cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

လျှာယားမှာစိုးရိမ်ပြီး နာနတ်သီးမစားသုံးကြသူများ ဖတ်စေချင်.....

. Health Articles
နာနတ်သီးစားရင် လျှာယားတတ်တာ ဘာကြောင့်လဲ..ဆိုတော့ နာနတ်သီးမှာပါဝင်တဲ့ အစာချေအင်ဇိုင်း တစ်မျိုးဖြစ်တဲ့ ဘရိုမီလင်အင်ဇိုင်းကြောင့်ယားယံရခြင်းဖြစ်ပါတယ်။ ဘရိုမီလင်အလဂျစ်ရှိသူ မဟုတ်ပါက ၎င်းအင်ဇိုင်းမှာ စိုးရိမ်စရာမလိုတဲ့ အင်ဇိုင်းဖြစ်ပါတယ်။
  • မယားယံစေရန် ဆားဖြစ်ပွတ်ဆေးခြင်း၊ ရေခဲစိမ်ခြင်း၊ အပူပေးခြင်းစတဲ့ နည်းလမ်းတွေသုံးပြီး စားသုံးလို့ ရပါတယ်။ အဘယ်ကြောင့်ဆိုသော် နာနတ်သီးကို ပုံမှန်စားပေးခြင်းဖြင့်  နာနတ်သီးအတွင်းရှိ ဘရိုမီလင်အင်ဇိုင်းမှာ အူလမ်းကြောင်းမှာရှိတဲ့ သန်ကောင်၊ တုတ်ကောင်တွေ ဖယ်ရှားပေးနိုင်ပါတယ်။  

    ဘရိုမီလင် အင်ဇိုင်းက နှာခေါင်းတွင်း လေအိတ်ရောင်ရမ်းတာမဖြစ်အောင် ကာကွယ်ပေးတဲ့ အပြင် လည်ချောင်းနာတာ၊ ဂေါက်ရောဂါနဲ့  တခြားရောင်ရမ်းမှုတွေမဖြစ်အောင်လည်း တားဆီးပေး နိုင်ပါတယ်။ နာနတ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီ နှင့် ဘရိုမီလင်အင်ဇိုင်း တို့က ဓာတ်တိုး ဆန့်ကျင်အာနိသင်နဲ့ ရောင်ရမ်းမှုကို လျော့နည်းစေတဲ့  အာနိသင်ရှိပါတယ်။ ဦးရေပြားပိုးဝင်ရောက်မှုကို တားဆီးပေးလို့   ဆံပင်ကျွတ်တာ၊ ဆံပင်ကျဲတာ၊  ဆံပင်အဖျားနှစ်ခွဖြစ်တာ ကာကွယ်ပေးပြီး ဆံပင်ထူစေနိုင်ပါတယ်။  

    နာနတ်သီးမှာ မဂ္ဂနီစီယမ်ကြွယ်ဝစွာပါဝင်လို့ အရိုးနဲ့တွယ်ဆက် တစ်သျှူးတွေကို သန်မာ စေပါတယ်။ နာနတ်သီးဖျော်ရည်တစ်ခွက်ကနေ  တစ်နေ့တာလိုအပ်တဲ့ မဂ္ဂနီစီယမ်ပမာဏရဲ့ ၇၃ ရာခိုင်နှုန်းခန့် ရရှိနိုင်သောကြောင့် အရိုးတွေကို သန်မာစေတယ်။  ပျို့အန်တာ သက်သာစေတယ်။ နာနတ်သီးဖျော်ရည်ကို ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ ပျို့အန်ချင်တာနဲ့ ခရီးသွားလို့မူးမော်ပြီး ပျို့အန်ချင်တာတွေအတွက် သောက်သုံးနိုင်ပါတယ်။ နာနတ်သီးက  သွားဖုံးတွေကို  ကျန်းမာ စေပြီး  သွားဖုံးရောဂါတွေဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။ သွားဖုံးတွေ ကျန်းမာတာကြောင့် သွားတွေပျက်စီးဆုံးရှုံးမှုဖြစ်နိုင်ခြေနည်းစေတယ်။ 

    ဝက်ခြံကုသဖို့   နာနတ်သီးကိုစားသုံးတာ ဖြစ်စေ၊ အရေပြားပေါ် တိုက်ရိုက်လိမ်းတာဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင်အင်ဇိုင်းက ရောင်ရမ်း မှုတွေကိုလျော့နည်းစေပြီး ဗီတာမင်စီက အနာကျက်မြန်စေပါတယ်။ နာနတ်သီးထဲမှာ ဘီတာကယ်ရိုတင်းပါဝင်လို့ အမြင်အာရုံ ကောင်းမွန်စေတဲ့အပြင် မျက်စိကျန်းမာ ရေးကို ပိုမိုကောင်းမွန်စေပါတယ်။  

    နာနတ်သီးက အရေပြားကိုတင်းရင်းစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုအားကောင်း ပါတယ်။ ကော်လာဂျင်ထုတ်လုပ်မှုကောင်း တာကြောင့်  အရေပြားကျုံ့ဆန့်နိုင်စွမ်း ကိုကောင်းမွန်စေတယ်။ အမိုင်နိုအက်စစ် နဲ့  ဗီတာမင်တွေပါဝင်လို့   အရေပြားကိုအားဖြည့်ပေးပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုအားပေးတယ်။     

    နာနတ်သီးထဲမှာ အင်တီအောက်စီးဒင့်တွေပါဝင်တာကြောင့် ဓာတ်တိုးပစ္စည်းတွေကို ဆန့်ကျင် တိုက်ထုတ်ပေးပါတယ်။   ဆဲလ်တွေပျက်စီးမှုကနေ ကာကွယ်ပေးတဲ့အပြင်   ကင်ဆာရောဂါ ဖြစ်ပွားမှု ကနေ ကာကွယ်ပေးပါတယ်။ 

    ခန္ဓာကိုယ်မှာ ဗီတာမင်အေနှင့် ဗီတာမင်ဘီချို့တဲ့လာရင် လက်သည်း၊ ခြေသည်းတွေ ခြောက်ပြီး ကွဲအက်နိုင်ပါတယ်။ နာနတ်သီးစားသုံးတာအပြင် လက်သည်း၊ ခြေသည်းတွေပေါ် လိမ်းပေးတာကလည်း ပိုးဝင်တာကိုဖယ်ရှားနိုင်ပြီး  လက်သည်း၊  ခြေသည်းတွေကို ပိုမိုသန်မာ စေပါတယ်။ ထို့အပြင်နာနတ်သီးမှာပါဝင်တဲ့ အင်တီအောက်စီးဒင့်တွေက ဓာတ်တိုးပစ္စည်းတွေနဲ့ သွေးအတွင်းရှိ မကောင်းတဲ့ ကိုလက်စထရောအဆီတွေကို ဖယ်ရှားပေးလို့ နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်ပေး နိုင်ပါတယ်။ 

    ထိုကဲ့သို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပါဝင်တဲ့ နာနတ်သီးကို လျှာယား တတ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကြောင့် မစားသုံးကြသူများအတွက် ဤဆောင်းပါးလေးကို ဖတ်ရှုပြီး ဗဟုသုတများရရှိစေရန် ရည်ရွယ်ကာ ကူးယူးဖော်ပြလိုက်ရပါတယ်။ 

    မြဝတီဆောင်းပါးမှ ကူးယူဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
11
comments
0
views
2101