တစောင်းခါးစားရင် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်တယ်ဆိုတာသိပြီးပြီလား
- ယုခုလို သြဂုတ်လမှာ တစောင်းခါး တွေ ပေါပေါများများ တွေ့ရပါတယ်။ တစောင်းခါးလေးတွေကို အမြစ်ကိုဖယ် ပင်စည်ကို ရေစင်အောင်ဆေး၊ အပင်လေးတွေ အလော်တော်ဖြတ်၊ စဉ့်နီတုံးပေါ်တင်။ ပြီးရင် ဒါးပြားကြီးကြီးနဲ့ခတ်ပြားပြားလေးဖြစ်အောင် ရိုက်ချရတယ် ၊ အရောင်မည်း မသွားရအောင် ဆားရည်ထဲ ခဏလေးစိမ်ထား ရတာကလည်း ပညာဘဲ ၊ ကြက်သွန်ဖြူနည်းနည်းကို ဆီသပ်ထား နနွင်း နဲ့ အရောင်တင်မှုံ့ သင့်ရုံသုံး ၊ သူနဲ့ အလိုက်ဖက်ဆုံးက ပုဇွန်ခြောက် ဘဲ (ကိုယ့် အကြိုက်ပြောတာနော်) ။ ပုဇွန်ခြောက်လေးကို ညက်ညက်လေးထောင်း၊ ပင်စည်ပြားပြားလေးနဲ့ ၂ ခုကို ရောပြီးကြော်စားလိုက်ရင် အရသာက ချဉ်ခါးသက်သက်လေးမို့ ဆွေမျိုးမေ့လောက်သည်။ ကြိုက်တတ်ရင် အသား တမျိုးမျိုးနဲ့လည်း ရောချက်စားလို့လည်းရသည်။ - အခုဆို သဘာ၀ ပိန်ဆေး အနေ နဲ့ တစောင်းခါး ကိုစားနေကြပါပြီ။ သူက သွေးထဲက ကိုလက်စထရောကို ကျစေပါသည်။ အဆီကျပြီး အသားကို ကျစ်စေပါသည်၊ များများစားရင် တုတ်နေသော ခါးလေးသွယ်လျပြီး လှလာမှာပါ။ - ဆေးဖက်၀င်ပုံ - တစောင်းခါးက ကိုလက်စထရော ကျစေလို နှလုံးသွေး ကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်။ အမျှင်ဓါတ် fibers ပါသောကြောင့် အသက်အရွယ်ကြောင့် သွေးကြောများမာကြောပြီး ကိုယ်အင်္ဂါကိုက်ခဲနာကျင်သောရောဂါကိုလည်း ကာကွယ်နိုင်သည်။ အဝလွန်သူများတွက် ပိန်ဆေးအဖြစ်စားသုံးနိုင်သည်။ ဆီးချိုရောဂါသည်များ ဆီးချိုကျစေသော စားစရာ အဖြစ်စားနိုင်သည်။ လိပ်ခေါင်းရောဂါ သက်သာစေသည်။ တစောင်းခါးစားသုံးခြင်းဖြင့် ဆာလောင်ခြင်း နှင့် ရေငတ်ခြင်းတို့ကိုတာရှည်ထိမ်းထားနိုင်သည်။ - https://www.facebook.com/share/p/1VvHcqqwaC/ - ---------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
