အေဇိုလာစမ်းသပ်စိုက်ပျိုးလိုသော မွေးမြူရေးတောင်သူများအတွက် လေ့လာမှတ်သားစရာများ
ယခင်က အေဇိုလာစိုက်ပျိုးနည်းနှင့် အသုံးဝင်ပုံအကြောင်းတင်ပြထားပြီးဖြစ်ပါသည်။ ယခုအခါ မှာတော့ မြန်မာနိုင်ငံတွင် စိုက်ပျိုးလေ့ရှိသော အေဇိုလာမျိုးအကြောင်းလေးဖော်ပြပါမယ်။ ရေကျောက် ခက် (ခ) အေဇိုလာသည် မျိုးစိတ် (၆) မျိုးရှိပြီး ထိုမျိုးစိတ်ထဲမှအချို့အား မြန်မာနိုင်ငံတွင် သဘာဝ အတိုင်း တွေ့ရှိရမည် ဖြစ်ပါသည်။ ၎င်းတို့အထဲမှ Azolla pinnata နှင့် Azolla filiculoides ဟူသောမျိုးများသည် တိရစ္ဆာန်အစာအဖြစ်အသုံးပြုရန်အထူးသင့်လျော်ပါသည်။ အေဇိုလာမျိုး အမျိုး အစား ရွေးချယ်ရာတွင် ဒေသနှင့်ရာသီဥတုအပေါ် များစွာမူတည်ပါသည်။ သာမန်အချိန်တွင် အစိမ်းရောင် ဖြစ်ပြီး အရမ်းပူပြင်းသောအချိန်၊ နေပြင်းသောကာလနှင့် ဖော့စ်ဖောရပ်ဓာတ်ချို့တဲ့ပါက နီညိုရောင်ပြောင်းသွားတတ်ပါသည်။
တိရစ္ဆာန်အစာအဖြစ် အသုံးများသောမျိုးများ၏ ဗီဇလက္ခဏာများမှာ -
Azolla filiculoides
Azolla filiculoides အေးမြသောဒေသများတွင် ပိုမိုသင့်လျော်သည်။ အရောင်မှာ နီညိုရောင်ရှိပြီး ပရိုတင်းဓာတ် အချိုးမှာ ၂၅%–၃၀% ဝန်းကျင်ပါရှိသည်။
Azolla pinnata
Azolla pinnata မျိုးသည် ကြီးထွားနှုန်း မြန်ဆန်ပြီး အပူပိုင်းဒေသများအတွက် အထူး သင့်လျော်ပါသည်။ အရောင်မှာ အစိမ်းရောင်ဖြစ်ပြီး အာဟာရဓာတ်များအနေဖြင့် ပရိုတင်း ၊ နှင့် အခြား ဓာတ်သတ္တုဓာတ် များစွာ ပါဝင်သည်။ မြန်မာနိုင်ငံတွင် အစိုက်အများဆုံးသောမျိုးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးကြသောအေဇိုလာမျိုးမှာ Azolla pinnata ကိုဒေသခံအခေါ်ဖြင့် အေဇိုလာရွှေဖူး ဟုလည်း ခေါ်ကြသည်။ အပူပိုင်းဒေသများတွင် ကြီးထွားမှုမြန်ဆန်ပြီး တစ်ရက်တာ အတွင်း ၁၅%–၂၅% အထိကြီးထွားနိုင်သောစွမ်းရည်ရှိသည်။ ပရိုတင်းဓာတ်အနေဖြင့် (၂၀% – ၃၀%) ပါဝင်ပြီး သတ္တုဓာတ်များ၊ ဗီတာမင်များစွာလည်း ပါဝင်သည်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တောင်ငူ၊ မြဝတီ စသည့်ဒေသများတွင် တောင်သူများအနည်းအကျဉ်း စိုက်ပျိုးအသုံးပြုနေကြပြီဖြစ်ပါသည်။ စမ်းသပ်စိုက်ပျိုးလိုသော မွေးမြူရေးတောင်သူများအနေဖြင့် အေဇိုလာမျိုး ဝယ်ယူလိုပါက My Nature Produce ( Ph: 09-963690005) သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
-------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


NewsFeed
Communities
Explore
Inbox
Me
Market Price