မိုးများနိုင်မည့်ဒေသ - ရှမ်းပြည်နယ် - ကျိုင်းတုံ၊ တုံတာ၊ မိုင်းပျဉ်း ၂၄ နာရီ မိုးရေချိန် ၄ လက်မ မှ ၆ လက်မအထိရွာသွန်းနိုင်/မိုးသည်းထန်/မိုးများနိုင်ပါတယ်။ ကျန်ဒေသတွေမှာ မိုးရွာနိုင်/မိုးသည်းထန်နိုင်/မိုးမများနိုင်ပါ။(၂၄ နာရီ မိုးရေချိန် ၁.၂ လက်မဝန်းကျင်သာ)ရှိနိုင်ပါတယ်။

    Source:

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    ------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
13
comments
2
views
3047