ခရမ်းတွင် အဓိကကျရောက်တတ်သောဖျက်ပိုးများ
- (၁) ခရမ်းခေါင်ညွန့်ထိုးပိုး - ခရမ်းစိုက်ခင်းတွင် ရာသီမရွေးကျရောက်တတ်ပြီး ပူအိုက်စိုစွတ်သော မေလ-စက်တင်ဘာလအပိုင်းအခြားတွင် ကျရောက်မှုပိုများတတ်သည်။
- လောက်ကောင်အဆင့် ၅ ဆင့်လုံးတွင်ဖျက်ဆီးနိုင်ပြီး၊ လောက်ကောင်သက်တမ်းသည် နွေရာသီတွင် ၂ ပတ်ခန့်၊ မိုးနှင့်ဆောင်း (အပူချိန်လျော့ချိန်တွင်) ၃ပတ်ထိကြာတတ်သည်။
- လောက်ကောင်သက်တမ်းကြာသည်နှင့်အမျှ သီးနှံကိုဖျက်ဆီးနိုင်သောကာလပိုကြာသည်။
- အကောင်ကြီးအဆင့်- အပင်အညွန့်၊ အရွက်နုများ၏အောက်မျက်နှာပြင်၊ ရိုးတံအခြေနှင့် အဖူးတံအခြေတို့တွင် တစ်လုံးချင်းစီ ဥအုသည်။
- လောက်ကောင်အဆင့် ၁-၃ သည် အပင်အညွန့်ပိုင်း၊ နုနယ်သောပင်စည်အစိတ်အပိုင်း၊ ရိုးတံများတွင်း ဝင်ရောက်စားသောက်ဖျက်ဆီးသည်။
- လောက်ကောင်အဆင့် ၄ - သီးကင်းဝင်စခရမ်းသီးထဲသို့ ဝင်ရောက်စားသောက်သည်။
- လက္ခဏာအနေဖြင့် ညှိုးနေသောအညွန့်ပိုင်းကို အဓိကတွေ့ရသည်။ အပင်ကို ဒေါင်လိုက်ခွဲကြည့်ပါက အစာရေကြောစည်းပျက်စီးနေပြီး တစ်ခါတစ်ရံလောက်ကောင် (သို့မဟုတ်) လောက်ကောင်၏အညစ်အကြေးများကိုတွေ့ရသည်။
- ဖျက်ပိုးပွားများမှုသည် ရာသီဥတုပေါ်မမူတည်ဘဲ တစ်နှစ်ပတ်လုံးပွားများနိုင်သည်။
 - ကာကွယ်နှိမ်နင်းနည်း - ပိုးကျ၍ ညှိုးခြောက်နေသောခေါင်ညွန့်ကို ခြောက်နေသည့်ရိုးတံအဆုံးမှ ကပ်၍ဖြတ်ပါ။
- စိုက်ခင်းတွင် အရွက်ခြောက်များ၊ ပေါင်းမြက်၊ အမှိုက်များကိုရှင်းလင်းပေးပါ။
- စိုက်ချိန်ကိုချိန်ဆပါ။
- ခရမ်းမျိုးရင်းမဟုတ်သော သီးနှံများဖြင့်သီးလှည့်စိုက်ပါ။
- တမာပိုးသတ်ဆေး- စိုက်ခင်း ၂ပတ်သားမှစတင်ပြီး ၁၀ ရက်ခြားအသုံးပြုခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။
- မြေခံပိုးသတ်ဆေး - Fipronil
- အသီးကင်းဝင်ချိန်- Thiodicarb, Flubendiamide တစ်ကြိမ်ကြိုတင်သုံးနိုင်သည်။
- အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ - Profenofos, Lambda cyhalothrin, Chlorantraniliprole, Indoxacarb, Emamectin benzoate
 - (၂) မွှားပင့်ကူ - အရွက်အောက်မျက်နှာပြင်တွင်နေထိုင်ပြီး ပင်ရည်ကိုစုပ်ယူစားသုံးသောကြောင့် အရွက်အပေါ်မျက်နှာပြင်တွင် သေးငယ်သောအစက်အပြောက်လက္ခဏာများကို တွေ့ရတတ်သည်။
- မွှားပင့်ကူသည် အပူချိန်မြင့်ပြီးခြောက်သွေ့တဲ့ရာသီဥတုကိုနှစ်သက်ပြီး ဆိုးရွားစွာကျရောက်ပါက အရွက်များအဝါရောင်ပြောင်းသွားကာ ခြောက်ပြီး ကြွေကျသွားသည်။
 - ကာကွယ်နှိမ်နင်းနည်း - စိုက်ခင်းအစိုဓာတ်မပြတ်အောင် ဂရုပြုပါ။
- ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို သေချာရှင်းပေးပါ။
- အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ - Abamectin, Cyrantraniliprole, Spirotetramat အဆင်ပြေရာသုံးနိုင်ပါတယ်။
 - (၃) ပျ - ဥမှပေါက်ခါစအကောင်ငယ်များနှင့် အရွယ်ရောက်ကောင်များသည် အရွက်၊ ကိုင်းများမှ အပင်ရည်များကို အဓိကစုပ်ယူ စားသောက်ကြသည်။
- အရွက်အောက်မျက်နှာပြင်နှင့် ပင်စည်တစ်လျှောက် အစုလိုက် နေထိုင်ဖျက်ဆီးသောကြောင့် အရွက်အပေါ်မျက်နှာပြင်တွင် အဝါရောင် ရောင်မညီကွက်ကြားများဖြစ်ခြင်း၊ တွန့်ခြင်း၊ ခြောက်ခြင်းကိုတွေ့ရသည်။
- Honeydew ထုတ်နိုင်သောကြောင့် ပုရွက်ဆိတ်များလာရောက်တတ်သည်။
- ဆိုးရွားစွာကျရောက်ပါက အပင်ဖြစ်ထွန်းမှုကိုထိခိုက်စေပြီး အပင်ပုသွားသည်။
 - ကာကွယ်နှိမ်နင်းနည်း - ပျကျနေသော ကိုင်းများ၊အပင်များကိုဖယ်ရှားရှင်းလင်းပါ။
- တမာဆီကိုကြိုတင်ပက်ဖျန်းပြီး ကာကွယ်နိုင်သည်။
- စိုက်ခင်းလေဝင်လေထွက်ကောင်းအောင်ဆောင်ရွက်ပါ။
- အပင်ခြေပေါင်းမြက်များရှင်းလင်းပေးပါ။
- နိုက်ထရိုဂျင်ရွက်ဖျန်း၊မြေဩဇာကို အလွန်အကျွံမသုံးပါနဲ့။
- အသုံးပြုနိုင်သော ဓာတုဆေးများ- Acetamiprid, Fipronil, Thiamethoxam, Fenoxycarb, Ethiprole, Spirotetramat
 - (၄) ကျိုင်း - သားလောင်းအဆင့်ပိုးကောင်များနှင့် အရွယ်ရောက်ကောင်များသည် အရွက်များကို အပေါ်ဘက်မှ စတင်ခြစ်စားပြီး နောက်ဆုံးအရိုးတံများသာ ကျန်ပြီး ခြောက်သွေ့သွားသည်။
- အပင်အဆင့်တိုင်းတွင် ကျရောက်ဖျက်ဆီးနိုင်စွမ်းရှိပြီး အရွက်များပေါ်တွင် ပိုးချေးများကိုလည်း အလွယ်တကူတွေ့နိုင်ပါသည်။
 - ကာကွယ်နှိမ်နင်းခြင်း - စိုက်ခင်းတွင်း ပေါင်းမြက်ရှင်းပေးပါ။
- စိုက်ခင်းစိုထိုင်းဆကို ချိန်ညှိပေးပါ။
- အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ- Cypermethrin, Acetamiprid
 - (၅) ဖြုတ်စိမ်း - အရွက်အောက်မျက်နှာပြင်တွင်ခိုကပ်နေပြီး ပင်ရည်ကိုစုပ်စားသည်။
- လက္ခဏာအနေဖြင့် အရွက်အနားသတ်များတွင် အဝါရောင်အစက်အပြောက်များ စတင်ပေါ်လာပြီး ဆိုးရွားစွာကျပါက မီးလောင်ထားသကဲ့သို့ အညိုရောင်ပြောင်းပြီး ခြောက်သွေ့သွားသည်။
- ၎င်းအပြင် အရွက်တွန့်လိမ်ခြင်း၊ ရောင်မညီကွက်ကြားဖြစ်သည့် Eggplant mottled dwarf virus (EMDV) လက္ခဏာကိုလည်းတွေ့ရသည်။
 - ကာကွယ်နှိမ်နင်းနည်း - စုပ်စားပိုးများကျရောက်ပါက နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး၊ မြေဩဇာများ အလွန်အကျွံမသုံးစွဲသင့်ပါ။
- စိုက်ခင်းတွင်းလေဝင်လေထွက်ကောင်းစေရန် ပေါင်းများရှင်းပေးပါ။
- ပင်ကြားစိပ်စိပ်မစိုက်ပါနဲ့။
- အသုံးပြုနိုင်သောဓာတုဆေးများ- Acetamiprid, Thiacloprid, Pymetrozine+ Nitenpyram, Dinotefuran
 - (၆) ယင်ဖြူ - ပင်ရည်ကိုစုပ်စားသောဖျက်ပိုးဖြစ်ပြီး လက္ခဏာအနေဖြင့် အရွက်ပေါ်တွင် ရောင်မညီကွက်ကြားဖြစ်နေသည်ကိုတွေ့ရသည်။
- အပူချိန်မြင့်ပြီး စိုက်ခင်းစိုထိုင်းဆများသောအခြေအနေတွင် အဓိကပွားများနှုန်းမြန်သည်။
- ဖျက်ပိုးများကို အဓိကအားဖြင့်အရွက်အောက်မျက်နှာပြင်တွင်တွေ့ရပြီး ဥကိုလည်း အရွက်မျက်နှာပြင်တွင် အုကြသည်။
- Yellow Mosaic Virus (YMV) ရောဂါကိုလည်း အဓိကသယ်ဆောင်ပြန့်နှံ့နိုင်သည်။
 - ကာကွယ်နှိမ်နင်းနည်း - ပင်ခြေကပေါင်းမြက်တွေကို ရှင်းပေးပါ။
- နိုက်ထရိုဂျင်ရွက်ဖျန်း၊မြေသြဇာများကို အလွန်အကျွံမသုံးပါနဲ့။
- စိုက်ခင်းစိုထိုင်းဆကို လျှော့ချပါ။
- အသုံးပြုနိုင်သော ဓာတုပိုးသတ်ဆေးများ- Pymetrozine+ Nintepyram, Acetamiprid+ Lambda-cyhalothrin, Fipronil, Thiamethoxam, Chlorfenapyr, Pyriproxyfen
 - အိမ့်ဖြိုး - '✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 
 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
