cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မြေကြီးထဲတွင်ရှိသော သဲပါဝင်မှုနှင့် ရေထိန်းအားအကြောင်းလေ့လာကြမယ်။

. Soil Management
သဲမြေသည် မြေညံ့ဖြစ်သော်လည်း နုန်းမြေ၊ မြေဆွေး၊ နွားချေး သစ်ရွက်ဆွေးတို့ကို မျှတအောင် ထည့်ပေးလျှင် မြေကောင်းစိုက်ပျိုးမြေဖြစ်လာပြီး မြေပွ၊ မြေဖွယ်သဲမြေမှ လေနှင့်ရေ လွယ်ကူစွာ ဝင်ရောက်ပြီး ထွန်ယက်ရ လွယ်ကူသောမြေ အပင်တို့၏ အမြစ်များသည် မြေကြီးအတွင်း လွယ်ကူစွာ ဖြာထွက်ကြီးထွားနိုင်သော မြေဖြစ်လာပါသည်။
  • မြေဆီလွှာ၌ ရှိသင့်ရှိထိုက်သော ဂုဏ်တစ်ရပ်မှာ မြေမှုန့်များ တစ်ခုနှင့်တစ်ခု ပေါင်းကပ်၊ ပေါင်းစပ်၊ စည်းလုံးနေမှုဖြစ်သည်။ ယင်းကို Cohesion ဟု ခေါ်သည်။ ဤအထဲတွင် စည်းလုံးခြင်း ပေါင်းစပ် လုပ်ကိုင်မှု အကောင်းဆုံးမှာ မြေစေးဖြစ်သည်။ စည်းလုံးမှုမရှိဘဲ စည်းလုံးမှု အညံ့ဆုံးမှာ သဲမြေဖြစ်သည်။ 

     စိုက်ပျိုးမှု ကောင်းသောမြေသည် မဖွယ်လွန်း၊ မစေးလွန်းမြေဖြစ်နေ၍ ဖွယ်လွန်းသောမြေနှင့် စေးပိုင်သောမြေသည် ထွန်ယက်စိုက်ပျိုးရာတွင် မကောင်းချေ။ ထို့ကြောင့် စည်းလုံးမှုညံ့သော၊ စည်းလုံးမှု မရှိသော သဲမြေကို ရွှံစေးမြေနှင့် သမအောင် ရောနှယ်ပေးရခြင်းသည် နည်းလမ်းကောင်း ဖြစ်သည်။ 

    မြေဆီလွှာသည် အောက်မှဆွဲယူသော မြေကြီးဆွဲအားကို ဆန့်ကျင်ပြီး မြေကြီးအောက်ခံ မြေနက်ထဲတွင် ရှိနေသော၊ မြေအောက်ရေထဲတွင် ရှိသောရေကို မြေကြီးအပေါ်ယံလွှာသို့ ဆွဲတင် စုပ်တင်နိုင်ခြင်းကို ပြုလုပ်နေသည်မှာ မြေကြီး (မြေဆီလွှာ)ရှိ ဆံခြည်ပေါက်ပြွန်စွမ်းအား (Capillarity) ကြောင့်ဖြစ်သည်။ ဤနေရာတွင်လည်း သဲမြေနှင့် မြေစေးသည် ဆန့်ကျင်ဘက်ကွာခြားနေပါသည်။ အညာဒေသတွင်ရှိသော မြေစေး(စနယ်မြေ)သည် မြေအောက်ရှိရေကို ဆံခြည်ပေါက်ပြွန်စွမ်းအားနှင့် ဆွဲတင်စုပ်တင်ရာတွင် အစပထမပိုင်း၌ နှေးကွေးသော်လည်း ကြာမြင့်လာလေ အမြင့်သို့ ပိုမို ရောက်အောင် စွမ်းဆောင်နိုင်လေဖြစ်သည်။ 

    ထို့ကြောင့် အညာတွင် ဝါးစိုက်ပျိုးသည့် စနယ်မြေသည် နေပူလျှင် ဖုန်ထူ၍ မိုးရွာလျှင် ချော်လဲ သည့်မြေ မိုးလေဟုတ်တိပတ်တိမရွာဘဲ ဗွတ်ထရုံသာရွာလျှင် စီးလာသော ဖိနပ်သည် မြေစေးကပ်၍ အထူကြီး၊ အလေးကြီးဖြစ်လာကာ ဖိနပ်ချွတ်ပြီး လက်တွင်ကိုင်၍ လူတွဲပြီး လမ်းလျှောက်ရသောမြေ ဖြစ်လာသည်။ 

     ဆန့်ကျင်ဘက်ဖြစ်သော သဲမြေသည် ရေကို အောက်မှအပေါ်ဆွဲ စုတ်တင်ရာတွင် ဆံခြည်ပေါက် ပြွန်စွမ်းအားမြန်၍ အထက်သို့ ဆွဲတင်နိုင်သည်။ သို့သော် မြေစေးကဲ့သို့ ရေများများကို နှေးနှေးနှင့် များများ ဆွဲတင်နိုင်သဖြင့် သဲမြေများတွင် ရေကို အပေါ်တွင် အများအပြားမတွေ့ရခြင်း ဖြစ်သည်။ မစွမ်းဆောင်နိုင်ခြင်းဖြစ်သည်။ 

    သဲနှင့်မြေစေးကြား၌ မြေအဟန့်အထား၊ စပ်ကြားအနေအထား ကြားနေ အလယ်အလတ် ဖြစ်သည့် နုန်းမြေသည် ရေစုပ်တင်သည့် စွမ်းအားမှာ ကြားချပြီး မနှေးမမြန်ဖြစ်နေသောကြောင့် မျှမျှ တတ သီးနှံပင် အကြိုက် အစိုဓာတ်ရနေတော့သည်။ ထို့ကြောင့် သီးနှံစိုက်ပျိုးရာတွင် နုန်းမြေသည် မြေကောင်း၊ မြေစေးသည် အလယ်အလတ်၊ သဲမြေသည် မြေညံ့ဟု အတန်းအစားခွဲခံရတော့သည်။ ထို့ကြောင့် သဲမြေနှင့် မြေစေးတွင် နုန်းမြေထည့်ပေးလျှင် ရေထိန်းမှုမျှလာသည်။ 

    မြေမှုန့်ကလေးများ နုညက်ပြီး မြေမှုန့်တွင်ရှိသော ဖွဲ့စည်းပုံ အပေါက်အကြားများ ကျဉ်းလေလေ ရေတက်မှုအားမြင့်လေလေဖြစ်ပြီး၊အပေါက်အကြားများ ကျယ်လေလေ၊ ရေတက်မှုအား အမြင့်ထိ မရောက်ရှိနိုင်လေဖြစ်သည်။ 

     ဆံခြည်ပြွန်ပေါက်စွမ်းအားကို ရှင်းပြလိုပါသည်။ ဆံခြည်ပြွန်ပေါက်၏ စွမ်းအားဖြင့် မြေအောက်မှ ရေကို မြေဆီလွှာအပေါ်ယံ ဆွဲယူ၍ ရောက်လာသေအခါ မျက်နှာပြင်ဆွဲအား Surface Attraction ကြောင့် မြေမှုန့်များ၏ ဘေးတွင် ရေလွှာပါးပါး အမြှေးကပ်လာသည်။ (Film of Water)ဟုခေါ်၏။ ဖလင်ပြားကဲ့သို့ ရေလွှာလေးကပ်လာခြင်း ဖြစ်သည်။ 

    ထိုရေလွှာလေးကပ်များ အမှေးပါးကပ်လာနိုင်မှုသည် မြေမှုန့်သည် ငယ်သလား၊ကြီးသလား၊ ကြမ်းသလား၊ နုညက်သလား နှင့် သက်ဆိုင်သဖြင့် မြေမှုန့်ငယ်၍ နုညက်လေလေ ၊ မြေမှုန်တစ်ခုနှင့် တစ်ခု ညီညာမျှတ စိုစွတ်လေ၊ ပျံ့နှံ့ကူးစက်လေ ဖြစ်သည်။ 

     မြေကောင်း နုန်းမြေ၊အလယ်အလတ် မြေစေးထက် မြေညံ့ သဲမြေကို ပို၍ စိတ်ဝင်စားမိသည်။ တောင်သူလယ်သမားများနှင့် တွေ့ဆုံရာတွင် သဲမြေများဖြစ်နေ၍ ဘာလုပ်ရမလဲ၊ မြေကောင်းလာရန် ရေမနေသည့် သဲမြေတွင် ရေထိန်းနိုင်ရန် ဘာလုပ်ရမလဲဆိုသည်ကို ယခုပြောနေသည့်အချက်များအရ သိရလျှင် နုန်းမြေထည့်၊ မြေဆွေးထည့်၊ သဘာဝမြေဩဇာများထည့်ပြီး ပြုပြင်ရမည်။ မြေကြီး အတန်းအစား ခွဲခြားကြည့်ရာတွင်လည်း သဲပါဝင်မှုအချိုးပေါ်မူတည်၍ ခွဲခြားကြသည်။ သဲမြေ၊ ရွှံ့စေးမြေပါဝင်မှုအပေါ် ဤသို့ခွဲခြားထားသည်။ 

    မြေဆီလွှာတွင် သဲ ၈၀ ရာခိုင်နှုန်း အထက်ရှိလျှင် သဲမြေ၊ မြေဆီလွှာတွင် သဲ (၆၀) မှ (၈၀) ရာခိုင်နှုန်းရှိလျှင် သဲနုန်းမြေ၊ မြေဆီလွှာတွင် သဲ(၄၀)မှ (၆၀)ရာခိုင်နှုန်းရှိလျှင် မြေစေးနှုန်းမြေ၊ မြေဆီလွှာတွင် သဲ (၂၀) ရာခိုင်နှုန်းထက် နည်းပါက မြေစေးနယ်မြေ ဤသို့မှတ်ကြလေဟု ခွဲခြား ထားသည်။ 

     သဲကို သေချာကြည့်လိုက်လျှင် နေပူတွင် တလက်လက်နှင့် ရေစားထားသော ကျောက်မြေပွ ဖြစ်သည်။ သဲထဲရေသွန်ဟု ခေါ်ရလောက်အောင် ရေကို တားဆီးမထားနိုင်ဘဲ အောက်သို့ စီးသွား၏။ ပွနေမှုသည် မြေမှုန့်သဲတစ်ခုနှင့် တစ်ခု ကပ်ပေါင်းသည်းမှု ညီညွတ်စုစည်းမှု မရှိ၍ ဖြစ်သည်။ ထို့ကြောင့် သဲထဲရေသွန်မှမဟုတ်၊ ရေထဲသဲထည့်လိုက်လျှင်လည်း မြန်မြန်နစ်သွားသည်။ ဤသည်ကိုကြည့်၍ သိရမည်။ သဲမြေသည် ရေဓာတ်အစိုဓာတ်ကို ထိန်းသိမ်းသိုမှီးထားနိုင်စွမ်းမရှိချေ။ ပူပြင်းခြောက်သွေ့ပြီး မိုးအနည်းဆုံး ဒေသများ၌ များစွာတွေ့ရသည့်မြေဖြစ်သည်။ 

    သဲသည် ရေနှင့် အစိုဓာတ်ကို မထိန်းနိုင်သကဲ့သို့ အပင်ကို အစာအာဟာရအဖြစ် ကျွေးလိုက် သော မြေဩဇာများကိုလည်း စုပ်ယူမထားနိုင်။ ထို့ကြောင့် သဲမြေတွင် မည်သည့်သီးနှံစိုက်စိုက် မဖြစ်ထွန်းနိုင်ချေ။ အပူဆန့်နိုင်အားမှာလည်း အနည်းဆုံးဖြစ်သည်။ သဲမြေသည် နေပူလျှင် အပူရှိန် တက်လွယ်ပြီးလျှင် ပို၍ပူလာသည်။ ထို့ကြောင့် သဲမြေဆိုလျှင် ပူသည်။ ပွသည်။ ခြောက်သွေ့သည် လေယူရာလွင့်ပါ၍ တိမ်းလွယ်၊ ယိမ်းလွယ်သည်။ သဲမြေသည် မြေညံ့ဖြစ်သော်လည်း နုန်းမြေ၊ မြေဆွေး၊ နွားချေး သစ်ရွက်ဆွေးတို့ကို မျှတအောင် ထည့်ပေးလျှင် မြေကောင်းစိုက်ပျိုးမြေဖြစ်လာပြီး မြေပွ၊ မြေဖွယ်သဲမြေမှ လေနှင့်ရေ လွယ်ကူစွာ ဝင်ရောက်ပြီး ထွန်ယက်ရ လွယ်ကူသောမြေ အပင်တို့၏ အမြစ်များသည် မြေကြီးအတွင်း လွယ်ကူစွာ ဖြာထွက်ကြီးထွားနိုင်သော မြေဖြစ်လာပါသည်။ သဲမြေ သက်သက်သည် သဲလုံးကြီး၍ မြေဆွေးမပါ။ ဩဇာညံ့ဖျင်းသည့်အပြင် မြေပွ၊ မြေမွ၍ လေနှင့်ရေတို့ အလွယ်တကူဝင်နိုင်၊ ထွက်နိုင်သည်။ မြန်မြန်ခြောက်၍ မြန်မြန် စိုလွယ်သည်။ သဲမြေသက်သက်သည် မြေညံ၊ မြေဖျင်း ဖြစ်သော်လည်း သဘာဝမြေဩဇာများ ထည့်ပေးပါက မြေညက်၊ မြေထက် ဖြစ်လာနိုင် ပါသည်။ 

          ဦးမြင့်ဆွေ (ကိုရဲ - စိုက်ပျိုးရေး) စိုက်ပျိုးနိုင်ရန် မြေနှင့်ရေသည်အခြေခံ စာအုပ်မှ ကောက်နှုတ်ဖော်ပြထားပါသည်။ 

    ----------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
8
comments
0
views
3169