ဉာဏ်စမ်းအဖြေမှန်နှင့်ဖုန်းဘေလ်ကံထူးသူများစာရင်း
- နိုက်ထရိုဂျင်(N) ကအပင်ဖြစ်ထွန်းရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ အပင်အတွက် အစာချက်လုပ်မှုလုပ်ငန်းစဥ်၊ အမိုင်နိုအက်စစ်ချက်လုပ်မှု၊ အသက်ရှူဖြစ်စဥ်အတွက် အရေးပါသောအာဟာရဓာတ်ဖြစ်ပါတယ်။ သို့ပေမယ့်နိုက်ထရိုဂျင် ပမာဏအနည်းအများသည် အပင်တွင်ကျရောက်သောရောဂါပိုးမွှားပြင်းထန်မှုအပေါ်များစွာ မူတည်ပါတယ်။ လွန်ကဲစွာသုံးတာမျိုး မလုပ်ဘဲ ပမာဏနည်းနည်းနဲ့အကြိမ်ရေခွဲကျွေးတာမျိုးလုပ်တာ ပိုကောင်းပါတယ်။ ဥပမာ-စပါးမှာ ရွက်ဖုံးခြောက်၊ပင်စည်ပုပ်၊ဂုတ်ကျိုးရောဂါ၊ ဖြုတ်၊ဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ် ကျလာမယ်ဆိုရင် သေချာပေါက်နိုက်ထရိုဂျင်သုံးစွဲမှုကိုလျှော့ချပေးဖို့လိုပါတယ်။ - ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က (က) နိုက်ထရိုဂျင် (ပုလဲ) ဖြစ်ပါတယ်။ - ဝင်ရောက်ဖြေဆိုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ - ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။ - ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
