ဆီးချိုသမားများအတွက် မိုးရာသီရဲ့ ဓာတ်စာ....”ခဝဲသီး”
- ခဝဲသီးမှာ လူကြိုက်နည်းသော်လည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ပါဝင် ပါတယ်။ ထို့အပြင် ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ ခဝဲသီးလေးက စားလိုက်ရင် အခုလို အကျိုးကျေးဇူး လေးတွေ ရရှိစေနိုင်ပါတယ်။ - သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုကို ကောင်းစေပါတယ်။ အချိုဓါတ်လေးရှိပေမယ့် သွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်မှု မရှိတာကြောင့် ဆီးချိုရှိ သူတွေနဲ့ အထူးသင့်တော်ပါတယ်။ - ခဝဲသီးကို မကြာခဏစားပေးတာကခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို အထိရောက် ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ သွေးသန့်စေပြီး အသည်းကျန်းမာရေးကိုကောင်းစေပါတယ်။ အယ်လ်ကိုဟောကြောင့် အသည်းထိခိုက်တာကို လျှော့ချပေးနိုင်ပါတယ်။ - အမျှင်ဓါတ်ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်မှုကင်းဝေးစေပြီး အစာအိမ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။အသားဝါတာကို သက်သာစေနိုင်တယ် ခဝဲသီးက အသားဝါတာကို သက်သာစေနိုင်တာကြောင့် အသားဝါရောဂါခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။ - အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး အဆီပါဝင်မှုနည်းတာကြောင့် ကိုလက်စထရောစားမိနိင်ခြေကိုလည်း သိသိသာသာလျော့ကျစေနိုင်မှာပါ။ ဝိတ်ကျစေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေတာကြောင့် ဝိတ်ကျချင်တဲ့သူတွေစားသုံးဖို့ သင့်တော်ပါတယ်။ - ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဖျားနာမှုကိုကင်းစေတယ်။ ဒါကြောင့် ဖျားနာမှု ကင်းစေပြီး ရောဂါပိုးတွေကနေကာကွယ်ချင်တယ်ဆိုရင်တော့ခဝဲသီးစားပေးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ သွေးသန့်စေတာကြောင့် ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ထို့အပြင်အစာအိမ်ကိုကျန်းမာစေပြီး ခန္ဓာကိုယ်ကို အင်အား ပြည့်ဝစေနိုင် ပါတယ်။ ထို့ကြောင့် အရသာရှိတဲ့ ခဝဲသီးဟင်းလေးစားပြီး အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။ - Hello ဆရာဝန် ဆောင်းပါးမှ ကူးယူဖော်ပြသည်။ - -------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
