cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စပါးပင်ဘက်တီးရီးယားရွက်ခြောက်ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းနည်း

. Pests Management
ဦးကြီးတို့ရဲ့ စပါးခင်းထဲမှာ ဘတ်တီးရီးယားရွက်ခြောက်ရောဂါကျခဲ့ရင် ဘယ်လိုခွဲခြားပြီး သိကြပါသလဲ? ဦးကြီးတို့အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
  • ပုံမှန်အားဖြင့်တော့ စပါးပင်ငယ်စဉ်မှာဆိုရင် စပါးရွက်ရဲ့ ရွက်ဖျား၊ ရွက်နားလေးတွေမှာ ရေစိုနာဖြစ်နေတာကို တွေ့ရမှာပါ။

    ပြီးရင်တော့ စပါးရွက်တွေ ခြောက်ပြီးတော့ ညှိုးသေတာကို တွေ့ရပါမယ်။

    ပင်ပိုင်းကြီးထွားချိန်ရောက်ရင်တော့ အရွက်တွေခြောက်လာတာကိုတွေ့ရမှာဖြစ်ပြီး သိသာစေတဲ့ အချက်ကတော့ အရွက်ရဲ့အတွင်းပိုင်းမှာ လိုင်းတွန့်ပုံသဏ္ဍာန်ကိုတွေ့မြင်ရပါတယ်။ နံနက်ခင်းစောစော နှင်းကျချိန်တွေမှာ ဘက်တီးရီးယားတွေဟာ စိမ့်ထုတ်ရည်ထုတ်လေ့ရှိတာမို့ နေပွင့်လာရင် အရွက်ပေါ်မှာ ပုလဲလုံးလေးလို မြင်တွေ့ရတတ်ပါတယ်။

    ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ရောဂါဖြစ်တာမို့ ဘက်တီးရီးယားရွက်ခြောက်ရောဂါ (Bacterial Leaf Blight – BLB) လို့ခေါ်ကြတာ ဖြစ်ပါတယ်။ များသောအားဖြင့် အပင်ကြီးထွားချိန်မှာ စတင်ဖြစ်ပေါ်လေ့ရှိပြီးတော့ စပါးအနှံထွက်ချိန်၊ ရင့်မှည့်ချိန်တွေထိ ရောဂါပြင်းထန်လေ့ရှိပါတယ်။

    ဘက်တီးရီးယားရွက်ခြောက်ရောဂါဟာ ရောဂါဒဏ်မခံနိုင်တဲ့ စပါးမျိုးတွေစိုက်လို့ လည်း ဖြစ်နိုင်ပါတယ်။

    နောက်ပြီး စပါးပင်တွေစိပ်လွန်းရင်လည်း ရောဂါကျရောက်နိုင်ပါတယ်။ မိုးစပါးမှာဆိုရင် လေပြင်းတိုက်ခတ်တဲ့အခါ မှာ စပါးပင်တွေအချင်းချင်း ပွတ်တိုက်ရာ ကနေ ဖြစ်လာတဲ့ ဒဏ်ရာတွေကနေတစ်ဆင့် ဘက်တီးရီးယားများ ဝင်ရောက်ပြီးတော့ ရောဂါဝင်နိုင်ပါတယ်။

    စပါးဆက်တိုက်စိုက်တဲ့ လယ်မြေတွေမှာဆိုရင် ရောဂါကျရောက်နိုင်ခြေ ပိုများပါတယ်။ စပါးခင်းရေကြီးခြင်း၊ ရေလွှမ်းခံရခြင်းတို့မှလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

    နောက်ပြီးတော့ အာဟာရ ဓါတ်မျှတစွာမရရှိတဲ့စိုက်ခင်းနဲ့ နိုက်ထရိုဂျင်ဓါတ်မြေဩဇာ လွန်ကဲစွာအသုံးပြုတဲ့ စိုက်ခင်းတွေမှာလည်း ရောဂါဖြစ်နိုင်ခြေများပါတယ်။

    ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းများ အနေနဲ့ကတော့

    (၁) ရောဂါဒဏ်ခံနိုင်သောမျိုး၊ရောဂါကင်းသောမျိုးကိုအသုံးပြုပါ

    (၂) မြေခံတွင် ပိုတက်ချ်နှင့် တီစူပါကိုထည့်ပေးပါ။

    (၃) အာဟာရမျှတစွာကျွေးပါ၊ နိုက်ထရိုဂျင်မြေဩဇာကို အလွန်အကျွံ အသုံးပြုခြင်းမှ ရှောင်ကျဉ်ပါ။

    (၄) ကောက်ပင်များကို စိပ်စိပ်စိုက်ခြင်းမှရှောင်ကျဉ်ပါ

    (၅) ပေါင်းမြက်များကို နှိမ်နင်းပေးပါ

    (၆) ပေါင်းရှင်းချိန်တွင် စပါးပင်များ မထိခိုက်အောင် ဂရုစိုက်ပါ။

    ရောဂါကျရောက်လာပြီဆိုရင်တော့

    (၁) ကော့ပါးအောက်ဆီဂလိုရိုဒ် (Copper oxychloride)

    (၂) ကော့ပါး ဟိုက်ဒရောဆိုဒ် (Copper hydroxide)

    (၃) ကာစူဂါမိုင်စင် (Kasugamycin)

    (၄) ဗစ်မာသီယာဇိုး (Bismerthiazol) စတဲ့ ဆေးအဆိပ်ပါတဲ့ ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း အသုံးပြုပေးနိုင်ပါတယ်။

    Ye Min Han (Htwet Toe)

    ----

    !! ထွက်တိုးစိုက်/မွေး ဆော့ဝဲလ်က VPN မလိုအပ်ပါဘူးနော်။

    ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာအဖြေရှာနည်း - https://htwettoe.com/post/42799

    ထွက်တိုး Telegram - https://t.me/htwettoe

    ထွက်တိုး Youtube - https://www.youtube.com/@HtwetToe

    ထွက်တိုး Tik Tok -https://www.tiktok.com/@htwettoe?is_from_webapp=1...


  • article
likes
15
comments
0
views
2470