cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ် ဇူလိုင်လ ၂၆ ရက် မှ ဩဂုတ်လ ၁ ရက်အထိ မိုးလေဝသအခြေအနေ

. Weather News
အခုလာမည့်ရက် သတ္တပါတ် ၁ ပါတ်အတွင်းမှာ တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်တွေမှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း စသတဲ့ ထူးခြားမိုးလေဝသအခြေအနေဖြစ်နိုင်ရန် မရှိပါ။ မုတ်သုံကာလအတွင်း၊ မိုးလယ်ကာလအတွင်းမှာရှိနေကျ မုတ်သုံမိုးရွာပြီး မိုးအလွန်များတာ၊ ရေကြီးနိုင်တာမျိုးမရှိနိုင်တဲ့ ပုံမှန်ရာသီဥတုအခြေအနေဖြစ်နိုင်ပါတယ်။
  • ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်/ခရိုင်တွေမှာ မိုးရေချိန်ရရှိနိုင်တာပိုများနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာမိုးရေချိန်ရရှိနိုင်တာ အနည်းငယ်လျော့နိုင်ပါတယ်။ 

    ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ၇ ရက်အတွင်းရရှိနိုင်တဲ့ အများဆုံးမိုးရေချိန် ၉ လက်မခန့်အထိရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးမိုးရေချိန် ၈ လက်မခန့်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၇ ရက်အတွင်းရရှိနိုင်တဲ့ အများဆုံးမိုးရေချိန် ၄.၄ လက်မခန့်ရှိနိုင်ပါမယ်။ 

    ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ - 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်း - နေ့စဉ် ၂၄ နာရီအတွင်းမိုးရေချိန် ၁ လက်မ အထက်အထိ ရွာသွန်းရရှိနိုင်ပြီး၊ ဇူလိုင် ၂၆/၂၇/၂၈ နှင့် ၂၉ ရက်တွေမှာ မိုးရွာသွန်းမှုအများဆုံးဖြစ်နိုင်ပါမယ်။ ဇူလိုင် ၃၁ ရက် နဲ့ ဩဂုတ် ၁ ရက်နေ့တွေမှာတော့ မိုးရွာတာယာယီရပ်ပြီး နေသာချိန်က ပိုများနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်း - နေ့စဉ် ၂၄ နာရီအတွင်းမိုးရေချိန် ၁ လက်မ အများဆုံးရွာသွန်းနိုင်ပြီး၊ ဇူလိုင် ၂၇/၂၈ ၂ ရက်မှာ မိုးရွာသွန်းမှုအများဆုံးဖြစ်နိုင်ပါမယ်။ ဇူလိုင် ၂၉/၃၀/၃၁ နဲ့ ဩဂုတ် ၁ ရက်နေ့တွေမှာ မိုးအားလျော့နည်းသွားနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း - နေ့စဉ် ၂၄ နာရီအတွင်း ပျမ်းမျှမိုးရေချိန် ၀.၄ လက်မခန့် အများဆုံးရွာသွန်းနိုင်ပြီး၊ ဇူလိုင် ၂၈ ရက်မှာ မိုးရွာသွန်းမှုအများဆုံး မိုးရေချိန် ၁.၅ လက်မခန့်အထိရွာသွန်းရရှိနိုင်ပါမယ်။ ဇူလိုင် ၂၉ ရက်နောက်ပိုင်း ဩဂုတ်လ ပထမပတ်ကုန်ဆုံးသည်အထိ မိုးအားလျော့နည်းနေနိုင်ပါမယ်။ 

    အနောက်/အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၂၀ မိုင်ဝန်းကျင်ခန့်ရှိနိုင်ပြီး ဇူလိုင် ၃၁ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့ရဲ့ လေတိုက်နှုန်း တနာရီ ၂၅ မိုင်နှင့်အထက်(တနာရီ မိုင် ၃၀ အောက်)တိုက်ခတ်နိုင် လေပြင်းနိုင်ပါတယ်။ 

    ရှမ်းပြည်နယ်တခွင်လုံးမှာ လေထုအတွင်းရေငွေ့ပါဝင်မှုနှုန်းနဲ့ လေထုစိုထိုင်းဆ ၉၀% နှင့် ၁၀၀% ရှိနေနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ပါမယ်။ 

    လေထုစိုထိုင်းဆမြင့်မားတဲ့အချိန် လေတိုက်နှုန်းလည်း လျော့နည်းနေချိန်မှာ ခံစားရတဲ့အပူချိန် ၃၆°C ခန့်အထိရှိနိုင်ပါတယ်။ 

    ယခုတပါတ်အတွင်းရှမ်းပြည်နယ်ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ AQI Value အများဆုံး ၂၀ - ၂၅ ခန့်သာရှိနိုင်ပြီး၊ လေထုညစ်ညမ်းမှုအတွက် စိုးရိမ်ရန်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါးသားပေါက်ပြုစုခြင်းအတွက် အကြံပြုချက်  

    ငါးသားပေါက်ပြုစုသူများအနေဖြင့် ငါးမှုန်မှ ငါးသန်အထိ မွေးမြူကြပြီး၊ ငါးသန်အဆင့်တွင် အရောင်းအဝယ် ပြုကြပါသည်။ ထို့ကြောင့် ငါးသားပေါက်ပြုစုမွေးမြူရာတွင် ငါးမှုန်ပြုစုကန်နှင့် ငါးသန်ပြုစုကန်ဟူပြီး ခွဲခြား ဆောင်ရွက်ကြပါသည်။ ငါးမှုန်ပြုစုကန်သည် ကန်အရွယ်အစားကြီးရန် မလိုအပ်ပါ။ (၀.၀၁)မှ (၀း၂၅) ဧက အရွယ်သာရှိရပါမည်၊ အဆိုပါကန်တွင် ငါးမှုန်များကို ငါးမှုန်ကြီးအဆင့် ပြုစုမွေးမြူရန်သာဖြစ်ပါသည်။ မွေးမြူမည့်ကာလအချိန်သည် (၁၅)ရက်မှ (၂၅)ရက် တစ်လနီးပါးသာ မွေးမြူရန်ဖြစ်ပါသည်။ ငါးမှုန်သားလောင်းများသည် နုနယ်ပြီး ရာသီဥတု ဒဏ်မခံနိုင်ကြသဖြင့် အထူးဂရုစိုက် ပြုစုရန်လိုအပ်ပါသည်။ ထို့ကြောင့် ကန်ပြင်ဆင်ခြင်းလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးလိုပါက ကောစင်တာ 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    -------  

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download  

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။  


  • article
likes
5
comments
0
views
3490