cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဆေးရွက်ကြီး ဇီဝပိုးသတ်ဆေးရည်နဲ့ ဇီဝအပင်အားတိုးဆေးရည် ပြုလုပ်သုံးစွဲနည်း

. Pests Management
စစ်လို့ရတဲ့အရည်ကိုဆေးရည် တစ်ဆ၊ ရေ အဆ ၁ဝဝဝ နဲ့ရောပြီး ဖျန်းပုံးနဲ့ ဖျန်းနိုင်ပါတယ်။ သုံးနိုင်တဲ့သီးနှံတွေကတော့ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေမှာ အသုံးပြုနိုင်ပါတယ်။
  • ဆေးရွက်ကြီး ဇီဝပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲနည်းကတော့ ဆေးရွက်ကြီးအမှုန့် ၃၀ ကျပ်သား၊ ဆပ်ပြာမှုန့် ၃၀ ကျပ်သားကိုရေလေးဂါလန်မှာထည့်ပြီး သမသွားအောင်တုတ်နဲ့ ကောင်းကောင်းမွှေပေးပါ။ အပေါ်က အဖုံးလုံအောင်ပိတ်ပြီး တစ်ပတ်ကြာထားပါ။ တစ်ပတ်အတွင်းမှာလည်း လေး၊ ငါးကြိမ်လောက် မွှေမွှေပေးပါ။ တစ်ပတ်ပြည့်တဲ့အခါ ရလာတဲ့ဆေးရည်ကို အဖတ်များမပါအောင် စွပ်ကျယ်အဟောင်းစ ဒါမှမဟုတ် ရေစစ်ဟောင်းကြီးကြီးနဲ့ စစ်ယူပါ။ အဖတ်တွေကို ပုံးထဲပြန်ထည့်ပြီး နောက်တစ်ကြိမ် ပြန်သုံးနိုင်ပါတယ်။

    စစ်လို့ရလာတဲ့ ဆေးရည်ကို ဆေးရည်တစ်ဆ၊ ရေအဆ ၁ဝဝဝ နဲ့ ရောမွှေပြီး ဖျန်းပုံးနဲ့ တစ်ပတ်တစ်ကြိမ် စိုက်ခင်းကို ဖျန်းနိုင်ပါတယ်။ သုံးနိုင်တဲ့ သီးနှံကတော့ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်တွေမှာအသုံးပြုနိုင်ပါတယ်။ ကာကွယ်နိုင်တဲ့ ပိုးကတော့ စုပ်စားပိုး၊ ခြစ်စားပိုး၊ ကိုက်စားပိုး၊ ထိုးထွင်းစားပိုး၊ သီးလုံးဖောက်ပိုးတွေကိုကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဓာတုဓာတ်ကြွင်း ကင်းစေပါတယ်။

    ငါး၊ ပုစွန် ဇီဝအပင်အားတိုးဆေးရည်ပြုလုပ်သုံးစွဲနည်းကတော့ ငါးသေးငါးမွှား၊ ငါးခေါင်း၊ အူ၊ အမြီး၊ ပုစွန်အသေးအမွှား နှစ်ပိဿာကျော်ခန့်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ကနဦး ထန်းလျက် နှစ်ပိဿာကို မပျစ်မကျဲရအောင်ကျိုပြီး အအေးခံထားပါ။ထန်းလျက်၊ တင်လဲရည် ခြောက်လီတာရအောင်စပ်ပါ။ အအေးခံထားပါ။ အိုးတစ်လုံးထဲကို ငါး၊ ပုစွန် နှစ်ပိဿာထည့်ပြီး နောက်တင်လဲရည်ခြောက်လီတာ လောင်းထည့်ပါ။ တုတ်နဲ့သမအောင် ကောင်းကောင်းမွှေပါ။ အိုးကို လေလုံအောင် ကောင်းစွာပိတ်ပြီးအရိပ်အောက်မှာ တစ်လကြာထားပါ။ ကြားကာလမှာ ငါးကြိမ်၊ ခြောက်ကြိမ် အဖုံးဖွင့်ပြီး မွှေပေးပါ။ တစ်လပြည့်ရင် အဖတ်တွေကို စွပ်ကျယ်ဟောင်း (သို့) ရေစစ်ဟောင်းကြီးကြီးနဲ့ စစ်ပါ။ အဖတ်တွေကို ပြန်သုံးဖို့ အိုးထဲပြန်ထည့်ပါ။ စစ်လို့ရတဲ့အရည်ကိုဆေးရည် တစ်ဆ၊ ရေ အဆ ၁ဝဝဝ နဲ့ရောပြီး ဖျန်းပုံးနဲ့ ဖျန်းနိုင်ပါတယ်။ သုံးနိုင်တဲ့သီးနှံတွေကတော့ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေမှာ အသုံးပြုနိုင်ပါတယ်။

    အကျိုးရှိနိုင်တဲ့ အချက်ကတော့ အပင်တွေ ကြီးထွားသန်မာစေတယ်။ အသီး၊ အပွင့် အားကောင်းစေတယ်။ အသီး၊ အပွင့်၊ အရွက်တွေ အရည်အသွေးကောင်းမွန်စေတယ်။ ဓာတုဓာတ်ကြွင်း လုံးဝမရှိစေရပါ။ အသုံးပြုရမယ့်အချိန်နဲ့ အကြိမ်ကတော့ အပင်ကြီးထွားချိန်မှာ သုံးကြိမ်၊ အပွင့်၊ အဖူးဝင်ချိန်မှာ နှစ်ကြိမ်၊ သီးကင်းဝင်ချိန်မှာ နှစ်ကြိမ် ဖျန်းပေးဖို့လိုပါတယ်။ အထက်ပါ ဇီဝနည်းလမ်းနှစ်သွယ်ကတော့ ရေဆင်းစိုက်ပျိုးရေး သုတေသန ဦးစီးဌာနက သုတေသနပြု စမ်းသပ်ထုတ်လုပ်ထားတဲ့နည်း ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာသာ အသုံးပြုလိုက်ကြပါ။

    သီးနှံတွေ အထွက်တိုးလို့ အရည်အသွေးကောင်းပြီး ဓာတုဓာတ်ကြွင်းမပါလို့ အကျိုးကျေးဇူးများလှပါတယ်။

    အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
11
comments
3
views
2435