cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ခန္ဓာကိုယ်အတွင်းမှ အဆိပ်အတောက်များကို စုပ်ယူဖျက်ဆီးပေးပြီး ကျန်းမာစေတဲ့ ကျောက်ဖရုံသီး

. Health Articles
ကျောက်ဖရုံသီးက ကျောက်ကပ်ဝေဒနာရှင်များ အတွက်လည်း အထူး သင့်တော်ပါတယ်။ ကျောက်ကပ်ရောဂါသည်တွေအတွက် အကောင်းဆုံး သဘာဝဆေးလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ် အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကိုပြေစေတဲ့ အသီးအနှံတစ်မျိုးလည်း ဖြစ်ပါတယ်။
  • ကျောက်ဖရုံသီးမှာ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် C ၊ ပရိုတင်း၊ ပိုတက်ဆီယမ်၊ သံဓါတ် နှင့် ကယ်ဆီယမ်တို့ ပါဝင်ပြီး သွေးတိုးရောဂါ ၊ ကျောက်ကပ်ရောဂါတို့ကို မဖြစ်အောင် ကာကွယ်ပေး ပါတယ်။ ဆီးချိုသမားတွေအတွက် အကောင်းဆုံးစားစရာတွေထဲပါဝင်သလို ကယ်လိုရီပါဝင်မှုလည်း နည်းပါတယ်။ ကိုယ်အလေးချိန်လျှော့ချရာမှာ ကျောက်ဖရုံသီးကိုစားသုံးခြင်းက အထောက်အကူပေး နိုင်တယ်လို့ သိရပါတယ်။ ကျောက်ဖရုံသီးက ခန္ဓာကိုယ်အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကို ပြေစေပါတယ်။ ကျောက်ဖရုံသီးဖျော်ရည်ကို အစာမရှိတဲ့အချိန်မှာသောက်ပေးရင် အစာအိမ်အနာတွေ အတွက်ကောင်းပါတယ်။ 

    ကျောက်ဖရုံသီးက ကျောက်ကပ်ဝေဒနာရှင်များ အတွက်လည်း အထူး သင့်တော်ပါတယ်။ ကျောက်ကပ်ရောဂါသည်တွေအတွက် အကောင်းဆုံး သဘာဝဆေးလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ် အပူကိုငြိမ်းစေပြီး အဆိပ်အတောက်ကိုပြေစေတဲ့ အသီးအနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ အသည်း ၊ အဆုတ်နှင့် နှလုံး နှင့် ခုခံအားစနစ်တို့၏ လုပ်ဆောင်မှုတို့ကို တိုးတက် ကောင်းမွန်အောင်လည်း အထောက်အပံ့ပေးနိုင်ပါတယ်။ 

    ဆီး ကျောက်တည်ခြင်း၊ ကျောက်ကပ်ရောင်ရမ်းခြင်းနဲ့ ဆီးကျိတ်ရောဂါကို သက်သာစေသလို၊ အဆုတ်၊ အူမကြီးကို အားကောင်းစေတာကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို တန်ဖိုးထားစား သုံးကြပါတယ်။ အများအားဖြင့် ကြော်စား၊ ချက်စား၊ ဟင်းချိုချက်သောက် လေ့ရှိကြပါတယ်။ ကျောက်ဖရုံသီးထဲတွင် ဗီတာမင် C ဓာတ်ပါသောကြောင့် သွေးတိုးရောဂါ၊ ကျောက်ကပ်ရောဂါတို့ကို မဖြစ်စေရန် ကာကွယ်ပေးပါတယ်။ 

    ဆီးသွားခြင်းကို ကောင်းကျိုးပြုပေးနိုင်မည်။ အဆုတ်ကို စိုစွတ်စေမယ့်အပြင် အူမကြီးအတွင်းရှိ အဆိပ်များကို ရှင်းလင်းပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ အစာကြေရန် ကူညီပေးနိုင် ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာရှိတဲ့ အန္တရာယ်ရှိ ဘက်တီးရီးယားအားလုံးကို ဖယ်ရှား ရှင်းလင်းပေးနိုင်လို့ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းတွေ၊ အစာမကြေခြင်းတွေ ကိုကာကွယ်ပြီးသားဖြစ်ပါတယ်။ 

    အစာအိမ်နဲ့အူတွင်းအမြှေးပါးမှာ အနာဖြစ်ပေါ်ခြင်းကို ကုသရာမှာ အထောက်အကူပေး ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာရှိတဲ့ အန္တရာယ်ရှိဘက်တီးရီးယားအားလုံးကို ဖယ်ရှား ရှင်းလင်းပေးနိုင်လို့ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါပိုးဝင်ခြင်းတွေ၊ အစာမကြေခြင်းတွေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ 

    ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားနေတာဆိုရင် ကယ်လိုရီများတဲ့အစားအစာတွေနေရာမှာ အစားထိုးနိုင်ဖို့ အသင့်တော်ဆုံးကကျောက်ဖရုံသီးဖျော်ရည် သို့မဟုတ်ပြုတ်ကြော်ပဲဖြစ်ပါတယ်။ သူ့မှာ အာဟာရဓါတ်ကအပြည့်အဝ ပါရှိပြီးရေဓါတ်က ၉၆ ရာခိုင်နှုန်းပါဝင်ပါတယ်။ 

    သွေးတိတ်စေတဲ့သဘာဝအာနိသင်ရှိပါတယ်။ပြင်ပဒဏ်ရာအတွက် ကုသဖို့ အသုံးပြုခဲပေမယ့် (အရွက်တွေကိုထောင်းကြိတ်ပြီး အနာမှာပွတ်အုံပေးတာမျိုးကလွဲလို့) ကျောက်ဖရုံသီးက အတွင်းပိုင်း သွေးယိုခြင်းအတွက် အစွမ်းထက်ပါတယ်။ ပုံမှန်စားပေးရင် နွေရာသီမှာဖြစ်တတ်တဲ့ နှာခေါင်း သွေးယိုခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ကျောက်ကပ်မှာ သွေးယိုစိမ့်မှုကြောင့်ဖြစ်လာတဲ့ ဆီးထဲမှာ သွေးပါခြင်း၊ အနာတွေကြောင့်၊ လိပ်ခေါင်းကြောင့် သွေးယိုခြင်း စတာတွေကို ကျောက်ဖရုံသီး ဖျော်ရည်သောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ 

    အလှအပအတွက်လည်း အသုံးဝင်လိမ့်မယ်လို့ ထင်မထားမိ ကြလောက်ပါဘူး။ ကျောက်ဖရုံသီး ကြိတ်ရည်ကို သံပရာရည်နဲ့အရေပြားမှာရောလိမ်းတာဖြစ်ဖြစ် ဒါမှမဟုတ် တခြားမျက်နှာ ပေါင်းတင်ဆေးတွေနဲ့ ရောသုံးတာဖြစ်ဖြစ် လုပ်ပေးရင် အမည်းစက်တွေကို လျော့ပါးစေပြီး အသားအရေ ဝင်းလက်လာစေမှာပါ။ 

    ကျောက်ဖရုံသီးတွင် ဗောက်ပျောက်စေတဲ့အစွမ်းလည်းရှိပါတယ်။ ဗောက်ထနေတယ်ဆိုရင် ကျောက်ဖရုံသီးကြိတ်ရည်ကို ဦးရေပြားနဲ့ဆံပင်မှာဆွတ်လိမ်းပြီးခေါင်းလျှော်ချပါ။ ဆံပင်ကို အုန်းဆီ လိမ်းတတ်တယ်ဆိုရင်ကျောက်ဖရုံသီးအစေ့ကိုထောင်းပြီး အုန်းဆီနဲ့ရောလိမ်းပါ။ 

    ကျောက်ဖရုံသီးရဲ့ အကောင်းဆုံးဝိသေသက အမျှင်ဓါတ်နဲ့ရေဓါတ်ပါဝင်မှု ဖြစ်ပါတယ်။ ဒါ့ကြောင့် သူက အစာချေဖျက်ခြင်းကိုအထောက်အကူပြုပါတယ်။ မနက်စာမှာကျောက်ဖရုံသီးကို ပုံမှန်ထည့်စားပေးရင် ဝမ်းချုပ်ခြင်းပြဿနာကိုဖြေရှင်းနိုင်ပါလိမ့်မယ်။ ညအိပ်မပျော်ခြင်းကို ကုသရာ မှာလည်းကောင်းပါတယ်။ စိတ်ဖိစီးမှု၊ အလုပ်ပင်ပန်းမှု၊ စိတ်ကျဉ်း ကျပ်မှုတွေလို အကြောင်းရင်း တွေကြောင့် ညအိပ်မပျော်တဲ့သူတွေဆိုကျောက်ဖရုံသီး ပုံမှန် စားပေးရင် ဒါတွေ သက်သာ လျော့ပါး စေနိုင်ပါတယ်။ 

    နွေရာသီမှာ ချွေးထွက်များလို့ ခန္ဓာကိုယ်ကရေဓါတ်ဆုံးရှုံးရတတ်သောကြောင့် ဆီးသွားနည်းတဲ့ ပြဿနာဖြစ်လာစေနိုင်ပါတယ်။ ကျောက်ဖရုံသီးက ခန္ဓာကိုယ်မှာ ရေဓါတ်ထိန်းညှိ ပေးပြီး ဆီးရွှင် စေတာကြောင့် ဆီးကျောက်တည်တာတွေကို ကာကွယ်ပေးပါတယ်။ ထိုကဲ့သို့သော အကျိုးကျေးဇူး များလှတဲ့ ကျောက်ဖရုံသီးရဲ့အာနိသင်တွေကို အသုံးချနိုင်ဖို့ ဟင်းချိုသို့မဟုတ် ဟင်းချက် စားကြသလို အချိုပွဲအဖြစ် ကျောက်ဖရုံယိုအဖြစ်လည်းစားသုံးနိုင်ပါတယ်။ 

    Myanmar Health Product Guide နှင့် Hello ဆရာဝန် ဆောင်းပါးများမှ ကောက်နှုတ်ဖော်ပြသည်။ 

    --------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
9
comments
1
views
2406