cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မြန်မာနိုင်ငံ မိုးများခြင်း၊ ရေကြီး/ရေလွှမ်းခြင်းအခြေအနေများ

. Weather News
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသချို့တွင် နေရာကွက်၍ မိုးများနိုင်ပါသည်။ နေရာကွက်၍ မိုးများနိုင်(၂၄ နာရီ မိုးရေချိန် ၁.၂ လက် မ အထက် ၄ လက်မအောက် ရွာသွန်းရရှိနိုင်သည့်)ပြည်နယ်/တိုင်းဒေသများ -
  • ဇူလိုင် ၂၄ ရက်နေ့တွင် မိုးသည်းထန်ခြင်းနှင့် ရွာသွန်းသောမိုးရေချိန်များခြင်းအပြီးတွင် မြဝတီမြို့၊ သောင်ရင်းမြစ် ရေကြီး/ရေလွှမ်းနိုင်ခြင်း သတိပေးချက် ALERT LEVEL သည် အဝါရောင်အဆင့်တွင် ဩဂုတ်လ ၇ ရက်အထိ ဆက်လက်တည်ရှိနိုင်ပါသည်။

    GloFAS(Global Flood Awareness System)၏ ဇူလိုင် ၂၃ ရက်နေ့ရရှိသော update အချက်အလက်များအရ၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း+နေပြည်တော်၊ ရှမ်းပြည်နယ်အတွင်း ရေလွှမ်းမိုးခြင်းကြောင့် ထိခိုက်နိုင်သည့် စိုက်ပျိုးမြေအကျယ်အဝန်း ကြိုတင်ခန့်မှန်းချက်ကို ပုံများတွင်ဖေါ်ပြထားပါသည်။

    (ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီ ၁၀ မိနစ်)

    ==========

    "POSSIBLE FLASH FLOOD"

    (ဇူလိုင် ၂၃ ရက် နေ့လည် ၂ နာရီ ၃၀)

    မကွေးတိုင်း ပေါက်မြို့နယ်နှင့်၊ မန္တလေးတိုင်း ပုဂံ-ညောင်ဦး မြိ့နယ်များအတွင်းမှာ ယနေ့ ဇူလိုင် ၂၃ ရက် ည မှ ဇူလိုင် ၂၄ ရက် အထိ မိုးသည်းထန်နိုင်/မိုးများနိုင်ပါမယ်။

    ၂၄ နာရီအတွင်း ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန် ၄ လက်မအထက်- ၅ လက်မနီးပါးခန့်အထိရှိနိုင်တာကြောင့် ရုတ်တရက်ရေကြီးနိုင်မည့်အခြေအနေ(FLASH FLOOD) ကို အထူးသတိထားရပါမယ်။

    ======

    ဇူလိုင် ၂၄ ရက် နံနက်မှ စတင်၍ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်-အနောက်တောင်ဘက် မိုင် ၁၄၀ ခန့်တွင်လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လျှက်ရှိသည်။

    လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသချို့တွင် နေရာကွက်၍ မိုးများနိုင်ပါသည်။

    နေရာကွက်၍ မိုးများနိုင်(၂၄ နာရီ မိုးရေချိန် ၁.၂ လက် မ အထက် ၄ လက်မအောက် ရွာသွန်းရရှိနိုင်သည့်)ပြည်နယ်/တိုင်းဒေသများ -

    တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း-အရှေ့၊ နေပြည်တော်၊ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်

    မိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၁.၂ လက်မ ဝန်းကျင်ရွာနိုင်သည့်)ဒေသများ -

    ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း-အနောက်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်-မြောက်ပိုင်း

    ၄ ရက် ကြိုတင်ခန့်မှန်းကြည့်ရန် - https://www.mmweather.org/divisional-cities-weather

    (ဇူလိုင် ၂၄ ရက် နံနက် ၁၀၃၀ နာရီ)

    ==========

    Source: U Win Naing

    Administration Team,

    MMWEATHER,

    https://www.mmweather.org/home

    -----

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
  • article
  • article
  • article
  • article
  • article
  • article
likes
9
comments
0
views
2856