cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
မန္တလေးတိုင်းအတွက် သြဂုတ်လ ၁ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်များ ဖြစ်ပါသည်။
  • မန္တလေးမြို့

    သြဂုတ်လ ၂ ရက်နေ့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိပြီး ၅၊ ၆ ရက်တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိပါသည်။

    မိတ္ထီလာမြို့နယ်

    သြဂုတ်လ ၁၊ ၂ရက်နေ့အတွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ၆ ရက်နေ့တွင် ၈၀ ရာခိုင်နှုန်း ရှိပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိသဖြင့် နေသာပါလိမ့်မည်။

    သာစည်မြို့နယ်

    သြဂုတ်လ ၁၊ ၂ရက်နေ့အတွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ၆ ရက်နေ့တွင် ၈၀ ရာခိုင်နှုန်း ရှိပါသည်။ ကျန်ရက်များတွင် ၆၀ ရာခိုင်နှုန်းအောက်တွင်သာ ရှိသဖြင့် နေသာပါလိမ့်မည်။

    ညောင်ဦးမြို့နယ်

    ယခုတစ်ပတ်အတွင်း မိုးရွာရန် ၄၀ ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် နေသာနေပါလိမ့်မည်။

    မြင်းခြံမြို့နယ်

    သြဂုတ်လ ၆ ရက်နေ့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိပြီး ကျန်ရက်များတွင် နေသာချိန် များနေနိုင်ပါသည်။

    Source: Accuweather

    ---------

    မန္တလေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများအတွက်

    မန္တလေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးရေးတွင် ငမြှောင်တောင်နှင့် သီးတောင့်ထိုးပိုး တို့အား ကာကွယ်နှိမ်နင်းပါ၊ ငမြှောင်တောင်သည် ပဲပင်တစ်ပင်လုံးကို နွားစားထားသကဲ့သို့ ငုတ်တို ရိုးပြတ်များ ဖြစ်အောင်ဆိုးဝါးစွာ ဖျက်ဆီးသည်။ အပင်ကြီးမှာကျလျှင် ဥမြုံတစ်ခုမှ ပေါက်သည့် လောက်ကောင်ငယ် (၁၀၀-၃၀၀) သည် အရွက်၏ အစိမ်းရောင်အပိုင်းကို ခြစ်၍ စားသောက်သည်။ လောက်ကောင် ကြီးလာပါကအရွက်၊ အပွင့်၊ အသီး၊ အစေ့များကို ကိုက်ဖြတ် စားသောက်သည်။

    သီးတောင့်ထိုးပိုးသည် အဖူးအပွင့်ဝင်ချိန်မှ စတင်ကျရောက်၍ ပဲသီးတောင့်များကို ထိုးဖောက်၍ ဖျက်ဆီးစားသောက်သည်။ 

      ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ-

    ·      မျိုးရင်းမတူညီသော သီးနှံများဖြင့်သီးလှည့်စိုက်ပေးပါ။

    ·      ပိုးများ ခိုအောင်းရာ ပေါင်းမြက်များရှင်းလင်းခြင်း၊

    ·      ခံနိုင်ရည် ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိူးခြင်း၊

    ·      ငမြောင်တောင်ကောင်များကို ရှာဖွေတွေ့ရှိပါက လက်ဖြင့်ဖမ်းယူဖယ်ရှားခြင်း၊

    ·      အဖူး၊ အပွင့်ဝင်ချိန်များတွင် Emamectin Benzoate၊ Lambda Cyhalothrin၊ Indoxacarb  ကဲ့သို့သော အဆိပ်ရှိပိုးသတ်ဆေးများကို ၁၅ ရက်ခြားတစ်ကြိမ် ပက်ဖြန်းပေးပါ၊

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ·     မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို လျော့ချသင့်ပါသည်။ 

    ·     ငါးမွေးမြူထားသော ကန်တစ်ကန်၏ရေချဉ်ဖန်နှုန်းသည် (၇.၅)မှ (၈.၅)အတွင်းရှိပါက အကောင်းဆုံး အခြေအနေရှိပါသည်။ငါးကန်အတွင်းရှိ ကန်ရေသည် အက်စစ်ဓာတ် (၅.၅)နှင့်အောက်ရောက်နေပါက လည်းကောင်း၊ ထုံးဓါတ်ဘက် (၉.၅)အထက် ဖက်ရောက်နေပါကလည်းကောင်း တွေ့ရှိပါက ကန်အတွင်းရှိ ငါးများကျန်းမာရေးမကောင်းဖြစ်ခြင်းနှင့် အစာ စားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။ 

    ·      ထို့ကြောင့် ငါးမွေးကန် ၏ရေချဉ်ဖန်နှုန်းကို (၃)ရက်တစ်ကြိမ် တိုင်းတာရန်ရန်နှင့် လိုအပ်ပါက နေ့စဉ်တိုင်းတာပေးသင့် ပါသည်။   

    ·     ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ 

    ---------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
8
comments
0
views
3271