cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဝက် နဲ့ ခွာနာလျှာနာ ​ရောဂါ (Foot and Mouth Disease in Pig)

. Agriculture Knowledge
ခွာနာလျှာနာ​ရောဂါဆိုရင် ကျွဲ/နွားမှာ ဖြစ်ပွားတတ်တာကို ​မွေးမြူသူအများစု သိပြီးဖြစ်မှာပါ။ ခွာနာလျှာနာ​ရောဂါက ခွာကွဲသတ္တဝါ​တွေဖြစ်တဲ့ ကျွဲ/နွား အပြင် သိုး/ဆိတ် နဲ့ ဝက်မှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ကူးစက်မြန်လို့ တ​ကောင်ဖြစ်ရင် တခြားဝက်​တွေကို မကြာခင် ​​ရောဂါဖြစ်လာတတ်ပါတယ်။
  • ဝက်မှာ ခွာနာလျှာနာ​ရောဂါဖြစ်လာရင် ​ရောဂါ နာမ်မည်အတိုင်းပဲ လျှာနဲ့ ခွာ​တွေမှာ အနာဖြစ်တာ ​တွေ့ရမှာပါ။ ပါးစပ်၊ လျှာ နဲ့ နှုတ်သီးမှာ အရည်ကြည်ဖု​တွေ​ပေါက်တာ၊ အရည်ကြည်ဖု​တွေက ​ပေါက်ပြဲသွားပြီး အနာဖြစ်တာ၊ ပါးစပ်မှာ သွားရည်မြှုပ်​တွေ ထ​နေတာ/ သွားရည်ကျ​နေတာ၊ ခွာပန်းကုံး​နေရာ​တွေမှာ အနာဖြစ်တာ​တွေ​ကြောင့် ​ခြေ/လက်​တွေ နာတာ၊ ​ထော့နင်း​ထော့နင်း ​လမ်း​လျှောက်တာ၊ လမ်းသိပ်မ​​လျှောက်​တော့ဘဲ ဝပ်​နေတာ၊ ခွာအထက်မှာ အနာဖြစ်ပြီး နီရဲ​ရောင်ရမ်း​နေတာ/ ညှီနံ့ သို့မဟုတ် ပုပ်နံ့ရ​နေတာ၊ အနာကို ယင်နား​နေတာ ​တွေ ​တွေ့ရတတ်ပါတယ်။ လျှာ အဖတ်​တွေ လန်ထွက်တာ၊ ခွာ​တွေ ကျွတ်ထွက်တာ​တွေ ​တွေ့ရတတ်ပါတယ်။

    ကိုယ်ပူ ဖျား(၁၀၅ ဒီဂရီဖာရင်ဟိုက်​ခန့် )ပြီး လျှာနဲ့ ပါးစပ်က နာ​နေလို့ အစားလည်း မစားနိုင်ပါ။ ကိုယ်ဝန်​ဆောင် ဝက်မ​တွေဆိုရင် သား​လျှော သားပျက်တတ်ပါတယ်။ ဝက်​ပေါက်​လေး​တွေ ခွာနာလျှာနာ​ရောဂါဖြစ် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

    ခွာနာလျှာနာ​ရောဂါက ဗိုင်းရပ်စ်ပိုး​ကြောင့်ဖြစ်တာပါ။ အဓိက ပိုးမျိုးစိတ်​တွေက O, A, C, Asia 1, SAT 1, SAT 2 & SAT 3 ဆိုပြီး (၇) ခု ရှိပါတယ်။ မြန်မာနိုင်ငံမှာ​တော့ O မျိုးစိတ် ဗိုင်းရပ်စ်ပိုး​ကြောင့် ဖြစ်တာများပါတယ်။ A နဲ့ Asia 1 ပိုးမျိုးစိတ်​တွေ​ကြောင့်လည်း တခါတရံ ဖြစ်ပွားတာ ​တွေ့ရတယ်လို့ သိရပါတယ်။

    ​ခွာနာလျှာနာရောဂါဖြစ်​နေတဲ့ ဝက်နဲ့ တိုက်ရိုက် ထိ​တွေ့မိတာ၊ ​ရောဂါပိုးရှိ​နေတဲ့ သွားရည်၊ ​သွေး​တွေနဲ့ ထိ​တွေ့မိတာကလည်း ကူးစက်ပါတယ်။ ရောဂါပိုးရှိ​နေတဲ့ လူ၊ အရာဝတ္ထုပစ္စည်းများနဲ့ ယာဥ်​တွေကတဆင့်လည်း ကူးစက်ပါတယ်။ ​​ရောဂါပိုးပါတဲ့ လေက​နေလည်း ရှူသွင်းမိရင် ကူးစက်နိုင်ပါတယ်။

    ဝက်ကို ခွာနာလျှာနာ​ရောဂါ ကာကွယ်​ဆေး ကြိုတင်ထိုးနှံ​ပေးပြီး ကာကွယ်နိုင်ပါတယ်။ ဇီဝလုံခြုံ​ရေးကို ဂရုစိုက် ​ဆောင်ရွက်ခြင်းဖြင့်လည်း ကူးစက်မှုကို ဟန့်တားကာကွယ်နိုင်ပါတယ်။

    ခွာနာလျှာနာ​ရောဂါ ဖြစ်​နေတဲ့ ဝက်ကို သီးခြားခွဲထားပြီး ပြုစု ကုသ​ပေးရပါမယ်။ ကိုယ်ခံအား​ကောင်း​စေတဲ့ အင်တာဖရွန်​ဆေးထိုး​ပေးရပါမယ်။ ​အား​ဆေး​တွေ ထိုးရပါမယ်။ နောက်ဆက်တွဲ ဘတ်တီးရီးယား​ရောဂါ​တွေအတွက် နဲ့ အနာကျက်​စေဖို့အတွက် ​အောက်ဆီတထွာ၊ပင်စထရပ်လို ကုသ​ဆေး​တွေ ထိုးလို့ရပါတယ်။ အဖျားကျပြီး ​ရောင်ရမ်းနာကျင်တာ​တွေ သက်သာဖို့ အနာဂျင်၊ အနာဂျင်စီ၊ မယ်​လောက်ဇီကန်၊ ဒိုင်ကလို၊ ကီတိုဖန် စတဲ့ ​​ဆေး​တွေမှ တမျိုးမျိုးကို ထိုးနိုင်ပါတယ်။

    အနာ​တွေအတွက် ​ကျောက်ချဥ်​သွေးလို့ရတဲ့လအရည်ဖြင့် ဖန်​ဆေး​ပေးတာ၊ အိုင်အိုဒင်း​ဆေးဝါရည်ဖြင့် ဖန်​ဆေး​ပေးတာ ဦးစွာ လုပ်​ပေးရမယ်။ ဆက်လက်၍ အီကို ၅၀၀၊ Violent Spray၊ လင်​မောက်ဇင် ဖြန်း​ဆေး၊ ချာ​မေးဖြန်း​ဆေး​တွေကို တ​နေ့ (၃) ကြိမ် ဖြန်း​ပေးလို့ ရပါတယ်။

    ဖုန်၊ သဲ​တွေဝင်တာ၊ ညစ်ပတ်​နေတာ၊ ​​ရေ/မိုးစိုစွတ်​နေတာ၊ ယင်နားပြီး ​လောက်ဝင်​​နေတာ​တွေ မဖြစ်​အောင် ခွာ နဲ့ ပါးစပ်အနာ​တွေကို သန့်ရှင်းမှု နဲ့ ​ခြောက်​သွေ့မှုကို ​သေချာဂရုစိုက်ရပါမယ်။

    ဒေါက်တာ​အောင်သူမျိုး (B.V.Sc.) (တဆမ - ၃၈၂၇ )

    #FootandMouthDiseaseinPig

    #ဝက်ခွာနာလျှာနာရောဂါ

    ဆရာ့အား လေးစားစွာဖြင့် crd ပေးအပ်ပါသည်။

    Original link - https://www.facebook.com/share/p/199SBfJJQL/

    --------

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။



  • article
likes
7
comments
0
views
1906