ရာသီစာ ဂွေးချိုသီးလေးစားရင်း ဘယ်လိုအာဟာရတွေရရှိနိုင်သလဲ..
- ဘယ်လိုစားစား ခံတွင်းတွေ့တဲ့ ဂွေးချိုသီးလေးကို စားပေးတာက ကျန်းမာရေးအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ယခုဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ - စားရတာ အရသာရှိပြီး ခံတွင်းလိုက်စေတဲ့ ဂွေးချိုသီးမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။ - ရေဓာတ်
- ပရိုတင်း
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ
- သကြားဓာတ်
- သံဓာတ်
- ဗီတာမင် C
- ဗီတာမင် A
- ကယ်လ်ဆီယမ်
- ဖော့စဖရိတ်
- ဖလေဗာနွိုက်
- ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်နေပါတယ်။
 - ဂွေးချိုသီးလေးကတော့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာလဲ ရရှိစေနိုင်ပါတယ်။ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ များစွာ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးတာ၊ သွေးပေါင်ကျတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးကြောတွေကို ပြေလျော့စေပြီး သွေးတွင်းအဆီဓာတ်တွေကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးရဲ့ လုပ်ဆောင်မှုတွေကို ကောင်းစေပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ - ဗီတာမင် C ကြွယ်ဝသလို သံဓာတ် ပါဝင်နေမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေသလို သွေးဖြူဥတွေ ထုတ်လုပ်မှုကို ကောင်းစေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် C က သံဓာတ်စုပ်ယူမှု ကောင်းစေပြီး သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်မှုက အစာခြေစနစ်ကို ကျန်းမာစေပြီး လေထိုးတာ၊ လေပွတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာခြေ အက်ဆစ် ထွက်ရှိမှု ကောင်းစေဖို့ ဂွေးချိုသီးက လှုံ့ဆော်ပေးနိုင်ပါတယ်။ - ဗီတာမင် A ပါဝင်နေတာကြောင့် ပုံမှန်လေး စားသုံးပေးတာက အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကလေးတွေရော လူကြီးတွေကိုပါ အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှပါ။ အသက်အရွယ်ကြောင့် အမြင်အာရုံ ထိခိုက်တာမျိုးကိုလည်း ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။ - ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တာကြောင့် အရေပြားကို ကာကွယ်ပေးနိုင်သလို အသားခြောက်တာ၊ ဆိုရီရေးစစ်၊ အနာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်စေနိုင်ပြီး အရေးအကြောင်းတွေကို လျော့ပါးစေနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးပါတယ်။ - ဂွေးချိုသီးက ချောင်းဆိုး သက်သာစေနိုင်ပါတယ်။ အရွက်ကို လည်း ချောင်းဆိုးပျောက်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ပျားရည်နဲ့ အရွက်ပြုတ်ရည်ကို သောက်ပေးလို့ ရပါတယ်။ - သဘာဝ အချိုဓာတ် ပါဝင်နေတာကြောင့် အမောခံနိုင်စေပြီး သက်လုံကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကိုလည်း ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ - ကဲ..ချိုချိုချဥ်ချဥ်အရသာလးနဲ့ ဂွေးချိုသီးလေးကို ထောင်းပဲစားစား၊ ငပိချက်လေးပဲချက်စားစား၊ သုပ်ပြီးပဲစားစား...... ကြိုက်နှစ်သက်သလိုစားပြီး အာဟာရဓာတ်လေးတွေရယူလိုက်ကြပါစို့....... - Hello ဆရာဝန် ဆောင်းပါးမှ ထုတ်ယူဖော်ပြသည်။ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
