ငါးကြင်းမျိုးအုပ်စု ငါးသားပေါက်များ ပြုစုပျိုးထောင်ခြင်း
- ရေချိုငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် မိုးဦးကျ ဇွန်လမှစတင်ပြီး ငါးကြင်းမျိုးစိတ်အုပ်စုဝင်ငါးများ သားဖောက်ခြင်းကို ဆောင်ရွက်ကြပါသည်။ ငါးလုပ်ငန်းဦးစီးဌာနနှင့် ပုဂ္ဂလိက ငါးသားပေါက်စခန်းများမှ နှစ် စဉ် ဇွန်လမှ စက်တင်ဘာလလယ်အထိ ဆေးထိုးသားဖောက်လုပ်ငန်းကို ဆောင်ရွက်ကြပါသည်။ အဆိုပါ ငါးသားဖောက်စခန်းများမှ ငါးသန်းအရွယ်၊ ငါးဖျန်းအရွယ် ငါးများကို ငါးမွေးတောင်သူများမှ ဝယ်ယူပြီး အသားတိုးမွေးမြူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြပါသည်။ - အချို့သော ငါးမွေးတောင်သူများသည် ဆေးထိုးသားဖောက်ခြင်းလုပ်ငန်းကို တိုက်ရိုက်ဆောင်ရွက် ခြင်းမပြုပါ။ ငါးများ ဆေးထိုးသားဖောက်ပြုလုပ်ပြီး သားပေါက်ပြီး (၃)ရက်ကျော် ငါးမှုန်များကို ဝယ်ယူပြီး ငါးသန်အရွယ် ၊ ငါးဖျန်းအရွယ် အဆင့်ပြုစုမွေးမြူခြင်းလုပ်ငန်းကို ဆောင်ရွက်ကြပါသည်။ ငါးမွေးမြူရေး လုပ်ငန်းတွင် ဥမှ အကောင်ပေါက်ပြီး (၃)ရက်မှ (၇)ရက်အရွယ်ကို ငါးမှုန်ဟု သတ်မှတ်ကြပါသည်၊ လောက် လန်းအရွယ်သာသာရှိပါသည်။ (၇)ရက်မှ (၂၅)ရက်ကြာသောအချိန်တွင် ငါးဟု သိသာထင်ရှားစွာမြင်ရပြီး အရွယ်အားဖြင့် တစ်လက်မ၏ ၅ပုံ ၁ပုံ သည် ငါးမှုန်ကြီးဟုခေါ်ဆို သတ်မှတ်ကြပါသည်။ အဆိုပါ ငါးမှုန်ကြီး အရွယ်မှ (၂ - ၃)လက်မအရွယ် ငါးသားပေါက်များကို ငါးသန်ဟု သတ်မှတ်ကြပါသည်။ ငါးသန် အရွယ်မှ (၅)လက်မအထက် (၇-၈)လက်မအရွယ် ငါးသားပေါက်များကို ငါးဖျန်းဟုသတ်မှတ်ကြပါသည်။ - ငါးသားပေါက်ပြုစုသူများအနေဖြင့် ငါးမှုန်မှ ငါးသန်အထိ မွေးမြူကြပြီး၊ ငါးသန်အဆင့်တွင် အရောင်းအဝယ် ပြုကြပါသည်။ ထို့ကြောင့် ငါးသားပေါက်ပြုစုမွေးမြူရာတွင် ငါးမှုန်ပြုစုကန်နှင့် ငါးသန်ပြုစုကန်ဟူပြီး ခွဲခြား ဆောင်ရွက်ကြပါသည်။ ငါးမှုန်ပြုစုကန်သည် ကန်အရွယ်အစားကြီးရန် မလိုအပ်ပါ။ (၀.၀၁)မှ (၀း၂၅) ဧက အရွယ်သာရှိရပါမည်၊ အဆိုပါကန်တွင် ငါးမှုန်များကို ငါးမှုန်ကြီးအဆင့် ပြုစုမွေးမြူရန်သာဖြစ်ပါသည်။ မွေးမြူမည့်ကာလအချိန်သည် (၁၅)ရက်မှ (၂၅)ရက် တစ်လနီးပါးသာ မွေးမြူရန်ဖြစ်ပါသည်။ ငါးမှုန်သားလောင်းများသည် နုနယ်ပြီး ရာသီဥတု ဒဏ်မခံနိုင်ကြသဖြင့် အထူးဂရုစိုက် ပြုစုရန်လိုအပ်ပါသည်။ ထို့ကြောင့် ကန်ပြင်ဆင်ခြင်းလုပ်ငန်းကို အောက်ပါအတိုင်း စနစ်တကျ ဆောင်ရွက်ကြစေလိုပါသည်။ - ငါးမှုန်များမထည့်မှီ ကန်ကိုပက်ကြားအက်အောင်အခြောက်ခံပါ၊ ကန်ပတ်လည်တွင် မြက်ပင်များ ပေါင်းပင်များမရှိစေရန် ရှင်းလင်းပါ။ ကန်အောက်ခြေကို မြေပြင်ညီအောင်ညှိပါ၊ နှုံးများမရှိစေရန်နှင့် ကန်အ တွင်းအပင်များရှိပါက ရှင်းလင်းပါ။ ကန်ကိုအခြောက်ခံပြီးပါက ကန်အောက်ခြေကို တစ်ဧကလျှင် ထုံး(၆၃) ပိဿာ ပက်ပေးပါ။ ထို့နောက် ထုံးနှင့်မြေသားဓါတ်ပြုစေရန်အတွက် (၃)ရက်မှ (၇)ရက်အကြာထားပေးရ မည်။ ထို့နောက် ရေကိုရေစစ်ဇကာဖြင့် ကန်အတွင် (၂)ပေမှ (၂)ပေခွဲအထိသွင်းရပါမည်။ ရေသွင်းခြင်းသည် အရေးကြီးပါသည်။ သွင်းသောရေတွင် သားစားငါးနှင့် ငါးရိုင်းများပါလာပါက ငါးမှုန်များသေစေနိုင်ပါသည်။ ရေစစ်ကိုစနစ်တကျသွင်းနိုင်ရန် မိုက်ခရွန် (၅၀)မှ (၁၀၀)အထိရေစစ်ကို အသုံးပြုပေးပါရန်အကြံပြုအပ်ပါ သည်။ - ရေသွင်းပြီးနောက် ငါးမှုန်ကိုတိုက်ရိုက်ထည့်သွင်းခြင်းကိုမဆောင်ရွက်သင့်ပါ၊ ရေသွင်းပြီး နောက် ထုံးထည့်ခြင်းကိုထပ်မံဆောင်ရွက်ပါ။ တဧကလျှင် ထုံး ၁၅ ပိဿာထပ်မံဖြည့်သွင်းပေးပါ၊ ထုံးထည့်ပြီး (၄-၅)ရက်ကြာလျှင် ရေဩဇာရရှိစေရန် တဧကလျှင် ပုလဲ(၄) ပိဿာ နှင့် တီစူပါ (၉)ပိဿာကို ကန်အတွင်း ထည့်သွင်းပေးပါ။ (၃)ရက်မှ (၇)ရက်အကြာတွင် ကန်ရေအရောင်သည် အစိမ်းနုရောင် ဖြစ်လာပါလိမ့်မည် ဆိုပါအချိန်သည် ငါးမှုန်ထည့်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ - ငါးမှုန်ထည့်သွင်းနှုန်းမှာ တစ်ဧကလျှင် (၁၀)သိန်းမှ (၁၅)သိန်းအထိထည့်သွင်းနိုင်ပါသည်။ - ဦးဆန်းအောင် - ထွက်တိုး - ---- - မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
