“ပြောင်း ဖောငမြောင်တောင်အကြောင်း”
- မူရင်းဒေသ နှင့် ပျံ့နှံ့ပုံ - ဖောငမြောင်တောင်သည် တောင်အမေရိကမှ တဆင့် ၂၀၁၆ ခုနှစ်တွင် အာဖရိကနိုင်ငံများသို့လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အာရှနိုင်ငံများသို့ လည်းကောင်း ပျံ့နှံ့ ရောက်ရှိ လာပြီး မြန်မာနိုင်ငံ သိုလည်း ၂၀၁၈ ဒီဇင်ဘာလတွင် စတင်ရောက်ရှိ ကျရောက်ဖျက်ဆီးပါသည်။ - စားသောက်ဖျက်ဆီးသည့်အပင်များ - စပါး၊ ပြောင်း၊ ဒို့စားပြောင်း အပါအဝင် သီးနှံအမျိုးပေါင်း (၈၀) ကျော်ကို စားသောက် ဖျက်ဆီးနိုင်ပါသည်။ သီးနှံပင်များ မရှိပါက ပေါင်းပင်မျာအကြားတွင် ခိုအောင်း နေထိုင် စားသောက်သည်။ - ဖလံအကောင်ကြီး။ ။ ဖလံအထီး၏ အရှေ့ အတောင်တွင် မီးခိုးရောင် အညိုရောင် အကွက်များ၊ အတောင်စွန်းတွင် အဖြူရောင် အကွက်များ ပါရှိသည်။ ဖလံအမတွင် အညိုရောင်ရှိပြီး ထင်ရှားသော လက္ခဏာ နည်းသည်။ - ဥမြုံ။ ။ ဥမြုံတစ်မြုံတွင် (၁၀၀-၂၀၀)အထိပါရှိပြီး ဖလံအမ တစ်ကောင်သည် (၁၅- ၂၀)ရက်အတွင်း ဥပေါင်း (၁၀၀၀-၂၀၀၀)အထိအုချနိုင်သည်။ - လောက်ကောင်များ။ ။ လောက်ကောင်သည် အဆင့် (၆)ဆင့်ရှိပြီး ထူးခြားသော လက္ခဏာမှာ ခေါင်းပေါ်တွင် “Y” ပြောင်းပြန်ပုံအမှတ်အသား နှင့် ခန္ဓာကိုယ် ဒုတိယ နောက်ဆုံးအဆစ် တွင် အနက်စက်ကြီး (၄)စက်ပါရှိသည်။ - ရုပ်ဖုံး။ ။ ရုပ်ဖုံးများသည် နီညိုရောင် ရှိပြီး အရွယ်အစားမှာ (၂-၃) စင်တီမီတာခန့်ရှိသည်။ - ပုံမှန်အားဖြင့် မြေ ဆီလွှာအောက် (၂-၈) စင်တီမီတာတွင် ရုပ်ဖုံးလုပ် တတ်သည်။ - -ဖောငမြောင်တောင် လောက်ကောင်သည် ပြောင်း ပင်၏ အပင်ငယ်စ၍ အဖူး အနှံ့များအထိ စားသောက် - ဖျက်ဆီးနိုင်သည်။ - -အကောင်ငယ်များသည် ချည်မျှင်များ ထုတ်ပြီး လေဟုန်စီးအကာ အပင်သစ်သို့ ကူးသွားပြီး အရွက်လိပ် နှင့် အဖူး ဆံမြိတ်နုများသို့ ဝင်ရောက် ဖျက်ဆီး သည်။ - -ပေါက်ခါစ လောက်ကောင်ငယ်များသည် အရွက်အောက်မျက်နှာပြင်ကို ခြစ်စားသဖြင့် အလင်းပေါက် အကွက်ငယ်ခေလးများ တွေ့နိုင်ပါသည်။ - -အရွက်လိပ်မှ ထွက်လသော အရွက်များ စုတ်ပြတ်နေပြီး ပိုးချေးများလည်း တွေ့ နိုင်သည်။ အပင်ကြီးအဆင့်တွင် အဖူး နှင့် အနှံမျာားတွင်လည်း ဖျက်ဆီးတတ်သည်။ - Source: Plant Protection Department - ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။ - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
