cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ထူးခြား မိုးလေဝသအခြေအနေ

. Weather News
ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ကမ်းရိုးတန်းဒေသများတွင် နေရာကွက်၍ မိုးသည်းထန်နိုင်ပြီး၊ မိုးရေချိန်ရရှိမှုများနိုင်ပါမယ်။
  • Special Weather Situation

    ====

    တိုင်ဖွန်းမုန်တိုင်းအဆင့်မှ အားကောင်းသောအပူပိုင်းမုန်တိုင်းအဆင့်သို့လျော့ကျလာပြီး ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်လျှက်ရှိတဲ့ "မုန်တိုင်း WIPHA" ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှ လာအိုနိုင်ငံမြောက်ပိုင်းတွေကို ကုန်းတွင်းလေပွေလှိုင်းနှင့် မုန်တိုင်းအကြွင်အကျန်များအဖြစ် ဖြတ်ကျော်ရွေ့လျားမှာဖြစ်ကြောင်း ECMWF, UKM Model တွေက ခန့်မှန်းတဲ့ လမ်းကြောင်းကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။

    တချိန်ထဲမှာပဲ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာတာတွေ့ရပါတယ်။

    အခုလို ထူးခြားတဲ့ မိုးလေဝသအခြေအနေတွေကြောင့် -

    ဇူလိုင် ၂၃ ရက် - နံနက် ၈ နာရီမှ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီအတွင်း -

    🔸 မြန်မာတနိုင်ငံလုံးနေရာအနှံ့အပြားမိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး၊

    🔸 ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ကမ်းရိုးတန်းဒေသများတွင်၊ နေရာကွက်၍ မိုးသည်းထန်နိုင်ပြီး၊ မိုးရေချိန်ရရှိမှုများနိုင်ပါမယ်။

    (ဇူလိုင် ၂၂ ရက် နေ့လည် ၁၂၃၀ နာရီ)

    ပင်လယ်ပြင်တခုမှာ ထူးခြားတဲ့အခြေအနေရှိလာတိုင်း အနီးက ပင်လယ်ပြင်တခုမှာလဲ ထူးခြားတဲ့အခြေအနေဖြစ်လာတတ်ကြောင်း၊ A-B-C connection effect အရဖြစ်လာတတ်ကြောင်း ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။

    တောင်တရုတ်ပင်လယ်က မုန်တိုင်း WIPHA ဖြစ်ပေါ်မှုနှင့် ဆက်စပ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း/လေပွေလှိုင်းဖြစ်ပေါ်မှုကလည်း A-B-C connection ကြောင့်ပါဘဲ။

    🔸 WIPHA ကြောင့် ဘင်္ဂလားပင်လယ်အော်မှာ LPA တခုဖြစ်လာပြီး အနောက်တောင်မုတ်သုံလေအား ပိုကောင်းလာတာကြောင့် - မြန်မာနိုင်ငံမှာ မုတ်သုံမိုး+မုန်တိုင်းအကြွင်းအကျန်မိုးတွေက ဇူလိုင် ၂၂ ရက် ည ပိုင်းမှ ဇူလိုင် လကုန်အထိတောင် ဆက်ရွာနေဦးမှာဖြစ်တာကြောင့်၊ နေရာဒေသအလိုက် မိုးသည်းထန်တာ၊ မိုးရေချိန်များနိုင်တာတွေ ရှိနေပါမယ်။

    🔸 ၂၀၂၄ ခုနှစ်တုန်းက "SEVERE TYPHOON YAGI"လောက် ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းကြီးမဟုတ်တာကြောင့် အရှေ့ဘက်မှ ရွေ့လျားဝင်ရောက်လာတဲ့ မုန်တိုင်းအကြွင်းအကျန်တွေကလည်း များနိုင်မှာမဟုတ်လို့ ၂၀၂၄ ခုနှစ်တုန်းကလို ရေကြီးရေလျှံဖြစ်တာလဲ ပြင်းထန်နိုင်မှာမဟုတ်ပါ။

    🔸 မိုးလယ်ကာလအတွင်းမှာဖြစ်နေတာ၊ ဒီရေတက်ရက်နဲ့ ကြုံကြိုက်နေတာတွေကြောင့် အောက်ရေတောင့်ပြီး မြစ်ချောင်းကမ်းဘေးက အနိမ့်ပိုင်းရပ်ကွက်တွေမှာမြင့်တက်လာတဲ့ရေ level က မြန်မြန်ပြန်မကျနိုင်တာတခု သတိထားကြရပါမယ်။

    🔸 အနောက်ဘက်နဲ့ တောင်ဘက်အရပ်တွေက လေပြင်းတိုက်ခတ်တာတွေရှိပြီး မိုးသည်းထန်နိုင်တာကြောင့် ရုတ်တရက်ကျဆင်းလာတတ်တဲ့ တောင်ကျရေကိုလည်း သတိရှိရှိနဲ့ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

    ၂၀၂၄ ခုနှစ်တုန်းကလို ရက်ရှည်ရေကြီးနေတဲ့ အခြေအနေမျိုးဖြစ်နိုင်မှာမဟုတ်တာကြောင့် စိုးရိမ်ပူပန်စိတ်တွေတော့ လျော့နည်းနိုင်ပါမယ်။

    (ဇူလိုင် ၂၂ ရက် ၊ နေ့လည် ၁ နာရီ)

    Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
14
comments
2
views
3028