ပြုစုစောင့်ရှောက်ရလွယ်ပြီး ဈေးကွက်အလားအလာကောင်းနိုင်သည့် နဂါးမောက်
- နဂါးမောက်သီးသည် အရွက်မရှိ၊ ပင်စည်တွင် အစာနှင့် ရေသိုလှောင် ထားနိုင်သော တွယ်ကပ်ပင် အမျိုးအစား ဖြစ်ပါသည်။ နဂါးမောက်သည် တောက်ပသော အနီရောင် အခွံပျော့ရှိပြီး အစိမ်းရောင် ရွက်ဖတ်များ ပါဝင်သည်။ အစိမ်းရောင် ရွက်ဖတ်သည် အသီးရင့်မှည့်ပါက အနီရောင်သို့ အသီးခွံ ပျော့နှင့်အတူ ပြောင်းလာမည်။ အသီး၏ အတွင်းအသားရောင်မှာ သေးငယ်သောအနက်ရောင်စေ့များပါဝင်သောအဖြူရောင်၊ - သို့မဟုတ် ကြက်သွေး ရောင်၊ ခရမ်းရောင် ရင့်ရင့်၊ အနီရောင်၊ အသားရောင် အသားပါရှိသည်။ - နဂါး မောက်ပင် ၏ အပွင့်မှာ အလွန်လှပပြီး ညတွင် ပွင့်သောကြောင့် ည၏ ဘုရင်မပန်း ဟုပင် တင်စားခေါ် ပါသည်။ - နဂါးမောက်ပင်စိုက်ပျိုး ရာတွင် အပင်တွယ်တက်ရန် တိုင်နှင့်တန်း များ၏ တန်ဖိုးကြောင့် အရင်းအနှီးကြီး သည်ဟု ပြောနိုင်သော်လည်း မိမိပတ်ဝန်း ကျင်တွင် လွယ်ကူစွာနှင့် စျေးချိုစွာရနိုင် သော သစ်ဝါးကို အသုံးပြု၍ စိုက်ပျိုးပါက အရင်းအနှီးမများလှပဲ စတင်စိုက်ပျိုးနိုင်ပါသည်။ - နဂါးမောက်ပင်ကို အထူးတလည် ဂရုစိုက်စရာမလိုပဲ လွယ်ကူစွာစိုက်ပျိုးနိုင်ခြင်း၊ ပြုစုစောင့်ရှောက်မှုနည်းခြင်းနှင့် ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်းတို့ကြောင့် စီးပွားဖြစ် စိုက်ပျိုးသင့်သော သီးစားပင် တစ်ခု ဖြစ်ပါသည်။ နဂါးမောက်သီးပင်သည် အပင်သက်တမ်း အနှစ် ၂၀ ခန့်ရှိပြီး တစ် ဧကတွင် - အပင် ၁,၆၀၀ မှ ၅,၀၀၀ စိုက်ပျိုး နိုင်ပါသည်။ အကြမ်းအားဖြင့် နဂါးမောက်ခြံတစ်ဧကလျှင် အသီး ၁၀ တန်ခန့် ရရှိပါ မည်။ - စိုက်ပျိုးပြီးရှစ်လကျော်လျှင် နဂါး မောက်သီး စတင်သီးလာမည်ဖြစ်ပါ သည်။ စွမ်းအားပြည့် သီးပွင့်လာစေရန် အတွက် အပင်သက်တမ်းနှစ်နှစ်မှ ငါးနှစ် ကြာပါသည်။ နဂါးမောက်သီးပင်ကို နွား ချေး၊ မြေဆွေးစသည့် ပတ်ဝန်းကျင်တွင် လွယ်ကူစွာရနိုင်သော အော်ဂဲနစ်မြေသြဇာ သုံး၍ စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။ နဂါးမောက်သီးပင်သည် နိုက်ထရိုဂျင်လိုအပ်မှု နည်းသောကြောင့် နောင်တွင် - တွင်ကျယ်လာမည့် စီးပွားရေးအရ အလားအလာ ကောင်းသော သီးစားပင်ဖြစ် လာနိုင်ပါသည်။ - နဂါးမောက်သီးပင် မျိုးကွဲများစွာ ရရှိသော်လည်း စာရေးသူအနေနှင့် အတွင်းသား အဖြူရောင်နှင့် အနီရောင်နှစ်မျိုးကို သာ အဓိက ဆွေးနွေးသွားပါမည်။ - နဂါး မောက်ပင်ကို လေ့လာရာတွင် သုံးထောင့်ပုံ ပင်စည်၊ ပင်လုံးရှိပြီး အဖြူရောင်ပန်းပွင့် ရှိပါသည်။ - စားသုံးနိုင်သော နဂါးမောက်သီး ပင်၏ ပင်စည်၊ ကိုင်း၊ အပင်၏သဘာဝ၊ အသီး၏ အရောင်နှင့် အသီးအတွင်း အသား၏အရောင်ကိုမူတည်၍ ခွဲခြား လေ့လာနိုင်ပါသည်။ နဂါးမောက်သီးဟု လွယ်ကူစွာခေါ်သလို နိုင်ငံအလိုက် လူမျိုး အလိုက် အခေါ်နာမည်များ ကွဲပြားခြားနား ပါသည်။ - ရုက္ခဗေဒဆိုင်ရာ ဖော်ပြရာတွင် နဂါးမောက်ပင်သည် အပေါက်မြန်ကြီးထွားသော တွယ်ကယ်ပင်ဖြစ်သည်။ - အများအား ဖြင့် သုံးထောင့်ပုံပင်စည်ကို ရှားပါးစွာ တွေ့ရတတ်ပါသည်။ - ပင်စည်မှ အကိုင်း၊ အခက်၊ အတက်ခွဲများ ထွက်နေသည်ကိုတွေ့ရပါ မည်။ အကိုင်း၊ အခက်၊ ပင်စည်မှ အမြစ် ပွားများ ထွက်လာပြီး ယင်းအမြစ်ပွားများက တွယ်ကပ်၍ရသော သစ်ပင်၊ ကျောက်နံရံ စသည့် အသင့်အတင့်စွတ်စိုသော မှီတွယ် စရာကို မှီတွယ်၍ တက်ပါသည်။ - #နဂါးမောက်ပန်းပွင့် - သုံးခုမှ ငါးခုပါသော အဖူးတို့သည် ပင်စည်မှ တိုက်ရိုက်ထွက်လာပါသည်။ ယင်းအဖူးတို့သည် ၁၃ ရက်ခန့်တွင် ပန်းဖူးများ အဖြစ်ပြောင်းလဲ သွားပါမည်။ အစိမ်းရောင်ဖျော့ဖျော့ပန်းဖူးတိုသည် ၁၇ ရက် အကြာတွင် ၂၈ စင်တီမီတာ ခန့်သို့ ရောက်ရှိမည် ဖြစ်ပါသည်။ ပန်းပွင့်တို့သည် ညနေ ၆ နာရီမှစ၍ လျင်မြန်စွာပွင့်လာပြီး ည ၁၀ နာရီခန့်တွင် အစွမ်းကုန်ပွင့်ပါမည်။ နောက် နေ့ည၂ နာရီခန့်တွင် ပန်းပွင့်ဝတ်မှုန်ကူးပြီး ပန်းပွင့်ညှိုးပိတ်နေပါမည်။ ပတ်ဝန်းကျင် ရာသီဥတု အပူချိန်၊ အလင်းရောင် ပန်းပွင့်ခြင်းကို သြဇာ သက်ရောက် ပြောင်းလဲစေနိုင် ပါသည်။ ပူနွေး၍ တိမ်သာသောနေ့တွင် ညနေ လေးနာရီခန့်တွင် ပန်းပွင့်နိုင်သလို အေးမြသော ရာသီဥတုတွင် ပန်းပွင့်ဖတ်များ ညှိုးပိတ်ခြင်းကို နေ့ခင်း တစ်နာရီခန့်အထိ တွေ့နိုင်ပါမည်။ - ညတွင် ပန်းဖြစ်သော်လည်းပန်းဝတ်မှုန်ကူးခြင်း ညတွင် မဖြစ်ခဲ့ပါက နောက်နေ့နံနက်အထိ ပန်းဆက်လက်ပွင့် နေမည် ဖြစ်ပါသည်။ - ပန်းပွင့်အဖူးမှ ပန်းပွင့်သည်အထိ ၂၅ မှ ၃၅ ရက်ခန့်ကြာတတ် ပါသည်။ စာရေးသူ၏ နဂါးမောက်ခြံတွင် ဧပြီ လမှ နိုဝင်ဘာလအထိ နဂါးမောက်ပန်းများ ပွင့်ပါသည်။ - ဒီဇင်ဘာလအအေးပေါ့သော ကာလတွင်လည်း အနည်းငယ် သီးပွင့်တတ်ပါသည်။ - #ပန်းဝတ်မှုန်ကူးခြင်း - သစ်သီးများ ကြီးထွား အောင်မြင်စေရန် ဝတ်မှုန်ကူးခြင်းသည် အလွန်အရေး ကြီးသည်။ နဂါးမောက် ပန်းပွင့် တို့သည် ညတွင်ပွင့် သောကြောင့် ညတွင်သွားလာနေသော အင်းဆက်၊ တိရစ္ဆာန်ငယ်များကြောင့် ဝတ် မှုန်ကူးခြင်း အောင်မြင်နေရပါသည်။ - စာရေး သူ၏ခြံတွင် သီးနှံအသစ်အဖြစ် စိုက်ပျိုး ရာတွင် သဘာဝအလျောက် ဝတ်မှုန်ကူး ခြင်းအောင်မြင်မှု သင့်တင့်အောင် ရှိပါသည်။ - သို့သော် ဝတ်မှုန်ကူးခြင်းအားလုံး အောင်မြင်ရန်မှာ လူနှင့် ဝတ်မှုန်ကူးခြင်း ပြုလုပ်ပေးရမည်ကို အလေးအနက်ထား၍ စဉ်းစားရပါမည်။ - ပျားမွေးမြူ ခြင်းကို တွဲ ဖက် ပြုလုပ်ပါက ဝတ်မှုန်ကူးခြင်းကို ပျားများက တာဝန်ယူသွားမည် ဖြစ်ပါသည်။ - ပင်ထီး ဝတ်မှုန်ကူးခြင်းထက် ပင်ခြား ဝတ်မှုန် ကူးခြင်းက သာလွန်ကောင်းမွန် သော အသီးများရနိုင်သဖြင့် နဂါးမောက် အဖြူသီးနှင့် အနီရောင် အသီးမျိုးပင်တို့ကို သင့်တင့်စွာရော၍ စိုက်ပေးထား သင့်ပါသည်။ - #နဂါးမောက်အသီးသီးခြင်း - နဂါးမောက် အသီးအရွယ် အစားကြီးသည် ဖြစ်စေ၊ အလယ် အလတ်စား ဖြစ်စေ ပုံသဏ္ဌာန်မှာ ကြက်ဥကြီး၊ ဘဲဥကြီးအဝိုင်း ပုံနှင့် ပွင့်ဖတ်ချပ်များပါဝင်သည်။ အသီး အရောင်မှာ အနီရောင်ဖြစ်ပါသည်။ - အသီး ၏အတွင်းအသားရောင်မှာ အဖြူရောင်၊ သို့မဟုတ် အနီရောင်ဖြစ်ပါသည်။ အဝါ ရောင် နဂါးမောက်သီးကိုတော့ စာရေးသူ ၏ခြံတွင် မရရှိသေးပါ။ နဂါးမောက်သီး၏ ပြင်ပအရောင်မှာ - နုစဉ်ကာလတွင် အစိမ်းရောင်ဖြစ်ပြီး ခန့် မှန်းခြေ ၂၅ ရက်ခန့်အကြာတွင် အနီရောင် သည် လေးရက်မှ ငါးရက်ခန့်ကြာပြီးလျှင် လုံးဝအနီရောင်သို့ ပြောင်းလဲသွားပါမည်။ နဂါးမောက်သီး၏ အသီးအဆင့်ဆင့် ဖြစ်ပေါ်လာပုံ ရင့်မှည့်လာချိန်မှာ အသီး ကင်းစသည်မှစ၍ အသီးရင့်မှည့်လာချိန် အထိ - ရက်ပေါင်း ၂၅ ရက်မှ ၄၅ ရက်ခန့် ကြာပါသည်။ နဂါးမောက်သီးကို အခွံခွာ ၍ အခြောက်ခံလျှင် - အလေးချိန်လျော့ကျ သွားသလို အသားသည်လည်း ပျဉ်းတွဲ လာပါသည်။ နဂါးမောက်သီးသည် - ခူး ဆွတ်ပြီးနောက် ရင့်မှည့်ပြောင်းလဲခြင်း မရှိပါ။ - အရင့်မှည့်ဆုံးအချိန်တွင် နဂါးမောက် သီးသည် အနီရောင်သို့ ပြောင်းလဲသွား ပါမည်။ အသီးတွင်ရှိသော ရွက်ဖက်များ ၏ အရောင်သည်လည်း အနီရောင်သို့ ပြောင်းပါမည်။ အတွင်းသားအဖြူရောင် နဂါးမောက်သီး၏ ရွက်ဖက်ထိပ်သည် အစိမ်းရောင်ဖြစ်ပြီး အတွင်းသား အနီရောင် နဂါးမောက်သီး၏ ရွက်ဖက်ထိပ်သည် အနီရောင်ဖြစ်ပါသည်။ အသီးမှည့်ချိန်၊ ခူး ဆွတ်ချိန်မှာအသီးစတင်ပြီး ရက်ပေါင်း ၃၀ မှ ၅၀ ကြာပါသည်။ နဂါးမောက်သီးသည် ပူအိုက်စွတ်စို၊ သို့မဟုတ် ပူအိုက်ခြောက် သွေ့သောရာသီဥတုတွင် စိုက်ပျိုးနိုင်ပြီး - နိုင်ငံအများအပြားတွင် အောင်မြင်စွာ စိုက်ပျိုးနေသည်ကို လေ့လာသိရသည်။ - #နဂါးမောက်သီးစားသုံးမှုနှင့်အသုံးချမှု - နဂါးမောက်သီးကို အသီးမှည့်စား သုံးမှုသာမက စက်မှုကုန်ကြမ်းအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ အသီး၏ ၇၀ ရာခိုင် နှုန်းမှ၈၀ ရာခိုင်နှုန်းရှိသော အသီး၏ အသားကို စားသုံးနိုင်ပြီး အသီးမှည့်အတိုင်း မပြုပြင်ဘဲ စားသုံးလေ့ရှိပါသည်။ - နဂါး မောက်သီးမှည့်ကို စက်မှုကုန်ကြမ်းအဖြစ် သုံးပြီး ဖျော်ရည်၊ ယိုလုပ်ငန်း၊ ရေခဲမုန့်၊ ဂျယ်လီနှင့်ဝိုင်လုပ်ငန်းများတွင် တွင်ကျယ် စွာ သုံးလေ့ရှိပါသည်။ အစားအသောက် များကို အရောင်ဆိုးရန်အတွက် သဘာဝ ဆိုးဆေးလုပ်ငန်းတွင်လည်း အသုံးပြုပါ သည်။ နဂါး - မောက်ပန်းအဖူးကလေးများ ကို စွပ်ပြုတ်ပြု၍စားသောက်နိုင်သလို အပွင့်ကိုလည်း လက်ဖက်ခြောက်ကဲ့သို့ ရေနွေးဆူဆူနှင့်သောက်ပါက ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါသည်များအတွက် ကျန်းမာရေးဆေးတစ်မျိုးအနေနှင့် သုံးလေ့ ရှိပါသည်။ - နဂါးမောက်သီးအနီတွင် ကျန်း မာရေးအထောက်အကူပြု ဂုဏ်သတ္တိများ ဆေးဖက်ဝင်သည့် အကျိုးကျေးဇူးရှိပါ သည်။ - နဂါးမောက်သီးအနီသည် ကင်ဆာ ရောဂါကို ကာကွယ်နိုင်သလို ဆီးချိုရောဂါ ကိုလည်း သက်သာစေပါသည်။ - အဆိပ်အတောက်ကိုပြေစေသဖြင့် ကိုလက်စထရောကိုကျစေပြီး သွေးတိုးကို သက်သာစေပါသည်။ သွေးတွင် ပါဝင်သော သကြားပမာဏကို လျော့ကျစေပြီး သွေး ယိုစီးမှုကို ကာကွယ်ခြင်းနှင့် သွားများကို လည်း ခိုင်မာစေပါသည်။ နဂါးမောက်သီးတွင်ဗီတာမင်စီနှင့် ဖော့စရပ်စ်ဓာတ်များ ပါဝင်သဖြင့် အရိုးများကို ခိုင်မာစေပြီး သွားများကို ခိုင်မာစေခြင်းနှင့် အသားအရေ၊အရေပြားတို့ကို လှပစေပါသည်။ အားလုံးခြုံငုံ၍ ပြောရလျှင် နဂါးမောက် အနီသီးသည် ကျန်းမာရေး အထောက်အကူ ဖြစ်သည့် - ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ် ပါသည်။ - နဂါးမောက်သီးပင် စိုက်ပျိုးရေးခြံ များကို အိမ်တွင် တစ်နိုင်တစ်ပိုင်မှစ၍ ဧက ပေါင်းများစွာ စိုက်ပျိုးသော ခြံများအထိတွေ့ရနိုင်ပါသည်။ - စာရေးသူ၏ခြံတွင် နဂါး မောက်ပျိုးပင်များနှင့် ကိုင်းဖြတ်များကို လိုအပ်သလောက် ဝယ်ယူရရှိနိုင်ပါ - သည်။ နဂါးမောက်ပင် စိုက်ပျိုးခြင်းသည် ဝင်ငွေ ကို အမြန်ဆုံးပြန်ရရှိစေသော နှစ်ရှည်သီး စားပင် ဖြစ်ပါသည်။ ပထမ ၈လမှ နှစ်နှစ် အတွင်း ဝင်ငွေရရှိနိုင်ပြီး ငါးနှစ်အတွင်း အပြည့်အဝသီးပွင့်၍ ပုံမှန်ဝင်ငွေကောင်း ရရှိစေနိုင်ပါသည်။ - နဂါးမောက်သီးပင် စိုက်ပျိုးခြင်းသည် ပူနွေးခြောက်သွေ့သော နေရာဒေသများ တွင် စိုက်ပျိုးရန် အထူးသင့်လျော်သော နှစ်ရှည်သီးစားပင် ဖြစ်ပါသည်။ - အသင့်အတင့် ဆားပေါက်နေရာများတွင်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ မြန်မာ နိုင်ငံ၊ နောင်ချိုမြို့နယ်နှင့် ပုပ္ပားတောင်ဒေသတွင် စီးပွားဖြစ် အောင်မြင်စွာ စိုက်ပျိုးနေ သည်ကို တွေ့ရှိရပါသည်။ နဂါးမောက်ပင် ကို အခြားသီးနှံများနှင့်အတူတွဲ၍အောင်မြင်စွာစိုက်ပျိုးခြင်း - သစ်တောဌာနနှင့်ပေါင်း ၍ စိုက်ပျိုးခြင်းများကိုလည်း စီးပွားဖြစ် ပြုလုပ်နိုင်ပါသည်။ - - ဦးကျော်နိုင် - မြန်မာတောင်သူကြီးများဂျာနယ် - ---------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
