ငါးမှုန်နှင့်ငါးသန်သားပေါက်များ ကန်အတွင်းထည့်သွင်းပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းများ
- ငါးမှုန်သားပေါက် ဖြစ်စေ၊ ငါးသန်သားပေါက်ဖြစ်စေ ကန်အတွင်း ထည့်သွင်းပြီးပါက ဖြည့်စွက် စာကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါသည်။ ကန်အတွင်း သဘာဝအစာ ရှိသော်လည်း ကြီးထွားနှုန်းမြန် စေရန် ဖြည့်စွက်စာကို အောက်ပါအတိုင်း ကျွေးပေးရပါမည်။ အစာကျွေးရာတွင် တစ်နေ့လျှင် အနည်းဆုံး (၃) (၄)ကြိမ်ကျွေးပေးရန် လိုအပ်ပါသည်။ - ငါးသန်သားပေါက်များထည့်ပြီးပါက တပတ်လျှင် တကြိမ်ခန့် ကန်အတွင်းသို့ မြေဩဇာထည့်သွင်း ခြင်းကို ဆောင်ရွက်ရပါမည်။ သို့မှသာ ကန်အတွင်း ရေဩဇာ အမြဲ ကောင်းမွန်ရှင်သန်နေပါမည်။ ထည့်သွင်းရမည့်နှုန်းမှာ တဧကလျှင် ပုလဲ (၅)ပိဿာနှင့် တီစူပါ (၃)ပိဿာဖြစ်ပါသည်။ - ငါးသန်များကိုမရောင်းမှီ ၂ရက် ၃ရက်အကြာတွင် ၂ကြိမ်မှ ၃ကြိမ်အထိအောက်ပါအတိုင်း ပြုလုပ် ပေးခြင်းဖြင့် ပတ်ဝန်းကျင်နှင့်နေသားကျခြင်း (သို့မဟုတ်)ကျင့်သားရပါမည်။ နေ့စဉ်ငါးသားပေါက်များကို ပိုက်ဆွဲပြီး ငါးများစုမိသောအခါ မိနစ် ၂၀-၃၀ ခန့် ရေဖျန်းပြီး ပြန်လွှတ်ပေးရမည်။ ၄င်းအတိုင်း နေ့စဉ် တကြိမ်စီနှင့် ၂ရက် ၃ရက်လုပ်ပေးရပါမည်။ ပဲဖတ်နှမ်းဖတ်ကျွေးရာတွင် တဧကလျှင် ၁၂ပိဿာခန့် ကျွေးရပါမည်။ ငါးသန်များ ရောင်ချလိုပါက မရောင်းချမှီ (၂၄)နာရီကြိုတင်ပြီး အစာဖြတ်ထားရပါမည်။ - ငါးသားပေါက်ရောင်းချမည်ဆိုပါက၊ ငါးသားပေါက်များ ရွှံ့မပေစေရန် ငါးဖမ်းပိုက်သည် ပါးလွှာသော သီးသန့်ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးရပါမည်။ ဖမ်းဆီးပြီးနောက် ကန်ထဲတွင် သီးသန့်ထားသော ပိုက်ကာထား သည့် နေရာတွင် (၄-၅)နာရီကြာ အသားကျစေရန်ထားရှိရပါမည်။ ထိုအချိန်တွင် ငါးများမစင်စွန့်ခြင်းကြောင့် ငါးများ၏ အစာအိမ်တွင် အစာမရှိနိုင်ပါ၊ အဆိုပါအခြေအနေတွင် ငါးများသယ်ယူရာတွင် အခက်အခဲမရှိ နိုင်ကြောင်းတွေ့ရှိရပါသည်။ - ငါးသားပေါက်များ ခရီးဝေးသယ်ယူရမည်ဆိုပါက ငါးမဖမ်းမှီ ပထမနေ့တွင် ကန်အတွင်းသို့ တဧက လျှင် ထုံး(၁၀)ပိဿာ ထည့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ - ဦးဆန်းအောင် - ထွက်တိုး - မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
