လူကြီးရောကလေးပါ ကြိုက်နှစ်သက်ကြတဲ့ သရေစာ...ပြောင်းဖူးဖက်ထုပ်ပြုလုပ်နည်း
. Value Added Products
ပြောင်းဖူးပေါများတဲ့ ရာသီရောက်နေပြီဆိုတော့ သာသားမီးမီးတို့လဲ ကြိုက်နှစ်သက်ပြီး ပြုလုပ်ရ လွယ်ကူသော ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ ရာသီစာပြောင်းဖူးဖက်ထုပ်လေးတွေ လုပ်စားကြည့်ကြစို့။
- ပထမဦးစွာ ပြောင်းဖူးဝယ်တဲ့အခါ ပြောင်းဖူးအရွက်လေးတွေကအစ လတ်ဆတ် ပြီးချိုမယ့် သကြားပြောင်းဖူးလေးကို ရွေးဝယ်ကြမယ်နော်။ - ပါဝင်ပစ္စည်းများကတော့ - - ပြောင်းဖူး - ၃ ဖူး
- သကြား - ၁၀၀ ဂရမ် (အချိုကြိုက်ပါက ပိုထည့်နိုင်)
- ဆား - အနည်းငယ်
- ဂျုံမှုန့် - ၁၅၀ ဂရမ်
- ဆီ - အနည်းငယ်
- ရေ - ၅၀ ml
 - ပြုလုပ်နည်း - ပြောင်းဖူးရွက်များကို မပြဲစေပဲ စနစ်တကျလေးခွာ၍ ရေဆေးထားပါ။
- ပြောင်းဖူးများအား ခြစ်ပါ။ ( ဓား (သို့) ခြစ် အဆင်ပြေရာသုံးနိုင်သည်)
- ရရှိလာသော ပြောင်းဖူးအနှစ်များထဲသို့ ဆား၊ သကြား၊ ဂျုံမှုန့်များနှင့် ရေတို့ကိုထည့်၍ သမအောင် မွှေပေးပါ။
- အုန်းနို့ကြိုက်နှစ်သက်ပါက ရေနေရာတွင် အစားထိုးအသုံးပြုနိုင်ပါတယ်။
- ရေဆေးစင်ကြယ်ထားသော ပြောင်းဖူးရွက်များကို ဆီဖြင့်သုပ်ကာ ရောမွှေထားသော ပြောင်းဖူး အနှစ်များအားထည့်၍ ထုပ်ပေးပါ။
- ပြောင်းဖူးဖက်ထုပ်လေးများအား (၄၅ ) မိနစ်ကြာအောင်ပေါင်းပေးပါ။
- ပြောင်းဖူးနံ့မွှေးမွှေးလေးနဲ့ အရသာရှိလှသော ပြောင်းဖူးဖက်ထုပ်လေးများသုံးဆောင်နိုင်ပါပြီ။
 - ရတနာမှ ပြန်လည်မျှဝေသည်။ - ---------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 
14
0
2544

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
