ပြည်ပသို့ နာနတ်သီး တန်ချိန် ၄၀,၀၀၀ ကျော်တင်ပို့နိုင်ရန် လျာထား
- ရန်ကုန်။ ၂၀၂၅၊ ဇူလိုင် ၂၉ ရက် - ပြည်ပနိုင်ငံများသို့ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဒေသထွက်နာနတ်သီး တန်ချိန် ၄၀၀၀၀ ကျော်တင်ပို့နိုင်ရန် လျာထားကြောင်း မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ - လက်ရှိပြည်တွင်းမှာ နာနတ်သီးစိုက်ဧက ၂ သောင်းကျော်ရှိပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည် နယ်တို့တွင် အများဆုံးစိုက်ပျိုးနေကာ အထူးသဖြင့် ရှမ်းပြည်နယ်မှထွက်ရှိသည့် အရည်အသွေးမြင့် မြန်မာ့နာနတ်သီးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေတာဖြစ်ကြောင်း သိရပါတယ်။ - “အခုနှစ် နာနတ်သီးရာသီမှာ ပြည်ပကို နာနတ်သီးတန်ချိန် ၄၀,၀၀၀ ကျော်လောက်အထိ တင်ပို့ဖို့လျာထားပါတယ်။ သီပေါနာနတ်သီးတွေလို အရည်အသွေးမြင့်နာနတ်သီးတွေကို ပြည်ပကို တင်ပို့မှာဖြစ်ပြီး တရုတ်နိုင်ငံကို အများ ဆုံး တင်ပို့မှာဖြစ်ပါတယ် ”လို့ မြန်မာ့နာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားပါတယ်။ - ပြည်တွင်းနာနတ်သီးစိုက်ဧကများအနက် လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စိုက်ပျိုးဧကများတွင် တစ်နှစ် လျှင်ပျမ်းမျှအားဖြင့် အရည်အသွေးကောင်းမွန်သည့်နာနတ်သီးတန်ချိန်ပေါင်း ရှစ်သောင်းမှ တစ်သိန်းခန့် အထိ ထွက်ရှိကြောင်းလည်း သိရပါတယ်။ - မြန်မာနိုင်ငံအတွင်း နာနတ်သီး စိုက်ပျိုးရာဒေသများတွင် Local GAP Farm နှင့် Organic Farm ဟူ၍ Farm နှစ်မျိုးရှိပြီး တရုတ်၊ ထိုင်းနှင့် သီရိလင်္ကာစသည့် နိုင်ငံတကာမှ နည်းစနစ်များကို အသုံးပြု၍ စိုက်ပျိုးထုတ် လုပ်နေခြင်းဖြစ်သလို ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်သည့် အရည်အသွေးမျိုးရှိသည့် နာနတ်မျိုးများကို အဓိက စိုက်ပျိုးကြခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ - ပြည်တွင်းမှာလည်း နာနတ်သီးကို ဒေသမရွေးစိုက်ပျိုးနိုင်ပြီး ယခင်ကပြည်တွင်းစားသုံးမှုအတွက်သာ စိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ပြည်ပတင်ပို့နိုင်ရန်အတွက် ပို့ကုန်အဖြစ်ပါ စိုက်ပျိုးလာကြခြင်းဖြစ်ကြောင်း သိရပါတယ်။ - Myanmar Future News Agency မှ ကူးယူဖော်ပြပါသည်။ - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
